iMyanmarHouse.com - Best Property Website for Myanmar
×

ဆယ်ကျော်သက်တွေ သရုပ်ဆောင်တဲ့ အလွမ်းအဆွေးဇာတ်ကားမျိုးလေးတွေ မကြည့်ရတာကြာပြီ မဟုတ်ပါလား။ အဲ့ဒီလို ဇာတ်ကားမျိုးတွေကြည့်ဖို့ စောင့်နေသူတွေအတွက် မကြာခင်မှာ ရိုမန်တစ်ဒရာမာဇာတ်ကားတစ်ကား ပရိသတ်တွေရှေ့ ရောက်လာတော့မယ့်အကြောင်း သတင်းပေးချင်ပါတယ်။

Will Smith ရဲ့သားဖြစ်သူ Jaden Smith နဲ့ စူပါမော်ဒယ်၊ သရုပ်ဆောင် Cara Delevingne တို့ဟာ Life in a Year ဆိုတဲ့ ဇာတ်ကားတစ်ကားမှာ အတူပါဝင်သရုပ်ဆောင်ကြမယ်လို့ သိရပြီး ဇာတ်ကားပုံစံကတော့ The Fault in Our Stars နဲ့ခပ်ဆင်ဆင်တူနေပါတယ်။ အသက် ၁၇ခုနှစ်အရွယ် ကောင်လေးမှာ ဘ၀ရဲ့နောက်ဆုံးနေ့ရက်တွေ ဖြတ်သန်းဖို့ စောင့်နေရတဲ့ ချစ်သူကောင်မလေး တစ်ဦးရှိနေပြီး သူတို့ဘယ်လို ၀မ်းနည်းစရာ အခြေအနေတွေကို ကျော်ဖြတ်မလဲဆိုတာကို ရိုက်ကူးပုံဖော်သွားမှာပါ။

ဒီကားကို Will Smith ရဲ့ Overbrook Entertainment ကထုတ်လုပ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ စူပါမော်ဒယ်တစ်ဦးလည်းဖြစ်သလို Paper Towns၊ Suicide Squad နဲ့ မကြာခင်ထွက်ရှိလာမယ့် Valerian and the City of a Thousand Planets စတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Cara နဲ့ အတူ ဖခင်ဖြစ်သူနဲ့ The Pursuit of Happiness၊ After Earth ဇာတ်ကားတွေမှာ ၀င်သရုပ်ဆောင်ဖူးခဲ့တဲ့ Jaden တို့အတူတွဲပြီး မြင်ရမှာကတော့ ပရိသတ်တွေအတွက် နည်းနည်းဆန်းနေပါလိမ့်မယ်။

သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လောက်ထိ ပရိသတ်ရင်ထဲရောက်ရှိနိုင်မလဲဆိုတာကိုတော့ ဇာတ်ကားထွက်လာမှ သိရပါလိမ့်မယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top