iMyanmarHouse.com - Best Property Website for Myanmar
×

မယံုႏိုင္စရာေကာင္းေလာက္ေအာင္ ေပါင္(၄၀)၀ိတ္ခ်ႏိုင္ခဲ့တဲ့ Khloe Kardashian ကေတာ့ သူမရဲ႕ အလွအတြက္ ပိုၿပီး ယံုၾကည္မႈရွိလာသလို ဂုဏ္ယူ၀ံ့ၾကြားေနပံုပါ။ Khloe Kardashian  ဆိုတာကေတာ့ အေမရိက န္ Television personality၊ေမာ္ဒယ္နဲ႔စီးပြားေရးသမား တစ္ေယာက္ပါ။ အသက္ကေတာ့ (၃၂)ႏွစ္ပါ။ဒီေလာက္ေျပာင္းလဲပီး အလွႀကီးလွေနတာ ကို ေတာင္မွ အၿမဲတမ္းကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိတယ္လို႔ မခံစားရဘူးလို႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖခဲ့ပါတယ္။

“ကၽြန္မအၿမဲတမ္းေျပာခဲ့ဖူးပါတယ္။ကၽြန္မဘယ္ေတာ့မွ Perfect Size မ်ိဳး ျဖစ္ လာႏိုင္မွာမဟုတ္ဘူး။လူေတြေျပာတဲ့ စကားေတြကို ကၽြန္မစၿပီး ယံုၾကည္မိခဲ့ တယ္။ဒါေပမယ့္ ေနာက္တစ္ေန႔က်ေတာ့ တျခားလူေတြက ကၽြန္မကို သတ္မွ တ္တာမ်ိဳး၊သူတို႔အျမင္ေတြကို လက္မခံခ်င္ေတာ့ “လို႔ Your Fitness ကိုေျပာ ခဲ့ပါတယ္။သူမရဲ႕ အမိုက္စား ခႏၶာကိုယ္အခ်ိဳးအစားကို Protein World အတြ က္ ဓါတ္ပံုေတြရိုက္ေပးရင္း မၾကာေသးမီက ထုတ္ျပခဲ့ပါတယ္။တစ္ခ်ိန္တုန္း ကေတာ့ ၀လို႔ လက္ေမာင္းကို ထုတ္ျပရမွာ ယံုၾကည္မႈမရွိခဲ့ေပမယ့္ အခုေတာ့ ဒီလက္ေမာင္းဟာ သူမရဲ႕ေအာင္ျမင္မႈ ဆုတံဆိပ္ျဖစ္လာခဲ့ၿပီး ထုတ္ျပရခဲ့ပါၿပီ လို႔ ေျပာပါတယ္။

gym ကိုသြားတဲ့ အေတြ႕အႀကံဳနဲ႔ပတ္သက္ၿပီး ေမးျမန္းရာမွာေတာ့ “gym ကို စသြားၿပီး ေလ့က်င့္ခန္းေတြလုပ္ရေတာ့ စိတ္ပ်က္ၿပီး၊မခ်င့္မရဲျဖစ္မိိတယ္”လို႔ ဆို ပါတယ္။စေဆာ့ေဆာ့ခ်င္းမွာပဲ ေျပာင္းလဲမႈကို လူတိုင္းလိုခ်င္ၾကသလို သူမ လည္း လိုခ်င္ေမွ်ာ္လင့္ခဲ့ဟန္တူပါတယ္။စေဆာ့တဲ့ ပထမအပတ္မွာ ခႏၶာ ကိုယ္ က ဘာမွေျပာင္းလဲ မသြားတဲ့အေပၚ စိတ္ပ်က္မိခဲ့ၾကာင္း ၀န္ခံခဲ့ပါတယ္။လူတိုင္း ကေတာ့ အမိုက္စားခႏၶာကိုယ္ကို လုိခ်င္ၾကေပမယ့္ အလြယ္ေလးေတာ့ မရႏိုင္ပဲ အခ်ိန္ယူႀကိဳးစားမွသာ ရႏိုင္ မွာပါ။ေခၽြးေတြ၊မ်က္ရည္ေတြနဲ႔ရင္းၿပီးမွသာ ရႏိုင္မယ္ လုိ႔ ေျပာခဲ့ပါတယ္။

မနက္စာအတြက္ကိုေတာ့ ၾကက္ဥနဲ႔အုတ္ဂ်ံဳ၊ေန႔လယ္စာအတြက္ ဆလတ္နဲ႔ လတ္ဆတ္တဲ့အသီးေတြ၊ညစာအတြက္ကေတာ့ ၾကက္သားနဲ႔အသီးအရြက္ေ တြစားတယ္လုိ႔ ေျပာခဲ့ပါတယ္။အသင့္စားအစားအစာေတြနဲ႔ႏို႔ထြက္ပစၥည္းေတြကိုေတာ့ လံုး၀ေရွာင္ခဲ့ပါတယ္။ခ်ိစ္နဲ႔ႏို႔ဆိုတာ သူမအႀကိဳက္ဆံုး အရာေတြ ျဖ စ္ေပမယ့္ေရွာင္ခဲ့တာပါ။သူမရဲ႕ ေန႔စဥ္ lifestyle ကိုပါလံုး၀ေျပာင္းလဲ ပစ္ခဲ့ပါတယ္။

ႏို႔ထြက္ပစၥည္းေတြကို ေရွာင္လိုက္ၿပီးေနာက္ တစ္လခြဲေလာက္ အၾကာမွာပဲ (၁၀)ေပါင္က်သြားခဲ့တယ္လုိ႔ Khloe Kardashian ကေျပာပါ တယ္။ေရ မ်ား မ်ားေသာက္ဖို႔၊ေလ့က်င့္ခန္းပံုမွန္လုပ္ဖို႔၊အစားအစာကို အခ်ိန္မွန္ စားဖို႔ သူမရဲ႕ အေတြ႕အႀကံဳေတြကို ေ၀မွ်ေပးခဲ့ပါတယ္။Khloe တစ္ေယာက္ လွပတဲ့ လက္ ရွိခႏၶာကိုယ္ကို အလြယ္ေလးေတာ့ ရခဲ့တာမဟုတ္ေၾကာင္း သူမေ၀မွ်ေပးခဲ့တဲ့ အေတြ႕အႀကံဳေတြကို ၾကည့္ရံုနဲ႔သိႏိုင္ပါတယ္။

Credit : Shwemom

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မယုံနိုင်စရာကောင်းလောက်အောင် ပေါင်(၄၀)ဝိတ်ချနိုင်ခဲ့တဲ့ Khloe Kardashian ကတော့ သူမရဲ့ အလှအတွက် ပိုပြီး ယုံကြည်မှုရှိလာသလို ဂုဏ်ယူဝံ့ကြွားနေပုံပါ။ Khloe Kardashian  ဆိုတာကတော့ အမေရိက န် Television personality၊မော်ဒယ်နဲ့စီးပွားရေးသမား တစ်ယောက်ပါ။ အသက်ကတော့ (၃၂)နှစ်ပါ။ဒီလောက်ပြောင်းလဲပီး အလှကြီးလှနေတာ ကို တောင်မှ အမြဲတမ်းကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်လို့ မခံစားရဘူးလို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။

“ကျွန်မအမြဲတမ်းပြောခဲ့ဖူးပါတယ်။ကျွန်မဘယ်တော့မှ Perfect Size မျိုး ဖြစ် လာနိုင်မှာမဟုတ်ဘူး။လူတွေပြောတဲ့ စကားတွေကို ကျွန်မစပြီး ယုံကြည်မိခဲ့ တယ်။ဒါပေမယ့် နောက်တစ်နေ့ကျတော့ တခြားလူတွေက ကျွန်မကို သတ်မှ တ်တာမျိုး၊သူတို့အမြင်တွေကို လက်မခံချင်တော့ “လို့ Your Fitness ကိုပြော ခဲ့ပါတယ်။သူမရဲ့ အမိုက်စား ခန္ဓာကိုယ်အချိုးအစားကို Protein World အတွ က် ဓါတ်ပုံတွေရိုက်ပေးရင်း မကြာသေးမီက ထုတ်ပြခဲ့ပါတယ်။တစ်ချိန်တုန်း ကတော့ ဝလို့ လက်မောင်းကို ထုတ်ပြရမှာ ယုံကြည်မှုမရှိခဲ့ပေမယ့် အခုတော့ ဒီလက်မောင်းဟာ သူမရဲ့အောင်မြင်မှု ဆုတံဆိပ်ဖြစ်လာခဲ့ပြီး ထုတ်ပြရခဲ့ပါပြီ လို့ ပြောပါတယ်။

gym ကိုသွားတဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ “gym ကို စသွားပြီး လေ့ကျင့်ခန်းတွေလုပ်ရတော့ စိတ်ပျက်ပြီး၊မချင့်မရဲဖြစ်မိတယ်”လို့ ဆို ပါတယ်။စဆော့ဆော့ချင်းမှာပဲ ပြောင်းလဲမှုကို လူတိုင်းလိုချင်ကြသလို သူမ လည်း လိုချင်မျှော်လင့်ခဲ့ဟန်တူပါတယ်။စဆော့တဲ့ ပထမအပတ်မှာ ခန္ဓာ ကိုယ် က ဘာမှပြောင်းလဲ မသွားတဲ့အပေါ် စိတ်ပျက်မိခဲ့ကြာင်း ဝန်ခံခဲ့ပါတယ်။လူတိုင်း ကတော့ အမိုက်စားခန္ဓာကိုယ်ကို လိုချင်ကြပေမယ့် အလွယ်လေးတော့ မရနိုင်ပဲ အချိန်ယူကြိုးစားမှသာ ရနိုင် မှာပါ။ချွေးတွေ၊မျက်ရည်တွေနဲ့ရင်းပြီးမှသာ ရနိုင်မယ် လို့ ပြောခဲ့ပါတယ်။

မနက်စာအတွက်ကိုတော့ ကြက်ဥနဲ့အုတ်ဂျုံ၊နေ့လယ်စာအတွက် ဆလတ်နဲ့ လတ်ဆတ်တဲ့အသီးတွေ၊ညစာအတွက်ကတော့ ကြက်သားနဲ့အသီးအရွက်ေ တွစားတယ်လို့ ပြောခဲ့ပါတယ်။အသင့်စားအစားအစာတွေနဲ့နို့ထွက်ပစ္စည်းတွေကိုတော့ လုံးဝရှောင်ခဲ့ပါတယ်။ချိစ်နဲ့နို့ဆိုတာ သူမအကြိုက်ဆုံး အရာတွေ ဖြ စ်ပေမယ့်ရှောင်ခဲ့တာပါ။သူမရဲ့ နေ့စဉ် lifestyle ကိုပါလုံးဝပြောင်းလဲ ပစ်ခဲ့ပါတယ်။

နို့ထွက်ပစ္စည်းတွေကို ရှောင်လိုက်ပြီးနောက် တစ်လခွဲလောက် အကြာမှာပဲ (၁၀)ပေါင်ကျသွားခဲ့တယ်လို့ Khloe Kardashian ကပြောပါ တယ်။ရေ များ များသောက်ဖို့၊လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့၊အစားအစာကို အချိန်မှန် စားဖို့ သူမရဲ့ အတွေ့အကြုံတွေကို ဝေမျှပေးခဲ့ပါတယ်။Khloe တစ်ယောက် လှပတဲ့ လက် ရှိခန္ဓာကိုယ်ကို အလွယ်လေးတော့ ရခဲ့တာမဟုတ်ကြောင်း သူမဝေမျှပေးခဲ့တဲ့ အတွေ့အကြုံတွေကို ကြည့်ရုံနဲ့သိနိုင်ပါတယ်။


Credit : Shwemom


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top