iMyanmarHouse.com - Best Property Website for Myanmar
×

ႏွစ္ရက္ျခားတစ္ခါေလာက္ ေခါင္းေလွ်ာ္ေပမယ့္ ဆံပင္က အၿမဲေစးကပ္ၿပီး အဆီျပန္ေနရင္ေတာ့ သင့္မွာ အဆီျပန္တဲ့ ဦးေရျပားရွိေနတာ ေသခ်ာေနပါၿပီ။ ဒါကိုကာကြယ္ဖို႔အတြက္ နည္းလမ္းေကာင္း။

ဦးေရျပားအဆီျပန္တယ္ဆိုတာ ဘာလဲ။ဘာေၾကာင့္ျဖစ္ရသလဲ။

ဦးေရျပားက အဆီဆိုတာ ဆံသားေတြ က်န္းမာဖို႔ သဘာဝအတိုင္းစစ္ထုတ္ေပးထားတဲ့ အဆီေတြပါ။ဒါေပမယ့္ လိုတာထက္ပိုၿပီး ဆံပင္အဆီထြက္တာက ဦးေရျပားရဲ႕ အဆီဂလန္းေတြကေန ထုတ္လုပ္လိုက္တဲ့ Sebum နဲ႔ သဘာဝအဆီေတြ ပိုလွ်ံမႈေၾကာင့္ျဖစ္တာပါ။မ်ားေသာအားျဖင့္ ဦးေရျပားေပၚက Sebum ပါဝင္မႈဟာ အေရျပားကေန အဆီ ေလ်ာ့နည္းျခင္းနဲ႔ ျမန္ျမန္ေျခာက္ျခင္းကို ထိန္းသိမ္းေပးႏိုင္ပါတယ္။ဒါေပမယ့္ Sebumေတြ မ်ားလာတာက ဦးေရျပားနဲ႔ ဆံပင္ကို အဆီထြက္ေစၿပီး ေဗာက္ေတြကို  ျဖစ္ေပၚေစပါတယ္။ဦးေရျပားအဆီျပန္တာက ဆယ္ေက်ာ္သက္ေတြမွာ အမ်ားဆုံးေတြ႕ရေလ့ရွိၿပီး  ကိုယ္ဝန္ေဆာင္မိခင္ေတြ ကိုယ္ဝန္ေဆာင္ေနစဥ္ ေဟာ္မုန္းမညီမွ်တဲ့အခါမွာလည္း ျဖစ္ႏိုင္ပါတယ္။မ်ိဳး႐ိုးဗီဇ၊ေဟာ္မုန္းမညီမွ်မႈ၊အစားအေသာက္နဲ႔ေနထိုင္မႈပုံစံေတြနဲ႔လည္း သက္ဆိုင္ပါတယ္။ဒါ့အျပင္ေခါင္းေလွ်ာ္ရည္မေျပာင္တာ၊ေနာက္က်မွအိပ္တာ၊စိတ္ဖိစီးမႈမ်ားတာေတြေၾကာင့္လည္း ဦးေရျပားအဆီျပန္တတ္ပါတယ္။

ဦးေရျပားနဲ႔ ဆံသားကို ဘယ္လို ထိန္းသိမ္းရမလဲ

သင့္ေတာ္တဲ့ Shampooေတြနဲ႔ ေခါင္းေလွ်ာ္ပါ။ ခရင္မ္အရမ္းဆန္တဲ့ ေခါင္းေလွ်ာ္ရည္ေတြကို ေရွာင္ပါ။ေခါင္းေလွ်ာ္ရည္ေျပာင္းပါ။တစ္ခါတေလမွာ က္ိုယ္သုံးေနတာနဲ႔ ကိုယ္ဦးေရျပားနဲ႔ မကိုက္ညီ မသင့္ေတာ္တာေတြ ျဖစ္တတ္ပါတယ္။ကိုယ့္ဦးေရျပားက အဆီျပန္တတ္ေပမယ့္ အစိုဓာတ္ျဖည့္ေပးတဲ့ ေခါင္းေလွ်ာ္ရည္မ်ိဳးသုံးမိေနၿပီဆိုရင္ လႊင့္သာပစ္လိုက္ပါ။ဒါေတြက ဆံပင္ရဲ႕ ဝိတ္ကို ေအာက္က်သြားေစၿပီး သင့္ဆံပင္ကို ပိုၿပီး ဆိုး႐ြားေစပါတယ္။

ညဘက္ပိုင္းထက္ ေန႔ဘက္ပိုင္းေတြမွာ ေခါင္းေလွ်ာ္ပါ။ဘာေၾကာင့္လဲဆိုေတာ့ အဆီဂလန္းေတြက ဦးေရျပားကို ညဘက္မွာ ပိုၿပီး လႈံ႕ေဆာ္ႏိုင္လို႔ပါ။ေခါင္းေလွ်ာ္တဲ့အခါမွာလည္း  ဦးေရျပားကို ႏွံ႔စပ္ေအာင္ ႏွိပ္နယ္ပါ။မိနစ္ ၃၀ ေလာက္ အသာအယာ ႏွိပ္ေပးျခင္းကေန ဆဲလ္အေသေတြကို ဖယ္ရွားေပးႏိုင္ၿပီး ေခြၽးေပါက္ေတြ ပြင့္ေစလို႔ ဆံသားပိုေကာင္းေစပါတယ္။ ေရပူက Sebum ထုတ္လုပ္မႈကို လႈံ႕ေဆာ္ေပးႏိုင္လို႔ ေရေႏြးေႏြးေလးပဲ သုံးပါ။

ေပါင္းေဆး၊ေပ်ာ့ေဆးေတြ အမ်ားႀကီးမသုံးပါနဲ႔။အဆီျပန္တဲ့ဆံသားေတြက ေျခာက္ေသြ႕တဲ့ဆံသားေတြေလာက္ ေပါင္းေဆးေတြ၊ေပ်ာ့ေဆးေတြ မလိုအပ္ပါဘူး။ေပါင္းေဆး၊ေပ်ာ့ေဆးသုံးတာ နည္းေလေကာင္းေလပါပဲ။ ဦးေရျပားအတြက္ တိုနာသုံးေပးပါ။

ေရပူနဲ႔ ေခါင္းေလွ်ာ္တာ၊Hair Dryer မၾကာခဏသုံးတာေတြ ေရွာင္ၾကဥ္သင့္ၿပီး တင္းက်ပ္လြန္းတဲ့ က်စ္ဆံၿမီးေတြက်စ္တာ၊ ဦးထုပ္ကို ခပ္က်ပ္က်ပ္ ေဆာင္းတာမ်ိဳးေတြလည္း သတိထားသင့္ပါတယ္။
Credit:myanmar load
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

နှစ်ရက်ခြားတစ်ခါလောက် ခေါင်းလျှော်ပေမယ့် ဆံပင်က အမြဲစေးကပ်ပြီး အဆီပြန်နေရင်တော့ သင့်မှာ အဆီပြန်တဲ့ ဦးရေပြားရှိနေတာ သေချာနေပါပြီ။ ဒါကိုကာကွယ်ဖို့အတွက် နည်းလမ်းကောင်း။

ဦးရေပြားအဆီပြန်တယ်ဆိုတာ ဘာလဲ။ဘာကြောင့်ဖြစ်ရသလဲ။

ဦးရေပြားက အဆီဆိုတာ ဆံသားတွေ ကျန်းမာဖို့ သဘာဝအတိုင်းစစ်ထုတ်ပေးထားတဲ့ အဆီတွေပါ။ဒါပေမယ့် လိုတာထက်ပိုပြီး ဆံပင်အဆီထွက်တာက ဦးရေပြားရဲ့ အဆီဂလန်းတွေကနေ ထုတ်လုပ်လိုက်တဲ့ Sebum နဲ့ သဘာဝအဆီတွေ ပိုလျှံမှုကြောင့်ဖြစ်တာပါ။များသောအားဖြင့် ဦးရေပြားပေါ်က Sebum ပါဝင်မှုဟာ အရေပြားကနေ အဆီ လျော့နည်းခြင်းနဲ့ မြန်မြန်ခြောက်ခြင်းကို ထိန်းသိမ်းပေးနိုင်ပါတယ်။ဒါပေမယ့် Sebumတွေ များလာတာက ဦးရေပြားနဲ့ ဆံပင်ကို အဆီထွက်စေပြီး ဗောက်တွေကို  ဖြစ်ပေါ်စေပါတယ်။ဦးရေပြားအဆီပြန်တာက ဆယ်ကျော်သက်တွေမှာ အများဆုံးတွေ့ရလေ့ရှိပြီး  ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်နေစဉ် ဟော်မုန်းမညီမျှတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။မျိုးရိုးဗီဇ၊ဟော်မုန်းမညီမျှမှု၊အစားအသောက်နဲ့နေထိုင်မှုပုံစံတွေနဲ့လည်း သက်ဆိုင်ပါတယ်။ဒါ့အပြင်ခေါင်းလျှော်ရည်မပြောင်တာ၊နောက်ကျမှအိပ်တာ၊စိတ်ဖိစီးမှုများတာတွေကြောင့်လည်း ဦးရေပြားအဆီပြန်တတ်ပါတယ်။

ဦးရေပြားနဲ့ ဆံသားကို ဘယ်လို ထိန်းသိမ်းရမလဲ

သင့်တော်တဲ့ Shampooတွေနဲ့ ခေါင်းလျှော်ပါ။ ခရင်မ်အရမ်းဆန်တဲ့ ခေါင်းလျှော်ရည်တွေကို ရှောင်ပါ။ခေါင်းလျှော်ရည်ပြောင်းပါ။တစ်ခါတလေမှာ ကိုယ်သုံးနေတာနဲ့ ကိုယ်ဦးရေပြားနဲ့ မကိုက်ညီ မသင့်တော်တာတွေ ဖြစ်တတ်ပါတယ်။ကိုယ့်ဦးရေပြားက အဆီပြန်တတ်ပေမယ့် အစိုဓာတ်ဖြည့်ပေးတဲ့ ခေါင်းလျှော်ရည်မျိုးသုံးမိနေပြီဆိုရင် လွှင့်သာပစ်လိုက်ပါ။ဒါတွေက ဆံပင်ရဲ့ ဝိတ်ကို အောက်ကျသွားစေပြီး သင့်ဆံပင်ကို ပိုပြီး ဆိုးရွားစေပါတယ်။

ညဘက်ပိုင်းထက် နေ့ဘက်ပိုင်းတွေမှာ ခေါင်းလျှော်ပါ။ဘာကြောင့်လဲဆိုတော့ အဆီဂလန်းတွေက ဦးရေပြားကို ညဘက်မှာ ပိုပြီး လှုံ့ဆော်နိုင်လို့ပါ။ခေါင်းလျှော်တဲ့အခါမှာလည်း  ဦးရေပြားကို နှံ့စပ်အောင် နှိပ်နယ်ပါ။မိနစ် ၃၀ လောက် အသာအယာ နှိပ်ပေးခြင်းကနေ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပြီး ချွေးပေါက်တွေ ပွင့်စေလို့ ဆံသားပိုကောင်းစေပါတယ်။ ရေပူက Sebum ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်လို့ ရေနွေးနွေးလေးပဲ သုံးပါ။

ပေါင်းဆေး၊ပျော့ဆေးတွေ အများကြီးမသုံးပါနဲ့။အဆီပြန်တဲ့ဆံသားတွေက ခြောက်သွေ့တဲ့ဆံသားတွေလောက် ပေါင်းဆေးတွေ၊ပျော့ဆေးတွေ မလိုအပ်ပါဘူး။ပေါင်းဆေး၊ပျော့ဆေးသုံးတာ နည်းလေကောင်းလေပါပဲ။ ဦးရေပြားအတွက် တိုနာသုံးပေးပါ။

ရေပူနဲ့ ခေါင်းလျှော်တာ၊Hair Dryer မကြာခဏသုံးတာတွေ ရှောင်ကြဉ်သင့်ပြီး တင်းကျပ်လွန်းတဲ့ ကျစ်ဆံမြီးတွေကျစ်တာ၊ ဦးထုပ်ကို ခပ်ကျပ်ကျပ် ဆောင်းတာမျိုးတွေလည်း သတိထားသင့်ပါတယ်။

Credit:myanmar load

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top