iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အခ်စ္ေရး မေသမခ်ာျဖစ္ေနလား။ ျဖစ္ေနတဲ့အေျခအေနက ဘာလဲ ေျပာျပလို႔မရျဖစ္ေနလား။ အခ်စ္ေရးဆက္ဆံမႈျဖစ္ေစ၊ စီးပြားေရးဆိုင္ရာ ဆက္ဆံမႈျဖစ္ေစ သူ ကုိယ့္ကို အျမတ္ထုတ္ေနေၾကာင္း သိသာေစတဲ့ လကၡဏာေတြက တစ္ပုံစံတည္းပါပဲ။ သင့္ၾကည္ႏူးဖြယ္ အခ်စ္ဇာတ္လမ္းက အားတက္စရာထက္ သိကၡာက်ဂုဏ္ငယ္စရာလုိ႔ ခံစားေနရင္ တစ္ဖက္သတ္အခ်စ္ျဖစ္ေနလား ဆုံးျဖတ္ေပးမယ့္ လကၡဏာ (၅)ခု ရိွပါတယ္။

၁။ အခ်စ္ေရးအေျခအေန မသည္းကဲြျခင္း

ကတိမတည္တာက အထူးသျဖင့္ တဖက္လူ ဘာျဖစ္ခ်င္တယ္ ဒါမွမဟုတ္ သူတုိ႔ုဘာလုပ္ခ်င္လဲဆိုတာ မသိတဲ့အခါ စိတ္တုိစရာေကာင္းပါတယ္။ တဖက္လူနဲ႔ ေတြ႔ဆုံဖုိ႔က သေဘာတူလက္ခံရမယ့္ အခ်က္တစ္ခုပါ။ ဒါေပမယ့္ မပြင့္မလင္း ေဝ့လည္ေၾကာင္ပတ္လုပ္ျပီး တစ္ေယာက္နဲ႔တစ္ေယာက္ အခ်စ္ေရးအေၾကာင္း မေျပာဆို မေဆြးေႏြးခ်င္တာက အျမတ္ထုတ္ခံေနရျခင္းပဲ ျဖစ္ပါတယ္။

၂။ မပြင့္လင္းျခင္း

သင့္စီးပြားဖက္က ပေရာဂ်က္တစ္ခု လုပ္ခ်င္တယ္။ ဒါေပမယ့္ အေသးစိတ္အခ်က္အလက္ ဘာမွမေပးဘူး။ သဲလြန္စရမယ့္ လ်ဳိ႕ဝွက္အနက္ဓိပၸါယ္ေတြ ေဖာ္ထုတ္ဖုိ႔ ၾကိဳးစားရင္း သင္ ၾကိဳးရွည္ရွည္ လွန္ထားခံေနရသလုိ ခံစားရတယ္။ အခ်စ္ေရးမွာလည္း ထို႕အတူပါပဲ။ ကိုယ့္အေပၚပြင့္ပြင့္လင္းလင္း ဘာတစ္ခုမွမရွိရင္ ဘာမွဆက္လုပ္လုိ႕မရပါဘူး။

၃။ သူတုိ႔ကိစၥခ်ည္း ျဖစ္ေနျခင္း

သူတို႔အေၾကာင္း၊ သူတို႔စီးပြားေရး၊ သူတုိ႔လုိအပ္ခ်က္အေၾကာင္းပဲ သူတို႔ေျပာဆိုၾကတယ္။ ဒါေပမယ့္ သင့္အေၾကာင္း မေမးျမန္း သို႔မဟုတ္ ဂရုစိုက္ပုံမရဘူးဆုိရင္ သင့္ဘဝ၊ သင့္အလုပ္ သုိ႔မဟုတ္ သင့္လုိအပ္ခ်က္ေတြအေၾကာင္း သူတုိ႔ဘာတစ္ခုမွွ မသိခ်င္လုိ႕ပါပဲ။

၄။ အလုပ္ပိုၾကိဳးစားျခင္း

ကိုယ္ေရးကိစၥျဖစ္ျဖစ္၊ စီးပြားေရးကိစၥျဖစ္ျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္ဆက္ဆံမႈမွာ အျပန္အလွန္ အေပးအယူ သေဘာတရားလိုအပ္ပါတယ္။ စိတ္မရိွဘူး သုိ႔မဟုတ္ ကုိယ္လုပ္တာ ကုိယ္သေဘာက်တယ္လုိ႔ ကုိယ့္ကိုယ္ကို အယုံသြင္းေကာင္း သြင္းပါလိမ့္မယ္။ တကယ္တမ္း သင္ဟာ အျမဲတမ္းဖုန္းေခၚသူ၊ အစီအစဥ္ဆဲြသူ ဒါမွမဟုတ္ တစ္ဖက္လူကို အကာအကြယ္ေပးသူသာ ျဖစ္ပါတယ္။ သူ႕ဘက္ကေရာ သင့္ျပဳလုပ္သလို အတုံ႔အလွည့္ေရာ ရိွပါသလား။

၅။ မေက်မခ်မ္းျဖစ္ျခင္း

အေပၚက အခ်က္ေတြအားလုံး သတိျပဳမိျပီး အနည္းငယ္ ေဒါသျဖစ္ပါလိမ့္မယ္။ သူတုိ႔ေတာင္းဆုိမႈေတြ လုပ္လာတဲ့အခါ ျပဳသမွ်ႏုေနရသူအေနနဲ႔ မာန္ပါပါေျပာဆုိုမိပါလိမ့္မယ္။ ခံရသူလုိ ေတြးမိတဲ့အခါ အေျခအေနမေကာင္းမွန္ သင္သိလုိက္ရပါျပီ။

Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သင့်အချစ်ရေး မသေမချာဖြစ်နေလား။ ဖြစ်နေတဲ့အခြေအနေက ဘာလဲ ပြောပြလို့မရဖြစ်နေလား။ အချစ်ရေးဆက်ဆံမှုဖြစ်စေ၊ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုဖြစ်စေ သူ ကိုယ့်ကို အမြတ်ထုတ်နေကြောင်း သိသာစေတဲ့ လက္ခဏာတွေက တစ်ပုံစံတည်းပါပဲ။ သင့်ကြည်နူးဖွယ် အချစ်ဇာတ်လမ်းက အားတက်စရာထက် သိက္ခာကျဂုဏ်ငယ်စရာလို့ ခံစားနေရင် တစ်ဖက်သတ်အချစ်ဖြစ်နေလား ဆုံးဖြတ်ပေးမယ့် လက္ခဏာ (၅)ခု ရှိပါတယ်။

၁။ အချစ်ရေးအခြေအနေ မသည်းကွဲခြင်း

ကတိမတည်တာက အထူးသဖြင့် တဖက်လူ ဘာဖြစ်ချင်တယ် ဒါမှမဟုတ် သူတို့ုဘာလုပ်ချင်လဲဆိုတာ မသိတဲ့အခါ စိတ်တိုစရာကောင်းပါတယ်။ တဖက်လူနဲ့ တွေ့ဆုံဖို့က သဘောတူလက်ခံရမယ့် အချက်တစ်ခုပါ။ ဒါပေမယ့် မပွင့်မလင်း ဝေ့လည်ကြောင်ပတ်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အချစ်ရေးအကြောင်း မပြောဆို မဆွေးနွေးချင်တာက အမြတ်ထုတ်ခံနေရခြင်းပဲ ဖြစ်ပါတယ်။

၂။ မပွင့်လင်းခြင်း

သင့်စီးပွားဖက်က ပရောဂျက်တစ်ခု လုပ်ချင်တယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက် ဘာမှမပေးဘူး။ သဲလွန်စရမယ့် လျို့ဝှက်အနက်ဓိပ္ပါယ်တွေ ဖော်ထုတ်ဖို့ ကြိုးစားရင်း သင် ကြိုးရှည်ရှည် လှန်ထားခံနေရသလို ခံစားရတယ်။ အချစ်ရေးမှာလည်း ထို့အတူပါပဲ။ ကိုယ့်အပေါ်ပွင့်ပွင့်လင်းလင်း ဘာတစ်ခုမှမရှိရင် ဘာမှဆက်လုပ်လို့မရပါဘူး။

၃။ သူတို့ကိစ္စချည်း ဖြစ်နေခြင်း

သူတို့အကြောင်း၊ သူတို့စီးပွားရေး၊ သူတို့လိုအပ်ချက်အကြောင်းပဲ သူတို့ပြောဆိုကြတယ်။ ဒါပေမယ့် သင့်အကြောင်း မမေးမြန်း သို့မဟုတ် ဂရုစိုက်ပုံမရဘူးဆိုရင် သင့်ဘဝ၊ သင့်အလုပ် သို့မဟုတ် သင့်လိုအပ်ချက်တွေအကြောင်း သူတို့ဘာတစ်ခုမှှ မသိချင်လို့ပါပဲ။

၄။ အလုပ်ပိုကြိုးစားခြင်း

ကိုယ်ရေးကိစ္စဖြစ်ဖြစ်၊ စီးပွားရေးကိစ္စဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံမှုမှာ အပြန်အလှန် အပေးအယူ သဘောတရားလိုအပ်ပါတယ်။ စိတ်မရှိဘူး သို့မဟုတ် ကိုယ်လုပ်တာ ကိုယ်သဘောကျတယ်လို့ ကိုယ့်ကိုယ်ကို အယုံသွင်းကောင်း သွင်းပါလိမ့်မယ်။ တကယ်တမ်း သင်ဟာ အမြဲတမ်းဖုန်းခေါ်သူ၊ အစီအစဉ်ဆွဲသူ ဒါမှမဟုတ် တစ်ဖက်လူကို အကာအကွယ်ပေးသူသာ ဖြစ်ပါတယ်။ သူ့ဘက်ကရော သင့်ပြုလုပ်သလို အတုံ့အလှည့်ရော ရှိပါသလား။

၅။ မကျေမချမ်းဖြစ်ခြင်း

အပေါ်က အချက်တွေအားလုံး သတိပြုမိပြီး အနည်းငယ် ဒေါသဖြစ်ပါလိမ့်မယ်။ သူတို့တောင်းဆိုမှုတွေ လုပ်လာတဲ့အခါ ပြုသမျှနုနေရသူအနေနဲ့ မာန်ပါပါပြောဆိုမိပါလိမ့်မယ်။ ခံရသူလို တွေးမိတဲ့အခါ အခြေအနေမကောင်းမှန် သင်သိလိုက်ရပါပြီ။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top