iMyanmarHouse.com - Best Property Website for Myanmar
×

Relationship တစ္ခုအဆံုးသတ္သြားေပမယ့္ သင္ကိုယ္တိုင္မွာေရာ သင္ နဲ႔ပတ္သက္ခဲ့တဲ့ရည္းစားေဟာင္းေရာ အျပန္အလွန္သတိရလြမ္းေနတဲ့ အျပဳ အမႈ၊အမူအက်င့္ေတြကေတာ့ က်န္ေနအံုးမွာပါ။သင္နဲ႔ပတ္သတ္ၿပီး ex က လြမ္းေနတဲ့ အရာေတြ(ရာသီခြင္အလိုက္)ရွိပါတယ္။အဲ့ဒါေတြကေတာ့..

 (၁)Aries (မိႆရာသီဖြား – မတ္လ ၂၁ မွ ဧၿပီ ၁၉ )

ဒီရာသီဖြားေတြရဲ႕ ex ကေတာ့ သင္နဲ႔အတူရွိခဲ့စဥ္က သူတို႔ကို ေပ်ာ္ေအာင္ လုပ္ေပးခဲ့တာ၊စိတ္လႈပ္ရွားေအာင္ လုပ္ေပးခဲ့တာေလးေတြကို သတိတရ ရွိေန တံုးပါ။အခုဘယ္ေလာက္ပဲ ေပ်ာ္ေနပါတယ္ေျပာေျပာ သင့္မရွိတဲ့ ပတ္၀န္း က်င္ ဟာသူ႔အတြက္ အထီးက်န္မလားဆိုၿပီး တိတ္တိတ္ေလး စိုးရိမ္ေနစဲပါ။

(၂) Taurus (ၿပိႆရာသီဖြား–ဧၿပီ ၂ဝ မွ ေမ ၂ဝ)

သင္နဲ႔အတူရွိခဲ့စဥ္က ခံစားခဲ့ရတဲ့ လံုၿခံဳေႏြးေထြးမႈမ်ိဳးနဲ႔သင့္ဆီကေနသူရလိုက္တဲ့ အခ်စ္စစ္ဆိုတဲ့ ခံစားခ်က္ကို ေတာင့္တေနမွာပါ။သင့္ဆီကေနရ လိုက္တဲ့ ေႏြးေ ထြးတဲ့ ခံစားခ်က္ေတြကိုေတာ့ သူဘယ္ေတာ့မွေမ့ႏိုင္မွာ မဟုတ္ပါဘူး။

(၃) Gemini (ေမထုန္ရာသီဖြား– ေမ ၂၁ မွ ဇြန္ ၂ဝ )

သင္ရဲ႕ ex ကေတာ့ သင့္ရဲ႕ တမူထူးျခားတဲ့ ဘ၀အေပၚ သေဘာထား အျမင္ေတြကို သတိရေနမွာပါ။ဘယ္အရာကိုမဆို တျခားသူေတြျမင္သလို သမရိုးက်အျမင္မ်ိဳးနဲ႔မဟုတ္ပဲ တမူထူးျခားတဲ့အျမင္နဲ႔ၾကည့္တတ္တဲ့ သင့္ရဲ႕ အမူအက်င့္ကို သတိတရရွိေနမွာပါ။

(၄) Cancer (ကရကဋ္ရာသီဖြား– ဇြန္ ၂၁ မွ ဇူလိုင္ ၂၂)

သင့္ရဲ႕ တစ္ရာရာခိုင္ႏႈန္း တျပားသားမွမေလ်ာ႔ခဲ့တဲ့ အခ်စ္ေတြကို သူဘယ္ေတာ့ မွ ေမ့မွာမဟုတ္ပဲ သတိတရရွိေနမွာပါ။ဒီရာသီဖြားေတြကေတာ့ အခ်စ္တတ္ ဆံုးရာသီဖြားေတြျဖစ္တာေၾကာင့္ သူတို႔နဲ႔ျပတ္တဲ့သူတိုင္းက လမ္းခြဲလိုက္ရေ ပမယ့္ သူတို႔ဆီက ရလိုက္တဲ့ အခ်စ္ကိုေတာ့ အၿမဲတမ္းအသိအ မွတ္ျပဳတတ္ ၾကပါတယ္။

(၅) Leo (သိဟ္ရာသီဖြား– ဇူလိုင္ ၂၃ မွ ၾသဂုတ္၂၂ )

သင့္ရဲ႕အေရးပါမႈ၊သင့္ရဲ႕အျမင္ေတြကို သတိရေနမွာပါ။ကိစၥတစ္ခုကို အၿမဲတမ္း တိက်ေသခ်ာစြာေျဖရွင္းတတ္တာေတြေၾကာင့္ သူတို႔ေပ်ာ္ခဲ့ရတာေတြကို လမ္း ခြဲၿပီးတာေတာင္မွ သတိရေနမွာပါ။သင့္ရဲ႕တန္ဖိုးထားၿပီး ခ်စ္တဲ့ အခ်စ္ေၾကာင့္ သူတို႔ခံစားခဲ့ဖူးတဲ့ ေက်နပ္ေပ်ာ္ရႊင္မႈကိုလည္း သတိရေနမွာပါ။

(၆) virgo (ကန္ရာသီဖြား– ၾသဂုတ္ ၂၃ မွ စက္တင္ဘာ ၂၂)

သင့္ေၾကာင့္သူတို႔ဘ၀ပိုေကာင္းခဲ့ရတာေတြအေပၚ သတိတရရွိေနမွာပါ။ex ဆီကေန အမွတ္ျပည့္ရမယ့္ ရာသီဖြားေတြပါ။သူတိုု႔ကို ယံုၾကည္မႈပိုရွိ လာေအာ င္၊ျပႆနာေတြကို ကိုင္တြယ္ေျဖရွင္းႏိုင္ေအာင္ လုပ္ေပးခဲ့တာေတြအတြက္ သင့္ကို သတိရေနမွာပါ။

(၇) Libra (တူရာသီဖြား– စက္တင္ဘာ ၂၃ မွ ေအာက္တိုဘာ ၂၂)
သူတို႔ကို စိတ္ေအးခ်မ္းေအာင္ လုပ္ေပးခဲ့တာေတြကို သတိရေနမွာပါ။ဒါ့အျပင္ သူတို႔ရဲ႕ social skill ကိုပိုေကာင္းေအာင္ လုပ္ေပးတာ၊သူတို႔ကို သိမ္ငယ္ စိတ္မခံစားရေအာင္ လုပ္ေပးခဲ့တာေတြကို သတိရေနမွာပါ။
(၈) Scorpio (ၿဗိစၧာရာသီဖြား– ေအာက္တိုဘာ ၂၃ မွ ႏို၀င္ဘာ ၂၁)
သင့္ရဲ႕ဘ၀မွာ စိတ္အားထက္သန္စြာေနထိုင္တတ္တဲ့ အက်င့္ကို သတိရေ နမွာပါ။တစ္ခုခုကို လုပ္ေတာ့မယ္ဆိုရင္ စိတ္ေရာ၊ကိုယ္ပါႏွစ္ၿပီး လုပ္တတ္တဲ့ အက်င့္ေတြကို သတိရေနမွာပါ။ဒါ့အျပင္္သင့္ရဲ႕ အထိအေတြ႕ေတြကိုပါ သတိတရရွိေနမွာပါ။

(၉) Sagittarius (ဓႏုရာသီဖြား– ႏိုဝင္ဘာ ၂၂ မွ ဒီဇင္ဘာ ၂၁ )

သင္သူ႔ကို ေပ်ာ္ေအာင္လုပ္ေပးခဲ့တာေတြကိုသတိရေနမွာပါ။ပံုမွန္လုပ္ရိုးလုပ္စဥ္ေတြကေနခြဲထြက္ၿပီး မေရာက္ဖူးတဲ့ေနရာ၊မစားဖူးတဲ့အစားအစာ အစရွိတဲ့ သင္ေပးခဲ့တဲ့ အေတြ႕အႀကံဳေတြကို လြမ္းေနမွာပါ။

(၁ဝ) Capricorn (မကာရရာသီဖြား– ဒီဇင္ဘာ ၂၂ မွ ဇန္နဝါရီ ၁၉)

သင့္ရဲ႕ ex ကေတာ့ သင့္ကိုလက္လႊတ္လိုက္ရလို႔ ေနာင္တရေနသူပါ။ သူတို႔ ရဲ႕လက္တြဲေဖာ္အျဖစ္ ျပန္ေနေပးဖုိ႔ ေတာင့္တေနတာပါ။တည္ၿငိမ္၊တာ၀န္ယူလိုစိတ္၊လံုၿခံဳမႈေပးႏိုင္တဲ့ သင္က သူ႔အတြက္ေတာ့ အေကာင္းဆံုးျဖစ္ၿပီး ဘာနဲ႔မွႏႈိ င္းမရျဖစ္ေန မွာပါ။

(၁၁) Aquarius (ကံုရာသီဖြား– ဇန္နဝါရီ ၂ဝ မွ ေဖေဖာ္ဝါရီ ၁၈)

သင့္ရဲ႕ex ကေတာ့ သင့္ရဲ႕အေလးအနက္ထား တန္ဖိုးထားမႈေတြကိုေတာင့္ တေနမွာပါ။သူ႔အတြက္စိတ္သက္ေသာင့္သက္သာျဖစ္ေအာင္ သင့္ဘက္ ျဖည့္ ဆည္းေပးခဲ့တာေတြကို သူေမ့မွာမဟုတ္ပါဘူး။

(၁၂) Pisces (မိန္ရာသီဖြား– ေဖေဖၚ၀ါရီ ၁၉ မွ မတ္လ ၂ဝ )

သင့္ရဲ႕ ex ကေတာ့ သင့္ရဲ႕တီထြင္စြမ္းအား၊ဘ၀အေပၚျမင္တဲ့ သေဘာထား အျမင္ေတြကိို ေလးစားေနမွာပါ။သင့္ေလာက္ကိုယ္က်ိဳးထက္အမ်ားအက်ိဳးကို ၾကည့္တဲ့ အနစ္နာခံတဲ့သူဆိုတာ မရွိေလာက္ေတာ့ဘူးလို႔ သင့္ရဲ႕ေကာင္း ကြက္ကို သတိတရရွိေနမွာပါ။


Credit : shwemom


 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Relationship တစ်ခုအဆုံးသတ်သွားပေမယ့် သင်ကိုယ်တိုင်မှာရော သင် နဲ့ပတ်သက်ခဲ့တဲ့ရည်းစားဟောင်းရော အပြန်အလှန်သတိရလွမ်းနေတဲ့ အပြု အမှု၊အမူအကျင့်တွေကတော့ ကျန်နေအုံးမှာပါ။သင်နဲ့ပတ်သတ်ပြီး ex က လွမ်းနေတဲ့ အရာတွေ(ရာသီခွင်အလိုက်)ရှိပါတယ်။အဲ့ဒါတွေကတော့..

 (၁)Aries (မိဿရာသီဖွား – မတ်လ ၂၁ မှ ဧပြီ ၁၉ )

ဒီရာသီဖွားတွေရဲ့ ex ကတော့ သင်နဲ့အတူရှိခဲ့စဉ်က သူတို့ကို ပျော်အောင် လုပ်ပေးခဲ့တာ၊စိတ်လှုပ်ရှားအောင် လုပ်ပေးခဲ့တာလေးတွေကို သတိတရ ရှိနေ တုံးပါ။အခုဘယ်လောက်ပဲ ပျော်နေပါတယ်ပြောပြော သင့်မရှိတဲ့ ပတ်ဝန်း ကျင် ဟာသူ့အတွက် အထီးကျန်မလားဆိုပြီး တိတ်တိတ်လေး စိုးရိမ်နေစဲပါ။

(၂) Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ)

သင်နဲ့အတူရှိခဲ့စဉ်က ခံစားခဲ့ရတဲ့ လုံခြုံနွေးထွေးမှုမျိုးနဲ့သင့်ဆီကနေသူရလိုက်တဲ့ အချစ်စစ်ဆိုတဲ့ ခံစားချက်ကို တောင့်တနေမှာပါ။သင့်ဆီကနေရ လိုက်တဲ့ နွေးေ ထွးတဲ့ ခံစားချက်တွေကိုတော့ သူဘယ်တော့မှမေ့နိုင်မှာ မဟုတ်ပါဘူး။

(၃) Gemini (မေထုန်ရာသီဖွား– မေ ၂၁ မှ ဇွန် ၂ဝ )

သင်ရဲ့ ex ကတော့ သင့်ရဲ့ တမူထူးခြားတဲ့ ဘဝအပေါ် သဘောထား အမြင်တွေကို သတိရနေမှာပါ။ဘယ်အရာကိုမဆို တခြားသူတွေမြင်သလို သမရိုးကျအမြင်မျိုးနဲ့မဟုတ်ပဲ တမူထူးခြားတဲ့အမြင်နဲ့ကြည့်တတ်တဲ့ သင့်ရဲ့ အမူအကျင့်ကို သတိတရရှိနေမှာပါ။

(၄) Cancer (ကရကဋ်ရာသီဖွား– ဇွန် ၂၁ မှ ဇူလိုင် ၂၂)

သင့်ရဲ့ တစ်ရာရာခိုင်နှုန်း တပြားသားမှမလျော့ခဲ့တဲ့ အချစ်တွေကို သူဘယ်တော့ မှ မေ့မှာမဟုတ်ပဲ သတိတရရှိနေမှာပါ။ဒီရာသီဖွားတွေကတော့ အချစ်တတ် ဆုံးရာသီဖွားတွေဖြစ်တာကြောင့် သူတို့နဲ့ပြတ်တဲ့သူတိုင်းက လမ်းခွဲလိုက်ရေ ပမယ့် သူတို့ဆီက ရလိုက်တဲ့ အချစ်ကိုတော့ အမြဲတမ်းအသိအ မှတ်ပြုတတ် ကြပါတယ်။

(၅) Leo (သိဟ်ရာသီဖွား– ဇူလိုင် ၂၃ မှ သြဂုတ်၂၂ )

သင့်ရဲ့အရေးပါမှု၊သင့်ရဲ့အမြင်တွေကို သတိရနေမှာပါ။ကိစ္စတစ်ခုကို အမြဲတမ်း တိကျသေချာစွာဖြေရှင်းတတ်တာတွေကြောင့် သူတို့ပျော်ခဲ့ရတာတွေကို လမ်း ခွဲပြီးတာတောင်မှ သတိရနေမှာပါ။သင့်ရဲ့တန်ဖိုးထားပြီး ချစ်တဲ့ အချစ်ကြောင့် သူတို့ခံစားခဲ့ဖူးတဲ့ ကျေနပ်ပျော်ရွှင်မှုကိုလည်း သတိရနေမှာပါ။

(၆) virgo (ကန်ရာသီဖွား– သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂)

သင့်ကြောင့်သူတို့ဘဝပိုကောင်းခဲ့ရတာတွေအပေါ် သတိတရရှိနေမှာပါ။ex ဆီကနေ အမှတ်ပြည့်ရမယ့် ရာသီဖွားတွေပါ။သူတိုု့ကို ယုံကြည်မှုပိုရှိ လာအော င်၊ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်အောင် လုပ်ပေးခဲ့တာတွေအတွက် သင့်ကို သတိရနေမှာပါ။

(၇) Libra (တူရာသီဖွား– စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂)
သူတို့ကို စိတ်အေးချမ်းအောင် လုပ်ပေးခဲ့တာတွေကို သတိရနေမှာပါ။ဒါ့အပြင် သူတို့ရဲ့ social skill ကိုပိုကောင်းအောင် လုပ်ပေးတာ၊သူတို့ကို သိမ်ငယ် စိတ်မခံစားရအောင် လုပ်ပေးခဲ့တာတွေကို သတိရနေမှာပါ။
(၈) Scorpio (ဗြိစ္ဆာရာသီဖွား– အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁)
သင့်ရဲ့ဘဝမှာ စိတ်အားထက်သန်စွာနေထိုင်တတ်တဲ့ အကျင့်ကို သတိရေ နမှာပါ။တစ်ခုခုကို လုပ်တော့မယ်ဆိုရင် စိတ်ရော၊ကိုယ်ပါနှစ်ပြီး လုပ်တတ်တဲ့ အကျင့်တွေကို သတိရနေမှာပါ။ဒါ့အပြင်သင့်ရဲ့ အထိအတွေ့တွေကိုပါ သတိတရရှိနေမှာပါ။

(၉) Sagittarius (ဓနုရာသီဖွား– နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ )

သင်သူ့ကို ပျော်အောင်လုပ်ပေးခဲ့တာတွေကိုသတိရနေမှာပါ။ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကနေခွဲထွက်ပြီး မရောက်ဖူးတဲ့နေရာ၊မစားဖူးတဲ့အစားအစာ အစရှိတဲ့ သင်ပေးခဲ့တဲ့ အတွေ့အကြုံတွေကို လွမ်းနေမှာပါ။

(၁ဝ) Capricorn (မကာရရာသီဖွား– ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉)

သင့်ရဲ့ ex ကတော့ သင့်ကိုလက်လွှတ်လိုက်ရလို့ နောင်တရနေသူပါ။ သူတို့ ရဲ့လက်တွဲဖော်အဖြစ် ပြန်နေပေးဖို့ တောင့်တနေတာပါ။တည်ငြိမ်၊တာဝန်ယူလိုစိတ်၊လုံခြုံမှုပေးနိုင်တဲ့ သင်က သူ့အတွက်တော့ အကောင်းဆုံးဖြစ်ပြီး ဘာနဲ့မှနှို င်းမရဖြစ်နေ မှာပါ။

(၁၁) Aquarius (ကုံရာသီဖွား– ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈)

သင့်ရဲ့ex ကတော့ သင့်ရဲ့အလေးအနက်ထား တန်ဖိုးထားမှုတွေကိုတောင့် တနေမှာပါ။သူ့အတွက်စိတ်သက်သောင့်သက်သာဖြစ်အောင် သင့်ဘက် ဖြည့် ဆည်းပေးခဲ့တာတွေကို သူမေ့မှာမဟုတ်ပါဘူး။

(၁၂) Pisces (မိန်ရာသီဖွား– ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ )

သင့်ရဲ့ ex ကတော့ သင့်ရဲ့တီထွင်စွမ်းအား၊ဘဝအပေါ်မြင်တဲ့ သဘောထား အမြင်တွေကို လေးစားနေမှာပါ။သင့်လောက်ကိုယ်ကျိုးထက်အများအကျိုးကို ကြည့်တဲ့ အနစ်နာခံတဲ့သူဆိုတာ မရှိလောက်တော့ဘူးလို့ သင့်ရဲ့ကောင်း ကွက်ကို သတိတရရှိနေမှာပါ။


Credit : shwemom


 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...








 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top