iMyanmarHouse.com - Best Property Website for Myanmar
×



Credit : momolay



Unicode Version

မျက်နှာသစ်ပြီးတဲ့အခါ တိုနာသုံးလေ့ရှိကြပါတယ်။ တိုနာဟာ မျက်နှာအသားအရေအတွက် ဘာတွေ အကျိုးပြု ကောင်းမွန်သလဲဆိုတာ အသေးစိတ်သိတဲ့သူတော့ နည်းပါးပါလိမ့်မယ်။

တိုနာအမြဲသုံးခြင်းဖြင့် အဆီပြန်ခြင်းနဲ့ ဝက်ခြံအလွန်အကျွံတွေ ထွက်ခြင်းကို သက်သာစေပါတယ်။ တိုနာအသုံးပြုတဲ့အခါမှာ ဂွမ်းစလေးနဲ့ ယူပြီး အနည်းငယ်သာ သုံးပေးပါ။ တိုနာသုံးခြင်းဖြင့် ချွေးပေါက်ကျယ်ခြင်း ပြသာနာတွေ မရှိစေနိုင်ပါဘူး။ မျက်နှာအသားအရေမှာ PH LEVEL (၅) နဲ့ (၆) ကြားမှာ ရှိပါတယ်။ မျက်နှာသစ်ဆေးတွေ နေ့စဉ်နေ့တိုင်း အသုံးပြုတဲ့အခါမှာ PH LEVEL ကို ထိခိုက်စေပြီး မျက်နှာအသားအရေကို ပျက်စီးစေပါတယ်။ ဒါကို ပြန်လည်ဖြည့်တင်းပေးနိုင်တာကတော့ တိုနာပဲ ဖြစ်ပါတယ်။ မျက်နှာအသားအရေအတွက် လိုအပ်တဲ့ ရေဓါတ်ကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။ စိုစွတ်မှုကို ပေးစွမ်းနိုင်တာကြောင့် အသားအရေ ခြောက်သွေ့မှုကို မဖြစ်စေဘဲ စိုပြည်ဝင်းမွတ်မှုကို ပေးပါတယ်။

Credit : momolay



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top