Credit : Trend Myanmar
Unicode Version
နှစ်နဲ့ချီ မတွေ့ဖြစ်တဲ့ သူငယ်ချင်းနဲ့ ညစာ အပြင်ထွက်စားရင်း အမှတ်တရဓာတ်ပုံလေးတွေ ရိုက်ယူထားချင်ပေမယ့် မှိန်ဖျဖျစားသောက်ဆိုင်မီးရောင်တွေကြောင့် အဆင်မပြေဖြစ်တတ်ပါတယ်။ အနီးနားရှိ အရာဝတ္ထုတွေ လင်းလက်သွားစေမယ့် ပညာသားပါတဲ့ iPhone ကင်မရာအထာလေးတစ်ခုက…
iPhone ကင်မရာကို ဖွင့်ပြီး video mode ပြောင်းပါ။ ဓာတ်ပုံရိုက်ဖို့ အသင့်ဖြစ်တဲ့အခါ ဗီဒီယိုရိုက်ကူးနေသလိုမျိုး record ကို နှိပ်ပေးရပါမယ်။ ဒုတိယလုပ်ရမယ့်အချက်က screen ရဲ့ ဘယ်ဘက်အောက်ခြေမှာ ကင်မရာအတွင်း အလင်းပုံရိပ်ဝင်ဖို့ ဖွင့်ပေးတဲ့ ခလုတ် (shutter button) အဖြူလေးတစ်ခု တွေ့ပါလိမ့်မယ်။ ဗီဒီယိုရိုက်ကူးနေတုန်း တစ်ချိန်တည်းမှာပဲ အသက်ဝင်ပြီး ပိုမိလင်းလက်တဲ့ ဓာတ်ပုံရိုက်ကူးဖို့ အဲဒီခလုတ်ကို နှိပ်ရပါမယ်။
ဗီဒီယိုမှာ တွေ့ရတဲ့ HD ရုပ်ထွက်ဓာတ်ပုံကွာလတီက ဖုန်းရဲ့ ပုံမှန်ကင်မရာထက် အလင်းပိုမိုရရှိစေပါတယ်။ တကယ်တမ်း video mode သို့ ပြောင်းလိုက်တဲ့ ဒုတိယလုပ်ဆောင်ချက်မှာ screen သိသိသာသာ လင်းထွက်လာတာ တွေ့မြင်ရပါလိမ့်မယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...