iMyanmarHouse.com - Best Property Website for Myanmar
×
ဒီလိုပို့စ်တွေဟာ ရိုက်စား like တောင်းယူမှုအကွက်တွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတွေအသုံးပြုကာ လူတွေကို like၊ share သို့မဟုတ် comment ပေးဖို့ လှည့်စားခြင်းပဲ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ပေ့ခ်ျတွေမှာ follower တွေ စုမိစေတယ်လို့ နည်းပညာပိုင်းကျွမ်းကျင်သူတွေက ဆိုပါတယ်။
Credit:Trend Myanmar
Unicode Version
ဖေ့စ်ဘွတ်ခ်အသုံးပြုသူတိုင်း ရောဂါသည်/အစာရေစာငတ်ပြတ်နေတဲ့ ကလေးငယ်တွေ၊ တိရိစ္ဆာန်တွေ၊ သက်ကြီးရွယ်အိုတွေရဲ့ဓာတ်ပုံတွေကို သူတို့ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေ လျော့နည်းသက်သာစေဖို့ like၊ share သို့မဟုတ် Amen လို့ ရိုက်ထည့်ကွန်မန့်ပေးဖို့ တောင်းဆိုတဲ့ ပို့စ်တွေတွေ့ဖူးပါလိမ့်မယ်။
ဒီလိုပို့စ်တွေဟာ ရိုက်စား like တောင်းယူမှုအကွက်တွေဖြစ်ပြီး ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေအသုံးပြုကာ လူတွေကို like၊ share သို့မဟုတ် comment ပေးဖို့ လှည့်စားခြင်းပဲ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ပေ့ချ်တွေမှာ follower တွေ စုမိစေတယ်လို့ နည်းပညာပိုင်းကျွမ်းကျင်သူတွေက ဆိုပါတယ်။
၎င်းပေ့ချ်ကို scam message တွေ ရေးသားဖော်ပြဖို့ အသုံးပြုနိုင်ပါတယ်။ ရိုက်စားပို့စ် (scam posts) တွေမှာ သုံးတဲ့ ဓာတ်ပုံတွေဟာ တခြားဝက်ဘ်ဆိုဒ်တွေကနေ ခွင့်ပြုချက်မရှိဘဲ ခိုးယူအသုံးပြုထားတာပါ။ "Amen" လို့ ရိုက်ထည့်ပြီး share လုပ်လိုက်ရုံနဲ့ ပုံပါ လူပုဂ္ဂိုလ် သို့မဟုတ် တိရိစ္ဆာန်ကို ဘာအထောက်အကူမှ မဖြစ်စေပါဘူး။ ဒီ့ပြင် ဒီပို့စ်တွေ share လိုက်တဲ့အခါ လူသိပိုများကာ ထိခိုက်နစ်နာမှုတွေ ပိုဖြစ်စေပါတယ်။
ဒါ့ကြောင့် နောက်တစ်ကြိမ် ဒီလိုပို့စ်မျိုးတွေ့တဲ့အခါ like-farming ခေါ် ရိုက်စား like သိမ်းကျုံးရယူမှုဆိုတာ ဘယ်လိုဖြစ်ကြောင်း ကောင်းကောင်းသတိထားမိပါလိမ့်မယ်။
Credit:Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top