Cerdit:trend myanmar
#Unicode Version
လက်ဖက်ရည်အရသာ ပိုလို့တောင် ဆိုးရွားသွားစေတဲ့ လက်ဖက်ရည်ဖျော်နည်း အမှားတစ်ခုရှိပါတယ်။ ပြီးတော့ ဒါဟာ ကျွနု်ပ်တို့အများစု လုပ်မိနေတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။
ယူကေနိုင်ငံလက်ဖက်ရည်နဲ့ ဆေးဖက်ဝင်အပင်နှပ် အသင်းအဖွဲ့ ဥက္ကဋ္ဌ William Gorman ရဲ့အဆိုအရ လက်ဖက်ရည်ကောင်းတစ်ခွက်ရချင်ရင် လက်ဖက်ရည်အိုးပြန်နွှေးခြင်းက မှားယွင်းတဲ့လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း သိရပါတယ်။ ထုံးစံအတိုင်း လက်ဖက်ရည် အေးလာရင် လက်ဖက်ရည်ခရားကို ပြန်နွေးပြီး လက်ဖက်ရည်တစ်ခွက်ဖြစ်အောင် ပြန်လည်စီ စဉ်ဖန်တီးကြတယ်လို့ သူက Daily Telegraph ကို ပြောပြခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် စိတ်ပျက်စရာကောင်းတဲ့ လက်ဖက်ရည်တစ်ခွက် မလွဲမသွေ ရရှိစေပါလိမ့်မယ်။
တကယ်တော့ ဖျော်ပြီးသားလက်ဖက်ရည်ကို ခရားနဲ့ပြန်ကျိုတာထက် မိုက်ခရိုဝေ့ဖြင့် ပြန်နွေးပေးတာ ပိုမိုသင့်တော်ပါတယ်။
မိုက်ခရိုဝေ့မီးဖိုထဲ ၁၅-၂၀ မိနစ်ကြာထားတာ ပိုမိုကောင်းမွန်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မိုက်ခရိုဝေ့မီးဖိုနဲ့ ပြန်နွှေးတဲ့အခါ မော်လီကျူးတွေ ထွက်မသွားကြဘဲ သင့်တင့်လျောက်ပတ်တဲ့ အပူချိန်ပြန်ရစေပါတယ်။ အနံ့အရသာလည်း လုံးဝမထိခိုက်ပါဘူး။ ရေကို ပြန်ကျိုတာက အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင်ထုတ်ယူပြီး အနံ့အရသာ ထိခိုက်စေနိုင်ပါတယ်
Cerdit:trend myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
လက်ဖက်ရည်ကောင်းတစ်ခွက်ရချင်ရင် ဒီအချက်ကို လုံးဝမလုပ်သင့်
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။