iMyanmarHouse.com - Best Property Website for Myanmar
×



























မိဘမဲ့ေက်ာင္းက ႀကီးျပင္းလာခဲ့တဲ့ လူငယ္တစ္ေယာက္က
ေတြ႔ၾကံဳခဲ့ရတဲ့ အေတြ႔အၾကံဳကို ျပန္လည္မွ်ေ၀ျခင္းျဖစ္တယ္။

ကြ်န္ေတာ္ ငယ္ငယ္ေလးကတည္းက မိဘေတြ ဆံုးပါးသြားခဲ့လို႔ ၉ႏွစ္သားအရြယ္မွာ
မိဘမဲ့ ေက်ာင္းတစ္ေက်ာင္းမွာ သြားေနခဲ့ရတယ္။ မိဘမဲ့ေက်ာင္းလို႔သာ ဆိုတယ္ ေထာင္နဲ႔မကြာလွဘူး။ ေန႔အခ်ိန္မွာ ကြ်န္ေတာ္တို႔ ၁၄ နာရီေလာက္ အလုပ္လုပ္ရတယ္။
ပန္းျခံမွာ ပန္းေတြ စိုက္ပ်ဳိးရတယ္။ မီးဖိုမွာ ကူရတယ္။ တစ္ခါတေလ လယ္ေတြ ထြန္ယက္ရတယ္။

တစ္ႏွစ္ပတ္လံုးမွာ ကြ်န္ေတာ္တို႔အတြက္ နားရက္တစ္ရက္ပဲ ရွိတယ္။
အဲဒီေန႔က ခရစ္စမတ္ေန႔ပဲ။ အဲဒီေန႔မွာ ခရစ္စမတ္လက္ေဆာင္အျဖစ္ လူတိုင္းက
လိေမၼာ္သီး တစ္လံုးစီရၾကတယ္။ ခရစ္စမတ္မွာ ကြ်န္ေတာ္တို႔ အတြက္ အစားအေသာက္ေကာင္းေတြ မရွိဘူး... ကစားစရာ အရုပ္မရွိဘူး...
ကြ်န္ေတာ္တို႔ရဲ႕ ေ၀စုဟာ လိေမၼာ္သီး တစ္လံုးပဲျဖစ္တယ္။

တစ္ႏွစ္ပတ္လံုး အမွား မက်ဴးလြန္တဲ့သူ၊ ေျပာစကားကို နားေထာင္ၿပီး၊ လိမၼာတဲ့သူမွ လိေမၼာ္သီးကို ရတာျဖစ္တယ္။ ဒါေၾကာင့္ ခရစ္စမတ္ရဲ႕ လိေမၼာ္သီးဟာ ကြ်န္ေတာ္တို႔ တစ္ႏွစ္ပတ္လံုးရဲ႕ ေမွ်ာ္လင့္ခ်က္ ျဖစ္ခဲ့ရတယ္။

ဒီလိုနဲ႔ ...
ခရစ္စမတ္ ပဲြေတာ္ရက္ တစ္ရက္ေရာက္လို႔လာျပန္တယ္။ အဲဒီရက္က ကြ်န္ေတာ့္အတြက္ ကမၻာပ်က္တဲ့ ေန႔ပဲ.... ကေလးေတြ အားလံုး လိေမၼာ္သီးရဖို႔အတြက္ ေက်ာင္းအုပ္ႀကီးေရွ႕ တန္းစီေနခ်ိန္မွာ ကြ်န္ေတာ္က အခန္းရဲ့ ေထာင့္တစ္ေနရာမွာ ျပစ္ဒဏ္ေပးခံေနရတယ္။
ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီႏွစ္ ေႏြတုန္းက ေက်ာင္းကေန ထြက္ေျပးဖို႔ ႀကိဳးစားခဲ့မိလို႔ပဲ။

လိေမၼာ္သီးရတဲ့ ကေလးေတြ ျခံထဲ ကစားခြင့္ရတဲ့ အခ်ိန္မွာ ကြ်န္ေတာ္က အိပ္ခန္းထဲမွာ တစ္ေယာက္ထဲ လဲေလွာင္းေနရတယ္။ ကြ်န္ေတာ္ အရမ္း၀မ္းနည္းတယ္၊ ရွက္လဲ ရွက္တယ္။ ႐ႈိတ္သံေတြကို မ်ဳိသိပ္ရင္း ကြ်န္ေတာ္ မ်က္ရည္က်တယ္။ ဒီေလာကမွာ ကြ်န္ေတာ္ အသက္ရွင္ေနတာ ဘာအဓိပၸါယ္မွ မရွိခဲ့ဘူးလုိ႔လဲခံစားရတယ္။

ခဏၾကာေတာ့ အခန္းထဲကုိ ေျခသံတစ္ခု ၀င္လာတာ ကြ်န္ေတာ္ ၾကားရၿပီး၊
ကြ်န္ေတာ့္ကိုယ္ကုိ လံုးေထြးပတ္ထားတဲ့ ေစာင္ကိုလည္း ဆဲြလွန္လိုက္ပါတယ္။
ကြ်န္ေတာ္ မ်က္စိကို ဖြင့္ၾကည့္လိုက္ေတာ့ ၀ီလီလို႔ေခၚတဲ့ ေကာင္ေလးတစ္ေယာက္
ကုတင္ေရွ႕မွာ ရပ္ေနတာကို ေတြ႕ပါတယ္။ သူ႔ ညာဖက္လက္မွာလည္း လိေမၼာ္သီးတစ္လံုး ဆုပ္ကိုင္ ထားၿပီး၊ ကြ်န္ေတာ္ကို ကမ္းေပးေနတယ္။

သူ႔ ဆီမွာ ဘယ္လိုလုပ္ၿပီး လိေမၼာ္သီး တစ္လံုးပိုေနရတာလဲ... ကြ်န္ေတာ္နားမလည္ပါ ... ၀ီလီကိုၾကည့္လိုက္၊ လိေမၼာ္သီး ကိုၾကည့္လိုက္နဲ႔ ကြ်န္ေတာ္ ဇေ၀ဇဝါၿဖစ္ေနမိတယ္။

၀ီလီက လက္ကို ေရွ႕တိုးၿပီး ထပ္ကမ္းေပးျပန္တယ္။ အခံြႏႊာထားတဲ့ လိေမၼာ္သီးကို ေသခ်ာၾကည့္ေတာ့မွ အရာရာကုိ ကြ်န္ေတာ္ သေဘာေပါက္ေတာ့တယ္။
ကြ်န္ေတာ္ မ်က္လံုးအိမ္မွာ မ်က္ရည္ေတြ ျပည့္လွ်ံလို႔ လာျပန္တယ္။

၀ီလီကမ္းေပးလာတဲ့ လိေမၼာ္သီးကို လက္ႏွစ္ဖက္နဲ႔ ကြ်န္ေတာ္ ယူလိုက္ပါတယ္။
လိေမၼာ္သီး အမႊာ တစ္ခုဆီတုိင္းဟာ၊ ကေလးဆယ္ေယာက္က တူတုိ႔ ေ၀စုရတဲ့
ဒီခရစ္စမတ္လိေမၼာ္သီးကေန တစ္မႊာဆီစုၿပီး၊ ကြ်န္ေတာ္ကိုလည္း လိေမၼာ္သီးတစ္လံုး ပိုင္ဆိုင္ေစခ်င္တဲ့ ဆႏၵနဲ႔ လိေမၼာ္သီး တစ္လံုးျဖစ္ေအာင္ ေပါင္း လိုက္တာပဲျဖစ္တယ္။

ကြ်န္ေတာ့္ဘ၀မွာ ...
အဲဒီ လိေမၼာ္သီးဟာ အခ်ဳိဆံုး၊ အေကာင္းဆံုး ခရစ္စမတ္လက္ေဆာင္ ျဖစ္ခဲ့တယ္။
သူတို႔ရဲ့ စာနာတတ္တဲ့ ေမတၱာကုိ ကြ်န္ေတာ္ေႏြးေထြးစြာခံစားလိုက္ရတယ္။

စာနာတတ္တဲ့ သူငယ္ခ်င္း မိတ္ေဆြဆိုတာ ဘ၀မွာ အဖိုးတန္တဲ့ အေပါင္းအေဖာ္ေတြပါ။ တစ္ဦးတစ္ေယာက္ မေတာ္တဆ ေျပာလိုက္မိတဲ့ စကားေလးတစ္ခြန္းနဲ႔ အျပဳအမႈအတြက္
သင္ စိတ္ထိခိုက္ေနသလား ... သင့္လက္ထဲက လိေမၼာ္ခ်ဳိေလး တစ္စိပ္ကို မွ်ေ၀လိုက္ပါ..... သင့္ႏွလံုးသားက ေျဖေဆးတစ္ခုျပန္ေပးပါလိမ့္မယ္.........

ရန္ကုန္ၿမိဳ႕မွာ မိဘမဲ့ကေလးထိန္းေက်ာင္း ၁၀၀ ေက်ာ္နဲ႔
မိဘမဲ့ခေလးေပါင္း ၁၅၀၀ ေက်ာ္ရွိတာျဖစ္တယ္။ ၇၅% က ခ်င္းလူမ်ဳိး
ကေလးသူငယ္မ်ားျဖစ္တယ္ ....
ဒီအျဖစ္အပ်က္မ်ဳိးဟာ တစ္ကယ္ျဖစ္ေနတာ၊ ျဖစ္ခဲ့တာရွိတယ္
အခုလည္းရွိတယ္၊ ကုိယ့္ေပါင္ကုိ လွန္ေထာင္ရလုိ႔ ရွက္မိပါတယ္ ...

လူလူခ်င္း ေက်းဇူးကၽြန္ျပဳမႈ၊ အသုံးခ်မႈ ကင္းၾကပါေစ ...

Credit : မုန္းခက္

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔မွ်ေဝေပးပါေနာ္...
#Unicode Version
 မိဘမဲ့ကျောင်းက ကြီးပြင်းလာခဲ့တဲ့ လူငယ်တစ်ယောက်က
တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံကို ပြန်လည်မျှဝေခြင်းဖြစ်တယ်။

ကျွန်တော် ငယ်ငယ်လေးကတည်းက မိဘတွေ ဆုံးပါးသွားခဲ့လို့ ၉နှစ်သားအရွယ်မှာ
မိဘမဲ့ ကျောင်းတစ်ကျောင်းမှာ သွားနေခဲ့ရတယ်။ မိဘမဲ့ကျောင်းလို့သာ ဆိုတယ် ထောင်နဲ့မကွာလှဘူး။ နေ့အချိန်မှာ ကျွန်တော်တို့ ၁၄ နာရီလောက် အလုပ်လုပ်ရတယ်။
ပန်းခြံမှာ ပန်းတွေ စိုက်ပျိုးရတယ်။ မီးဖိုမှာ ကူရတယ်။ တစ်ခါတလေ လယ်တွေ ထွန်ယက်ရတယ်။

တစ်နှစ်ပတ်လုံးမှာ ကျွန်တော်တို့အတွက် နားရက်တစ်ရက်ပဲ ရှိတယ်။
အဲဒီနေ့က ခရစ်စမတ်နေ့ပဲ။ အဲဒီနေ့မှာ ခရစ်စမတ်လက်ဆောင်အဖြစ် လူတိုင်းက
လိမ္မော်သီး တစ်လုံးစီရကြတယ်။ ခရစ်စမတ်မှာ ကျွန်တော်တို့ အတွက် အစားအသောက်ကောင်းတွေ မရှိဘူး... ကစားစရာ အရုပ်မရှိဘူး...
ကျွန်တော်တို့ရဲ့ ဝေစုဟာ လိမ္မော်သီး တစ်လုံးပဲဖြစ်တယ်။

တစ်နှစ်ပတ်လုံး အမှား မကျူးလွန်တဲ့သူ၊ ပြောစကားကို နားထောင်ပြီး၊ လိမ္မာတဲ့သူမှ လိမ္မော်သီးကို ရတာဖြစ်တယ်။ ဒါကြောင့် ခရစ်စမတ်ရဲ့ လိမ္မော်သီးဟာ ကျွန်တော်တို့ တစ်နှစ်ပတ်လုံးရဲ့ မျှော်လင့်ချက် ဖြစ်ခဲ့ရတယ်။

ဒီလိုနဲ့ ...
ခရစ်စမတ် ပွဲတော်ရက် တစ်ရက်ရောက်လို့လာပြန်တယ်။ အဲဒီရက်က ကျွန်တော့်အတွက် ကမ္ဘာပျက်တဲ့ နေ့ပဲ.... ကလေးတွေ အားလုံး လိမ္မော်သီးရဖို့အတွက် ကျောင်းအုပ်ကြီးရှေ့ တန်းစီနေချိန်မှာ ကျွန်တော်က အခန်းရဲ့ ထောင့်တစ်နေရာမှာ ပြစ်ဒဏ်ပေးခံနေရတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ် နွေတုန်းက ကျောင်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့မိလို့ပဲ။

လိမ္မော်သီးရတဲ့ ကလေးတွေ ခြံထဲ ကစားခွင့်ရတဲ့ အချိန်မှာ ကျွန်တော်က အိပ်ခန်းထဲမှာ တစ်ယောက်ထဲ လဲလှောင်းနေရတယ်။ ကျွန်တော် အရမ်းဝမ်းနည်းတယ်၊ ရှက်လဲ ရှက်တယ်။ ရှိုတ်သံတွေကို မျိုသိပ်ရင်း ကျွန်တော် မျက်ရည်ကျတယ်။ ဒီလောကမှာ ကျွန်တော် အသက်ရှင်နေတာ ဘာအဓိပ္ပါယ်မှ မရှိခဲ့ဘူးလို့လဲခံစားရတယ်။

ခဏကြာတော့ အခန်းထဲကို ခြေသံတစ်ခု ဝင်လာတာ ကျွန်တော် ကြားရပြီး၊
ကျွန်တော့်ကိုယ်ကို လုံးထွေးပတ်ထားတဲ့ စောင်ကိုလည်း ဆွဲလှန်လိုက်ပါတယ်။
ကျွန်တော် မျက်စိကို ဖွင့်ကြည့်လိုက်တော့ ဝီလီလို့ခေါ်တဲ့ ကောင်လေးတစ်ယောက်
ကုတင်ရှေ့မှာ ရပ်နေတာကို တွေ့ပါတယ်။ သူ့ ညာဖက်လက်မှာလည်း လိမ္မော်သီးတစ်လုံး ဆုပ်ကိုင် ထားပြီး၊ ကျွန်တော်ကို ကမ်းပေးနေတယ်။

သူ့ ဆီမှာ ဘယ်လိုလုပ်ပြီး လိမ္မော်သီး တစ်လုံးပိုနေရတာလဲ... ကျွန်တော်နားမလည်ပါ ... ဝီလီကိုကြည့်လိုက်၊ လိမ္မော်သီး ကိုကြည့်လိုက်နဲ့ ကျွန်တော် ဇဝေဇဝါဖြစ်နေမိတယ်။

ဝီလီက လက်ကို ရှေ့တိုးပြီး ထပ်ကမ်းပေးပြန်တယ်။ အခွံနွှာထားတဲ့ လိမ္မော်သီးကို သေချာကြည့်တော့မှ အရာရာကို ကျွန်တော် သဘောပေါက်တော့တယ်။
ကျွန်တော် မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံလို့ လာပြန်တယ်။

ဝီလီကမ်းပေးလာတဲ့ လိမ္မော်သီးကို လက်နှစ်ဖက်နဲ့ ကျွန်တော် ယူလိုက်ပါတယ်။
လိမ္မော်သီး အမွှာ တစ်ခုဆီတိုင်းဟာ၊ ကလေးဆယ်ယောက်က တူတို့ ဝေစုရတဲ့
ဒီခရစ်စမတ်လိမ္မော်သီးကနေ တစ်မွှာဆီစုပြီး၊ ကျွန်တော်ကိုလည်း လိမ္မော်သီးတစ်လုံး ပိုင်ဆိုင်စေချင်တဲ့ ဆန္ဒနဲ့ လိမ္မော်သီး တစ်လုံးဖြစ်အောင် ပေါင်း လိုက်တာပဲဖြစ်တယ်။

ကျွန်တော့်ဘဝမှာ ...
အဲဒီ လိမ္မော်သီးဟာ အချိုဆုံး၊ အကောင်းဆုံး ခရစ်စမတ်လက်ဆောင် ဖြစ်ခဲ့တယ်။
သူတို့ရဲ့ စာနာတတ်တဲ့ မေတ္တာကို ကျွန်တော်နွေးထွေးစွာခံစားလိုက်ရတယ်။

စာနာတတ်တဲ့ သူငယ်ချင်း မိတ်ဆွေဆိုတာ ဘဝမှာ အဖိုးတန်တဲ့ အပေါင်းအဖော်တွေပါ။ တစ်ဦးတစ်ယောက် မတော်တဆ ပြောလိုက်မိတဲ့ စကားလေးတစ်ခွန်းနဲ့ အပြုအမှုအတွက်
သင် စိတ်ထိခိုက်နေသလား ... သင့်လက်ထဲက လိမ္မော်ချိုလေး တစ်စိပ်ကို မျှဝေလိုက်ပါ..... သင့်နှလုံးသားက ဖြေဆေးတစ်ခုပြန်ပေးပါလိမ့်မယ်.........

ရန်ကုန်မြို့မှာ မိဘမဲ့ကလေးထိန်းကျောင်း ၁၀၀ ကျော်နဲ့
မိဘမဲ့ခလေးပေါင်း ၁၅၀၀ ကျော်ရှိတာဖြစ်တယ်။ ၇၅% က ချင်းလူမျိုး
ကလေးသူငယ်များဖြစ်တယ် ....
ဒီအဖြစ်အပျက်မျိုးဟာ တစ်ကယ်ဖြစ်နေတာ၊ ဖြစ်ခဲ့တာရှိတယ်
အခုလည်းရှိတယ်၊ ကိုယ့်ပေါင်ကို လှန်ထောင်ရလို့ ရှက်မိပါတယ် ...

လူလူချင်း ကျေးဇူးကျွန်ပြုမှု၊ အသုံးချမှု ကင်းကြပါစေ ...

Credit : မုန်းခက်

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top