iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မတို႔ေတာ္ေတာ္မ်ားမ်ား Gymသြားတဲ့အခါ မိတ္ကပ္ခပ္ပါးပါးေလးေတာ့ လိမ္းထားၿပီးမွ သြားၾကမွာပါ။ မ်က္ႏွာကို ဘာမွလိမ္းမထားဘဲ ဒီတိုင္းသြားတဲ့သူဆိုတာ  ရွားပါတယ္။ ဒါေပမယ့္ Gymသြား ရင္ မိတ္ကပ္ေလးနည္းနည္းေလးေတာ့လိမ္းရမွဆိုတဲ့ မမေတြအတြက္ သတိထားရမယ့္အခ်က္ ရွိေနပါတယ္။ အဲဒါကေတာ့ Gym ကစားေနစဥ္ မိတ္ကပ္လိမ္းတာက အသားအေရကို ထိခိုက္ေစတယ္ဆိုတာပါပဲ။

Facialistနဲ႔  aestheticianတစ္ေယာက္လည္းျဖစ္ the British Association of Beauty Therapy and Cosmetology ရဲ႕ အဖြဲ႔၀င္တစ္ေယာကျ္ဖစ္တဲ့  Andy Millward ကလည္း Gymကို ဘယ္ေတာ့မွ မိတ္ကပ္လိမ္းမသြားသင့္ပါဘူးလို႔ အႀကံျပဳထားပါတယ္။ မိတ္ကပ္က အသားအေရထဲကို စိမ့္၀င္သြားေအာင္ ဖန္တီးထားတဲ့ SkinCare Productေတြလို မဟုတ္ပါဘူး။ မိတ္ကပ္ေတြက မ်က္ႏွာအေရျပားေပၚမွာ အျပစ္အနာအဆာကင္းတဲ့ ပံုစံရေအာင္ တင္က်န္ေစဖို႔ ဖန္တီးထားတာပါ။ သင္ေလ့က်င့္ခန္းလုပ္ေနစဥ္အတြင္းမွာ သင္အေနနဲ႔ေရာ သင့္အေရျပားအေနနဲ႔ေရာ ပူၿပီး ေခၽြးထြက္လာႏုိင္ပါတယ္။ အေရျပားပိုေႏြးလာတဲ့အခါ မ်က္ႏွာေပၚမွာ ရွိေနတဲ့ မိတ္ကပ္ေတြကို ပိုစုပ္ယူႏိုင္ၿပီး မိတ္ကပ္ေတြ အေရျပားထဲစိမ့္၀င္လာတဲ့အခါ ေခၽြးေပါက္အတြင္း ပိတ္ဆို႔တာေတြ ျဖစ္လာႏုိင္ပါတယ္။

ဒီလို အညစ္အေၾကးေတြနဲ႔ ပိတ္ေနတဲ့ အေရျပားဆိုတာေကာင္းတဲ့အရာတစ္ခုေတာ့မဟုတ္ပါဘူး။ ေခၽြးေပါက္ေတြ ပိတ္ဆို႔လာရင္ အေရျပားျပႆနာေတြ ျဖစ္လာမွာပါ။ သင့္အေနနဲ႔ Gym ကို မိတ္ကပ္လိမ္းသြားတာက ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရေစေပမယ့္ အခိ်န္ၾကာလာရင္ အသားအေရကို ထိခိုက္ပ်က္စီးေစမွာ အမွန္ပါပဲ။ သင့္မွာ ၀က္ၿခံေတြ၊ အမည္းစက္ေတြရွိေနမယ္ဆိုရင္လည္း မိတ္ကပ္လိမ္းတဲ့အေလ့အထက ပိုၿပီး ဆိုး၀ါးလာေစပါတယ္။

ဒါေၾကာင့္ Gym သြားတဲ့အခါ အိတ္ထဲမွာ မိတ္ကပ္ဖ်က္တဲ့ wipesေတြ၊ မိတ္ကပ္ဖ်က္ေဆးေတြကို အၿမဲေဆာင္ထားသင့္ပါတယ္။ သင့္အေနနဲ႔ Gym မွာ Crush ရွိေနလို႔ မိတ္ကပ္လိမ္းၿပီး ရႈိးထုတ္မယ္ဆိုရင္ေတာင္ ကိုယ့္ရဲ႕ အေရျပားအတြက္ ျပန္ဆန္းစစ္ၿပီး အရွိအတိုင္းေလး ေနၾကည့္လိုက္ေနာ္။ သင့္အသားအေရက သင့္ကို ေက်းဇူးတင္ေနမွာပါ။

Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကျွန်မတို့တော်တော်များများ Gymသွားတဲ့အခါ မိတ်ကပ်ခပ်ပါးပါးလေးတော့ လိမ်းထားပြီးမှ သွားကြမှာပါ။ မျက်နှာကို ဘာမှလိမ်းမထားဘဲ ဒီတိုင်းသွားတဲ့သူဆိုတာ  ရှားပါတယ်။ ဒါပေမယ့် Gymသွား ရင် မိတ်ကပ်လေးနည်းနည်းလေးတော့လိမ်းရမှဆိုတဲ့ မမတွေအတွက် သတိထားရမယ့်အချက် ရှိနေပါတယ်။ အဲဒါကတော့ Gym ကစားနေစဉ် မိတ်ကပ်လိမ်းတာက အသားအရေကို ထိခိုက်စေတယ်ဆိုတာပါပဲ။

Facialistနဲ့  aestheticianတစ်ယောက်လည်းဖြစ် the British Association of Beauty Therapy and Cosmetology ရဲ့ အဖွဲ့ဝင်တစ်ယောြက်ဖစ်တဲ့  Andy Millward ကလည်း Gymကို ဘယ်တော့မှ မိတ်ကပ်လိမ်းမသွားသင့်ပါဘူးလို့ အကြံပြုထားပါတယ်။ မိတ်ကပ်က အသားအရေထဲကို စိမ့်ဝင်သွားအောင် ဖန်တီးထားတဲ့ SkinCare Productတွေလို မဟုတ်ပါဘူး။ မိတ်ကပ်တွေက မျက်နှာအရေပြားပေါ်မှာ အပြစ်အနာအဆာကင်းတဲ့ ပုံစံရအောင် တင်ကျန်စေဖို့ ဖန်တီးထားတာပါ။ သင်လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းမှာ သင်အနေနဲ့ရော သင့်အရေပြားအနေနဲ့ရော ပူပြီး ချွေးထွက်လာနိုင်ပါတယ်။ အရေပြားပိုနွေးလာတဲ့အခါ မျက်နှာပေါ်မှာ ရှိနေတဲ့ မိတ်ကပ်တွေကို ပိုစုပ်ယူနိုင်ပြီး မိတ်ကပ်တွေ အရေပြားထဲစိမ့်ဝင်လာတဲ့အခါ ချွေးပေါက်အတွင်း ပိတ်ဆို့တာတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလို အညစ်အကြေးတွေနဲ့ ပိတ်နေတဲ့ အရေပြားဆိုတာကောင်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ချွေးပေါက်တွေ ပိတ်ဆို့လာရင် အရေပြားပြဿနာတွေ ဖြစ်လာမှာပါ။ သင့်အနေနဲ့ Gym ကို မိတ်ကပ်လိမ်းသွားတာက ကိုယ့်ကိုကိုယ် ယုံကြည်မှုရစေပေမယ့် အချိန်ကြာလာရင် အသားအရေကို ထိခိုက်ပျက်စီးစေမှာ အမှန်ပါပဲ။ သင့်မှာ ဝက်ခြံတွေ၊ အမည်းစက်တွေရှိနေမယ်ဆိုရင်လည်း မိတ်ကပ်လိမ်းတဲ့အလေ့အထက ပိုပြီး ဆိုးဝါးလာစေပါတယ်။

ဒါကြောင့် Gym သွားတဲ့အခါ အိတ်ထဲမှာ မိတ်ကပ်ဖျက်တဲ့ wipesတွေ၊ မိတ်ကပ်ဖျက်ဆေးတွေကို အမြဲဆောင်ထားသင့်ပါတယ်။ သင့်အနေနဲ့ Gym မှာ Crush ရှိနေလို့ မိတ်ကပ်လိမ်းပြီး ရှိုးထုတ်မယ်ဆိုရင်တောင် ကိုယ့်ရဲ့ အရေပြားအတွက် ပြန်ဆန်းစစ်ပြီး အရှိအတိုင်းလေး နေကြည့်လိုက်နော်။ သင့်အသားအရေက သင့်ကို ကျေးဇူးတင်နေမှာပါ။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top