Myanmar Idol ပြိုင်ပွဲတွင် အိမ်ထောင်ရှိသူ Winner ဖြစ်ခွင့်ရှိ မရှိကို တာဝန်ရှိသူက ပြောကြား..!
#news-Theil Myawe
Credit:Apannpyay
Unicode Version
Myanmar Idol
Myanmar Idol မှာ ပရိသတ်တွေထင်မြင်ယူဆနေသလိုမျိုး အိမ်ထောင်သည် Winner ဖြစ်ခွင့်မရှိဆိုသောသတ်မှတ်ချက် မရှိကြောင်း Myanmar Idol ပွဲရဲ့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်နန်းမောက်လောဝ်ဆိုင် ကို ဒီနေ့ည ကျင်းပတဲ့ အကယ်ဒမီဆုရှင်များ ဂုဏ်ပြုပွဲမှာ တွေ့ဆုံခိုက် ပြောကြားခဲ့ပါတယ် ။
သူမက ” ကျွန်မတို့မှာ အဲလိုသတ်မှတ်ချက်မျိုးမရှိပါဘူး။အဲဒါကြောင့် စပြီးရွေးချယ်ကတည်းက အသက်အရွယ်ကန့်သတ်ချက်နဲ့ပဲရွေးတာပါ။အိမ်ထောင်သည်ဖြစ်ပေမဲ့ လည်း သူ့အရည်အချင်းပြည့်မီခဲ့ပြီး ပရိသတ်ရဲ့Voting အရလည်း အားသာခဲ့မယ်ဆိုရင် Winner ဖြစ်ခွင့်ရှိမှာပါ။နောက်တစ်ခုက Voting System ကို အငြင်းပွားမယ့်အစား မိမိအားပေးတဲ့ပြိုင်ပွဲဝင်ကို အချိန်ရှိတုန်း Vote ပေးကြဖို့ပြောပါရစေ” လို့ ဒေါ်နန်းမောက် လောက်ဝ်ဆိုင် က ပြောကြားခဲ့ပါတယ် ။
#news-Theil Myawe
Credit:Apannpyay
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...