iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္ခ်စ္ခင္ခင္နဲ႔ ကိုယ့္ရဲ႕ေန႔စဥ္ဘ၀ေတြကို ျဖတ္သန္းေနၾကတဲ့ စံုတြဲေတြဟာ အားက်စရာေကာင္းသလို သူတုိ႔ရဲ႕အျပဴအမူ၊ လုပ္ေဆာင္ခ်က္ေလးေတြကလည္း ခ်စ္စရာေကာင္းလွပါတယ္။ သူတုိ႔ရဲ႕ ေန႔စဥ္ဘ၀ပံုစံေလးေတြကို ၾကည့္ၾကရေအာင္။

၁။တစ္ဦးနဲ႔တစ္ဦး သတိရတယ္၊ လြမ္းတယ္ဆုိတာကို သိေအာင္ျပတတ္ၾကတယ္။

ေန႔စဥ္ဘ၀ေတြမွာ အလုပ္ေတြ ဘယ္ေလာက္ပဲ ပင္ပန္းေနပါေစ။ အလုပ္ေတြ ဘယ္ေလာက္ရႈပ္ေနပါေစ။ သတိရတဲ့အေၾကာင္းေတာ့ ကုိယ့္ခ်စ္သူသိေအာင္ တစ္နည္းနည္းနဲ႔ ေဖာ္ျပတတ္ၾကတယ္။ ဒီလိုေဖာ္ျပရာမွာ ကုိယ့္ခ်စ္သူထံ ကုိယ္ႀကိဳက္ႏွစ္သက္တဲ့ သီခ်င္းေလးေတြ ပို႔ေပးတာမ်ိဳးဟာ သူတုိ႔ေတြ အမ်ားဆံုး လုပ္ေလ့ရွိတဲ့အရာပါပဲတဲ့။ ဒီသီခ်င္းေလးေတြ နားေထာင္ရင္း ေက်နပ္ပီတိျဖစ္ရလြန္းလို႔ မ်က္ရည္က်ရတဲ့ စံုတြဲေတြေတာင္ ရွိပါသတဲ့။

၂။တစ္ဦးနဲ႔တစ္ဦး ခ်ီးမြမ္းေျပာဆုိတတ္ၾကတယ္။

ကိုယ့္ခ်စ္သူရဲ႕ ၀တ္ပံုစားပံုကို ၾကည့္ၿပီး ဒီေန႔ဘယ္လို ၾကည့္ေကာင္းေၾကာင္း၊ ခ်စ္ဖုိ႔ေကာင္းေၾကာင္း တစ္ဦးနဲ႔တစ္ဦး ခ်ီးမြမ္းေျပာဆုိတတ္တယ္။ ဒါ့အျပင္ သူ႕အလုပ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း သူဘယ္ေလာက္ေတာ္ေၾကာင္း ေဘးကေန ခ်ီးမြမ္းေပးတတ္ၾကတယ္။

၃။တစ္ေန႔ကို အနညး္ဆံုး ငါးမိနစ္ခန္႔ ေပြ႕ဖက္ထားတတ္ၾကတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ ဆံုေတြ႕ခ်ိန္ ဘယ္ေလာက္နည္းနည္း ဆံုေတြ႔ခ်ိန္ေလးမွာ ကိုယ့္ခ်စ္သူကို အနည္းဆံုး ငါးမိနစ္ေလာက္ေတာ့ ေပြ႕ဖက္တတ္ၾကတယ္။ ဒါဟာ မနက္ခင္းလည္း ျဖစ္ႏိုင္သလို ညဘက္လည္း ျဖစ္ႏိုင္ပါတယ္။

၄။ခြဲခြာခါနီး ႏႈတ္ဆက္အနမ္းေပးတတ္ၾကတယ္။

မနက္အလုပ္သြားခါနီး အခ်ိန္လုၿပီး ေတြ႕ၾကရရင္ေတာင္ တစ္ဦးနဲ႔တစ္ဦး ႏႈတ္ဆက္အနမ္းေလးေတာ့ ေပးျဖစ္ၾကေသးတာပါပဲ။ ညဘက္ဆုိရင္လည္း ဒီလိုအၿမဲျပဳမူတတ္ၾကပါတယ္။

၅။မအိပ္ခင္ စကားေျပာတတ္ၾကတယ္။

လင္မယားဆုိရင္ေတာ့ အိပ္ယာ၀င္ၿပီးတဲ့ေနာက္ ဒီေန႔ဘယ္လိုဆုိတာေလးေတြ၊ ေနာက္ေန႔ဘာေတြဘယ္လို စသျဖင့္ တုိင္ပင္ေျပာဆုိတတ္တာမ်ိဳးပါ။ ရည္းစားဘ၀ဆုိရင္လည္း မအိပ္ခင္ ဖုန္းဆက္ၿပီးမွ အိပ္တတ္ၾကတာမ်ိဳးကို ဆိုလိုတာပါ။

၆။တစ္ဦးန႔ဲတစ္ဦး ေက်းဇူးတင္စကား ဆုိတတ္ၾကတယ္။

ခ်စ္သူရည္းစားဘ၀ေရာက္သြားလို႔ သူစိမ္းေတြမွ မဟုတ္ေတာ့တာ ေက်းဇူးတင္စကား ဆုိဖုိ႔ မလိုေတာ့ပါဘူးလုိ႔ မထင္လိုက္ပါနဲ႔။ သူကိုယ့္အတြက္ လုပ္ေပးတဲ့အရာတုိင္းဟာ ေစတနာ ေမတၱာေတြနဲ႔မုိ႔ ေက်းဇူးတင္စကားပိုလို႔ေတာင္ ဆိုသင့္ပါေသးတယ္။

၇။ႏွစ္ေယာက္သားဆံုေတြ႕ခ်ိန္တုိင္း ေပ်ာ္ရႊင္ေနတတ္ၾကတယ္။

ခ်စ္သက္တမ္းေတြ ရွည္ၾကာလာတာနဲ႔အမွ်  ၿငီးေငြ႕လာၾကတယ္ဆိုတာ တကယ္ခ်စ္တဲ့စံုတြဲေတြအတြက္ေတာ့ မွားယြင္းတယ္လုိ႔ ဆုိရမွာေပါ့။ တကယ္ခ်စ္ခင္ၾကင္နာၾကသူေတြဟာ ဘယ္ေတာ့ေတြ႕ေတြ႕၊ ဘယ္ေလာက္ၾကာၾကာ တစ္ဦးနဲ႔တစ္ဦး ဆံုေတြ႕ရေတာ့မယ္ဆိုတာနဲ႔ ေပ်ာ္ရႊင္ေနတတ္ၾကတာပါပဲ။

Credit;trend myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ချစ်ချစ်ခင်ခင်နဲ့ ကိုယ့်ရဲ့နေ့စဉ်ဘဝတွေကို ဖြတ်သန်းနေကြတဲ့ စုံတွဲတွေဟာ အားကျစရာကောင်းသလို သူတို့ရဲ့အပြူအမူ၊ လုပ်ဆောင်ချက်လေးတွေကလည်း ချစ်စရာကောင်းလှပါတယ်။ သူတို့ရဲ့ နေ့စဉ်ဘဝပုံစံလေးတွေကို ကြည့်ကြရအောင်။

၁။တစ်ဦးနဲ့တစ်ဦး သတိရတယ်၊ လွမ်းတယ်ဆိုတာကို သိအောင်ပြတတ်ကြတယ်။

နေ့စဉ်ဘဝတွေမှာ အလုပ်တွေ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ အလုပ်တွေ ဘယ်လောက်ရှုပ်နေပါစေ။ သတိရတဲ့အကြောင်းတော့ ကိုယ့်ချစ်သူသိအောင် တစ်နည်းနည်းနဲ့ ဖော်ပြတတ်ကြတယ်။ ဒီလိုဖော်ပြရာမှာ ကိုယ့်ချစ်သူထံ ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေ ပို့ပေးတာမျိုးဟာ သူတို့တွေ အများဆုံး လုပ်လေ့ရှိတဲ့အရာပါပဲတဲ့။ ဒီသီချင်းလေးတွေ နားထောင်ရင်း ကျေနပ်ပီတိဖြစ်ရလွန်းလို့ မျက်ရည်ကျရတဲ့ စုံတွဲတွေတောင် ရှိပါသတဲ့။

၂။တစ်ဦးနဲ့တစ်ဦး ချီးမွမ်းပြောဆိုတတ်ကြတယ်။

ကိုယ့်ချစ်သူရဲ့ ဝတ်ပုံစားပုံကို ကြည့်ပြီး ဒီနေ့ဘယ်လို ကြည့်ကောင်းကြောင်း၊ ချစ်ဖို့ကောင်းကြောင်း တစ်ဦးနဲ့တစ်ဦး ချီးမွမ်းပြောဆိုတတ်တယ်။ ဒါ့အပြင် သူ့အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း သူဘယ်လောက်တော်ကြောင်း ဘေးကနေ ချီးမွမ်းပေးတတ်ကြတယ်။

၃။တစ်နေ့ကို အနည်းဆုံး ငါးမိနစ်ခန့် ပွေ့ဖက်ထားတတ်ကြတယ်။

တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ချိန် ဘယ်လောက်နည်းနည်း ဆုံတွေ့ချိန်လေးမှာ ကိုယ့်ချစ်သူကို အနည်းဆုံး ငါးမိနစ်လောက်တော့ ပွေ့ဖက်တတ်ကြတယ်။ ဒါဟာ မနက်ခင်းလည်း ဖြစ်နိုင်သလို ညဘက်လည်း ဖြစ်နိုင်ပါတယ်။

၄။ခွဲခွာခါနီး နှုတ်ဆက်အနမ်းပေးတတ်ကြတယ်။

မနက်အလုပ်သွားခါနီး အချိန်လုပြီး တွေ့ကြရရင်တောင် တစ်ဦးနဲ့တစ်ဦး နှုတ်ဆက်အနမ်းလေးတော့ ပေးဖြစ်ကြသေးတာပါပဲ။ ညဘက်ဆိုရင်လည်း ဒီလိုအမြဲပြုမူတတ်ကြပါတယ်။

၅။မအိပ်ခင် စကားပြောတတ်ကြတယ်။

လင်မယားဆိုရင်တော့ အိပ်ယာဝင်ပြီးတဲ့နောက် ဒီနေ့ဘယ်လိုဆိုတာလေးတွေ၊ နောက်နေ့ဘာတွေဘယ်လို စသဖြင့် တိုင်ပင်ပြောဆိုတတ်တာမျိုးပါ။ ရည်းစားဘဝဆိုရင်လည်း မအိပ်ခင် ဖုန်းဆက်ပြီးမှ အိပ်တတ်ကြတာမျိုးကို ဆိုလိုတာပါ။

၆။တစ်ဦးနဲ့တစ်ဦး ကျေးဇူးတင်စကား ဆိုတတ်ကြတယ်။

ချစ်သူရည်းစားဘဝရောက်သွားလို့ သူစိမ်းတွေမှ မဟုတ်တော့တာ ကျေးဇူးတင်စကား ဆိုဖို့ မလိုတော့ပါဘူးလို့ မထင်လိုက်ပါနဲ့။ သူကိုယ့်အတွက် လုပ်ပေးတဲ့အရာတိုင်းဟာ စေတနာ မေတ္တာတွေနဲ့မို့ ကျေးဇူးတင်စကားပိုလို့တောင် ဆိုသင့်ပါသေးတယ်။

၇။နှစ်ယောက်သားဆုံတွေ့ချိန်တိုင်း ပျော်ရွှင်နေတတ်ကြတယ်။

ချစ်သက်တမ်းတွေ ရှည်ကြာလာတာနဲ့အမျှ  ငြီးငွေ့လာကြတယ်ဆိုတာ တကယ်ချစ်တဲ့စုံတွဲတွေအတွက်တော့ မှားယွင်းတယ်လို့ ဆိုရမှာပေါ့။ တကယ်ချစ်ခင်ကြင်နာကြသူတွေဟာ ဘယ်တော့တွေ့တွေ့၊ ဘယ်လောက်ကြာကြာ တစ်ဦးနဲ့တစ်ဦး ဆုံတွေ့ရတော့မယ်ဆိုတာနဲ့ ပျော်ရွှင်နေတတ်ကြတာပါပဲ။

Credit;trend myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top