iMyanmarHouse.com - Best Property Website for Myanmar
×




Credit: Trend Myanmar



Unicode Version

Katy Perry ဟာ သူမရဲ့စိတ်ရင်းရိုးသားပွင့်လင်းမှုနဲ့ စိတ်စေတနာကောင်းရှိမှုတို့အတွက် လူသိများခဲ့သူမို့ လူ့အခွင့်အရေးစည်းရုံး လှုပ်ရှားမှုအဖွဲ့မှ သူမကို အမျိုးသားတန်းတူညီမျှမှုဆု ဂုဏ်ပြုချီးမြှင့်ခံခဲ့ရတာ အံ့သြဖွယ်မရှိပါဘူး။ လော့စ်အိန်ဂျဲလစ်မြို့က အဲဒီအဖွဲ့အစည်းမှ ကြီးမှူးကျင်းပတဲ့ပွဲမှာ ဆုလက်ခံရယူနေစဉ် ၂၀၀၈ ခုနှစ်ရဲ့ "I Kissed a Girl" နဲ့ ကျော်ကြားမှုရရှိခဲ့သူ Perry က သူမရဲ့ ဖိုမကိစ္စဆိုင်ရာ၊ ဘာသာရေးအရကြီးပြင်းလာမှုနဲ့ ပတ်သက်ပြီး ခုလိုဖွင့်ဟသွားခဲ့ပါတယ်။

ကျမဟာ အဆိုတော်နဲ့ တေးရေးတစ်ယောက်သာ ဖြစ်ပါတယ်။ မိမိအကြောင်းအမှန်တရားတွေသာ ကျမပြောတယ်။ ဒီပေါ့ပ်သီချင်းလေးတွေမှာ ကျမရဲ့စိတ်ကူးယဉ်သက်သက်နဲ့သာ ခြယ်သထားပါတယ်။ သာဓကအနေနဲ့ "I kissed a girl and I liked it." ဒါအမှန်ပဲ။ ကျမလုပ်တာ အဲ့ထက်တောင် ပိုသေးတယ်လို့ သူမ ပြောဆိုခဲ့ပါတယ်။

သို့သော် ပြောင်းလဲခြင်းအရာကို အားပေးထောက်ခံသူ လူငယ်အုပ်စုကြား ကြီးပြင်းလာတဲ့ ဓမ္မသီချင်းသီဆိုသူအမျိုးသမီးတစ်ယောက်နဲ့ ဘယ်လို ပြေလည်အောင်ညှိကြမလဲ။ ကျမ ပြတ်သားစွာနားလည်ထားတာက ကျမက သိချင်၊ စူးစမ်းချင်စိတ်ပြင်းပြသူ ပြီးတော့ ဖိုမကိစ္စဆိုတာ ဟောဒီအဝတ်စားကဲ့သို့ အဖြူအမဲမဟုတ်ခဲ့ကြောင်း ကျမသဘောပေါက်ခဲ့တယ်။ ရိုးသားစွာပြောရရင် ကျမအမြဲတမ်းမမှန်နိုင်ပေမယ့် ၂၀၀၈ ခုနှစ် ဒီသီချင်းထွက်လာတဲ့အချိန်မှာ လူတော်တော်များများကလည်း လိုက်ဆိုဖို့ စိတ်ပြင်းပြပုံရှိတာ နားလည်သဘောပေါက်ခဲ့တယ်လို့ သူမက ပြောဆိုခဲ့ပါတယ်။


Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top