ပထမကေလးကို ဗိုက္ခြဲေမြးၿပီး ေနာက္ထပ္ကေလးေမြးတဲ့အခါမွာ
႐ိုး႐ိုးျပန္ေမြးလို႔ ရလားဆိုတာကို သိခ်င္ၾကမွာပါ။
႐ိုး႐ိုးျပန္ေမြးလို႕ရေပမယ့္ ျဖစ္ႏိုင္ေျခရွိတာေလးေတြနဲ႔
ဆိုးက်ိဳးေလးေတြကိုေတာ့ သိထားဖို႔လိုပါတယ္။ ေအာက္ပါအခ်က္ေတြကို
ဆရာဝန္နဲ႔ေသခ်ာတိုင္ပင္ေဆြးေႏြးဖို႔လိုပါတယ္။
1. ကေလးေမြးဖူးေသာ ရာဇဝင္
ပထမတစ္ေခါက္က ခြဲေမြးဖူးေပမယ့္ ခြဲေမြးရတဲ့အေၾကာင္းအရင္းကလည္း
ေနာက္ထပ္ထပ္ၿပီး မျဖစ္ႏိုင္တဲ့အေၾကာင္း (ကေလးတင္ပါးဆံုေရွ႕ေရာက္ျခင္း၊
ကေလးမြန္းျခင္း) စတာေတြေၾကာင့္ ဆိုရင္ေတာ့ ေနာက္တစ္ႀကိမ္မွာ
႐ိုး႐ိုးေမြးဖို႔ႀကိဳးစားၾကည့္ႏိုင္ပါတယ္။
ဒါေပမယ့္ တင္ပါးဆံုအ႐ိုးကြင္းက်ဥ္းျခင္းေၾကာင့္
႐ိုး႐ိုးမေမြးႏိုင္တာလိုမ်ိဳးကဲ့သို႔ အေၾကာင္းအရင္းေၾကာင့္ ဆိုရင္ေတာ့
ေနာက္တစ္ႀကိမ္မွာလည္း ဒီလိုပဲထပ္ၿပီးႀကံဳေတြ႔ရႏိုင္တဲ့အတြက္
ထပ္ၿပီး႐ိုး႐ိုးမေမြးသင့္ေတာ့ပါဘူး။ ခြဲပဲေမြးရပါမယ္။
2. သားအိမ္ေပၚကခြဲေၾကာင္းအမ်ိဳးအစား
ေယဘူယ်အားျဖင့္ ခြဲေမြးရာမွာ ကန္႔လန္႔ျဖတ္ခြဲေၾကာင္းနဲ႔
ေဒါင္လိုက္ခြဲေၾကာင္းဆိုၿပီး ခြဲေၾကာင္း အမ်ိဳးအစား 2 မ်ိဳးရွိပါတယ္။
ဒီခြဲေၾကာင္းအမ်ိဳးအစားအေပၚမူတည္ၿပီးေတာ့လည္း ေနာက္တစ္ႀကိမ္မွာ
ဘယ္လိုေမြးသင့္တယ္ဆိုတာကို စဥ္းစားပါတယ္။
ယေန႔ေခတ္မွာ
အသံုးမ်ားတဲ့ သားအိမ္ရဲ႕ေအာက္ပိုင္းမွာ ကန္႔လန္႔ခြဲေၾကာင္းနဲ႔ခြဲတာ
ဆိုရင္ေတာ့ ေနာက္တစ္ႀကိမ္မွာ ႐ိုး႐ိုးေမြးဖို႔ အဆင္ေျပပါတယ္။ ဒါေပမယ့္
ပထမခြဲေၾကာင္းက သားအိမ္ကို ေဒါင္လိုက္ခြဲေၾကာင္းနဲ႕ခြဲထားတာဆိုရင္ေတာ့
ေနာက္တစ္ႀကိမ္႐ိုး႐ိုးေမြးမယ္ဆိုရင္ သားအိမ္ကြဲထြက္ဖို႔
ျဖစ္ႏိုင္ေခ်မ်ားပါတယ္။
3. အျခားေရာဂါေတြရွိ/မရွိ
ေအာက္ပါအေျခအေနေတြရွိရင္ေတာ့ ႐ိုး႐ိုးေမြးဖို႔မႀကိဳးစားသင့္ပါဘူး။
- အဝလြန္ျခင္း
- ကိုယ္၀န္ေဆာင္ မိခင္အသက္ႀကီးျခင္း
- အျခား က်န္းမာေရးျပႆနာမ်ားရွိျခင္း
- ကိုယ္ဝန္လေက်ာ္ျခင္း (အပတ္ 40 အထက္)
- ကေလးထြားလြန္းျခင္း
ကိုယ္ဝန္ရွိစကတည္းက
ကိုယ့္ရဲ႕စိတ္ဆႏၵ၊ သက္ေသာင့္သက္သာရွိ/မရွိ၊ ကုန္က်စရိတ္၊ အရင္က
ေရာဂါရာဇဝင္၊ ကေလးေမြးဖူးတဲ့ရာဇဝင္ စတဲ့အခ်က္ေတြကို
ဆရာဝန္နဲ႔ေသခ်ာတိုင္ပင္ေဆြးေႏြးၿပီး ဘယ္လိုေမြးသင့္တယ္ဆိုတာကို
ႀကိဳတင္ျပင္ဆင္ဆံုးျဖတ္ထားသင့္ပါတယ္လို႔ အႀကံေပးလိုပါတယ္။
Credit: DrMyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode version
ပထမကလေးကို ဗိုက်ခွဲမွေးပြီး နောက်ထပ်ကလေးမွေးတဲ့အခါမှာ
ရိုးရိုးပြန်မွေးလို့ ရလားဆိုတာကို သိချင်ကြမှာပါ။
ရိုးရိုးပြန်မွေးလို့ရပေမယ့် ဖြစ်နိုင်ခြေရှိတာလေးတွေနဲ့
ဆိုးကျိုးလေးတွေကိုတော့ သိထားဖို့လိုပါတယ်။ အောက်ပါအချက်တွေကို
ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးဖို့လိုပါတယ်။
1. ကလေးမွေးဖူးသော ရာဇဝင်
ပထမတစ်ခေါက်က ခွဲမွေးဖူးပေမယ့် ခွဲမွေးရတဲ့အကြောင်းအရင်းကလည်း
နောက်ထပ်ထပ်ပြီး မဖြစ်နိုင်တဲ့အကြောင်း (ကလေးတင်ပါးဆုံရှေ့ရောက်ခြင်း၊
ကလေးမွန်းခြင်း) စတာတွေကြောင့် ဆိုရင်တော့ နောက်တစ်ကြိမ်မှာ
ရိုးရိုးမွေးဖို့ကြိုးစားကြည့်နိုင်ပါတယ်။
ဒါပေမယ့်
တင်ပါးဆုံအရိုးကွင်းကျဉ်းခြင်းကြောင့် ရိုးရိုးမမွေးနိုင်တာလိုမျိုးကဲ့သို့
အကြောင်းအရင်းကြောင့် ဆိုရင်တော့ နောက်တစ်ကြိမ်မှာလည်း
ဒီလိုပဲထပ်ပြီးကြုံတွေ့ရနိုင်တဲ့အတွက် ထပ်ပြီးရိုးရိုးမမွေးသင့်တော့ပါဘူး။
ခွဲပဲမွေးရပါမယ်။
2. သားအိမ်ပေါ်ကခွဲကြောင်းအမျိုးအစား
ယေဘူယျအားဖြင့် ခွဲမွေးရာမှာ ကန့်လန့်ဖြတ်ခွဲကြောင်းနဲ့
ဒေါင်လိုက်ခွဲကြောင်းဆိုပြီး ခွဲကြောင်း အမျိုးအစား 2 မျိုးရှိပါတယ်။
ဒီခွဲကြောင်းအမျိုးအစားအပေါ်မူတည်ပြီးတော့လည်း နောက်တစ်ကြိမ်မှာ
ဘယ်လိုမွေးသင့်တယ်ဆိုတာကို စဉ်းစားပါတယ်။
ယနေ့ခေတ်မှာ
အသုံးများတဲ့ သားအိမ်ရဲ့အောက်ပိုင်းမှာ ကန့်လန့်ခွဲကြောင်းနဲ့ခွဲတာ
ဆိုရင်တော့ နောက်တစ်ကြိမ်မှာ ရိုးရိုးမွေးဖို့ အဆင်ပြေပါတယ်။ ဒါပေမယ့်
ပထမခွဲကြောင်းက သားအိမ်ကို ဒေါင်လိုက်ခွဲကြောင်းနဲ့ခွဲထားတာဆိုရင်တော့
နောက်တစ်ကြိမ်ရိုးရိုးမွေးမယ်ဆိုရင် သားအိမ်ကွဲထွက်ဖို့
ဖြစ်နိုင်ချေများပါတယ်။
3. အခြားရောဂါတွေရှိ/မရှိ
အောက်ပါအခြေအနေတွေရှိရင်တော့ ရိုးရိုးမွေးဖို့မကြိုးစားသင့်ပါဘူး။
- အဝလွန်ခြင်း
- ကိုယ်ဝန်ဆောင် မိခင်အသက်ကြီးခြင်း
- အခြား ကျန်းမာရေးပြဿနာများရှိခြင်း
- ကိုယ်ဝန်လကျော်ခြင်း (အပတ် 40 အထက်)
- ကလေးထွားလွန်းခြင်း
ကိုယ်ဝန်ရှိစကတည်းက ကိုယ့်ရဲ့စိတ်ဆန္ဒ၊ သက်သောင့်သက်သာရှိ/မရှိ၊
ကုန်ကျစရိတ်၊ အရင်က ရောဂါရာဇဝင်၊ ကလေးမွေးဖူးတဲ့ရာဇဝင် စတဲ့အချက်တွေကို
ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပြီး ဘယ်လိုမွေးသင့်တယ်ဆိုတာကို
ကြိုတင်ပြင်ဆင်ဆုံးဖြတ်ထားသင့်ပါတယ်လို့ အကြံပေးလိုပါတယ်။
Credit: DrMyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဗိုက္ခြဲေမြးၿပီးရင္ ႐ိုး႐ိုးျပန္ေမြးလို႔ ရ/မရ ..!
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။