iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ရက္လွ်င္ သစ္ၾကားသီး ၁၄ လံုးခန္႔စားေပးျခင္းျဖင့္ ဆီးက်ိတ္ကင္ဆာ၊ ရင္သားကင္ဆာႏွင့္ ႏွလံုးေရာဂါ ျဖစ္ပြားမႈမွ ကင္းေဝးႏုိင္ေၾကာင္း သုေတသနျပဳခ်က္ တစ္ရပ္အရ သိရသည္။ စမ္းသပ္မႈကို ႂကြက္မ်ားတြင္ ျပဳလုပ္ခဲ့ေသာ္လည္း သက္ရွိလူသားမ်ားအတြက္လည္း ဆက္စပ္မႈရွိမည္ကို ယုံၾကည္ရေၾကာင္း ေဖာ္ျပထားသည္။

အဆုတ္ကင္ဆာ ေရာဂါၿပီးလွ်င္ ဆီးက်ိတ္ကင္ဆာ ေရာဂါသည္ ဒုတိယ လူအေသ အေပ်ာက္မ်ားေသာ ေရာဂါျဖစ္ၿပီး တစ္ႏွစ္လွ်င္ ၿဗိတိန္တြင္ လူတစ္ေသာင္းခန္႔ ေသေက်ပ်က္စီးေနကာ သံုးေသာင္းခြဲခန္႔မွ် ေရာဂါစြဲကပ္မႈရွိေနေၾကာင္း သိရသည္။

ဆီးက်ိတ္ကင္ဆာ ေရာဂါျဖစ္ရျခင္းဇာစ္ျမစ္ကို ရွင္းရွင္းလင္းလင္းမသိရေသာ္လည္း အဆီအဆိမ့္မ်ားေသာ အစားအစာ စားသံုးျခင္းႏွင့္ ဆက္ႏႊယ္မႈရွိေနေၾကာင္း သိထားၿပီး ျဖစ္သည္။

ဆီးက်ိတ္ေရာဂါ ရွိေနေသာၾကြက္မ်ားအား ၎တို႔၏ အစားအစာအတြင္း သစ္ၾကားသီးကိုေရာေကြၽးရာ ထိုႂကြက္မ်ားတြင္ ကင္ဆာျဖစ္ေစႏုိင္ေသာ က်ဴမာမ်ား ျဖစ္ထြန္းမႈ ေႏွးေကြးလာသည္ကို ေတြ႕ရွိၾကရေၾကာင္း သိရသည္။

Credit:Mg Mandalay
https://www.facebook.com/mg.mandalay
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ရက်လျှင် သစ်ကြားသီး ၁၄ လုံးခန့်စားပေးခြင်းဖြင့် ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် နှလုံးရောဂါ ဖြစ်ပွားမှုမှ ကင်းဝေးနိုင်ကြောင်း သုတေသနပြုချက် တစ်ရပ်အရ သိရသည်။ စမ်းသပ်မှုကို ကြွက်များတွင် ပြုလုပ်ခဲ့သော်လည်း သက်ရှိလူသားများအတွက်လည်း ဆက်စပ်မှုရှိမည်ကို ယုံကြည်ရကြောင်း ဖော်ပြထားသည်။

အဆုတ်ကင်ဆာ ရောဂါပြီးလျှင် ဆီးကျိတ်ကင်ဆာ ရောဂါသည် ဒုတိယ လူအသေ အပျောက်များသော ရောဂါဖြစ်ပြီး တစ်နှစ်လျှင် ဗြိတိန်တွင် လူတစ်သောင်းခန့် သေကျေပျက်စီးနေကာ သုံးသောင်းခွဲခန့်မျှ ရောဂါစွဲကပ်မှုရှိနေကြောင်း သိရသည်။

ဆီးကျိတ်ကင်ဆာ ရောဂါဖြစ်ရခြင်းဇာစ်မြစ်ကို ရှင်းရှင်းလင်းလင်းမသိရသော်လည်း အဆီအဆိမ့်များသော အစားအစာ စားသုံးခြင်းနှင့် ဆက်နွှယ်မှုရှိနေကြောင်း သိထားပြီး ဖြစ်သည်။

ဆီးကျိတ်ရောဂါ ရှိနေသောကြွက်များအား ၎င်းတို့၏ အစားအစာအတွင်း သစ်ကြားသီးကိုရောကျွေးရာ ထိုကြွက်များတွင် ကင်ဆာဖြစ်စေနိုင်သော ကျူမာများ ဖြစ်ထွန်းမှု နှေးကွေးလာသည်ကို တွေ့ရှိကြရကြောင်း သိရသည်။

Credit:Mg Mandalay
https://www.facebook.com/mg.mandalay
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top