iMyanmarHouse.com - Best Property Website for Myanmar
×
အသားအရေ ညိုမဲလာမယ်
နေလောင်မယ်
Unicode Version
ကဲနွေရာသီလည်းရောက်နေပြီနော်။ မကြာခင်မှာ နှစ်သစ်ကူးအတာသင်္ကြန်ရောက်တော့မယ်။
နေပူပူမှာ ရေကစားကြမဲ့သူတွေအနေနဲ့ SPF 50 နဲ့အထက် UV ပါတဲ့ Suncreen ကို သုံးပေးသင့်ပါတယ်။ မသုံးရင်ကော ဘာဖြစ်လို့လဲဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။ မသုံးရင် ဘာဖြစ်သလဲဆိုတာကို MyStyle Myanmar ကနေ မျှဝေပေးချင်ပါတယ်။
အသားအရေ ညိုမဲလာမယ်
မှဲ့ခြောက်တွေ ဖြစ်လာမယ်
နေလောင်မယ်
အသားအရေ အိုမင်းရင့်ရော်လာမယ်
အရေပြားကင်ဆာဖြစ်နိုင်တယ်
ဒီတော့ ဘယ်လိုလိမ်းမလဲ
မျက်နှာ နဲ့ လက်တွေ နေထိနိုင်တဲ့ နေရာတွေမှာ လိမ်းပေးရမှာပါ။ မျက်နှာသ် သွားတိုက်ပြီးတာနဲ့ Suncreen ကိုလိမ်းပြီးမှ မိတ်ကပ်ကို အပေါ်ကနေ ထပ်လိမ်းပေးရမှာပါ။ Suncreen မှာ UV A ကိုရော UVB ကိုပါ ကာကွယ်ပေးတဲ့ ခရင်မ်ကိုလိမ်းပေးပါ။ ပုံမှန် နေပူထဲသွားရင် အနည်းဆုံး SPF 30 နဲ့အထက်ကို လိမ်းပေးသင့်ပါတယ်။ ရေကစားမယ်ဆိုရင် SPF 50 နဲ့ အထက်လိမ်းပေးပါ။
ပြီးတော့ ကိုယ်နဲ့ သွားလေရာမှာ ဆောင်ထားပါ။ လက်ကိုင်အိတ်ထဲမှာ ဒါမှမဟုတ် သင်္ကြန်လည်တဲ့အခါ စီးတဲ့ ကားပေါ်မှာ ဆောင်သွားပါ။ သင်္ကြန်ကာလမဟုတ်ရင်လည်း နွေရာသီ နေပူပူမှာ အပြင်ထွက်ရင် Suncreen ကိုလိမ်းပေးသင့်ပါတယ်။
နောက်ကော ဘာလုပ်ရဦးမလဲ
Suncreen တစ်ခုတည်းလိမ်းရုံနဲ့ မလုံလောက်ပါဘူး။ နောက်ထပ် လိုအပ်တာက အဝတ်စားပါ။ အဝတ်စားဝတ်တဲ့အခါ အိကျၤ ီလက်ရှည် ဦးထုတ် စတာတွေကို ဝတ်ဆင်သင့်ပါတယ်။ နေကာမျက်မှန်ကိုလည်း တပ်ပေးထားသင့်ပါတယ်။
Credit:mystylemyanmar
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top