iMyanmarHouse.com - Best Property Website for Myanmar
×

"မင္းငါ႔ကို ဘာလုိ႔လိမ္ရတာလဲ၊ မင္းေၾကာင္႔ ငါ႔အသည္းေတြ စုတ္ျပတ္သတ္ကုန္ၿပီ"
"နင္႔အေပၚ ငါပံုေအာၿပီး ယံုၾကည္ထားခဲ႔တာေတြအတြက္ ျပန္ရလိုက္တဲ႔ ဆုလာဘ္က ဒါလား? ဟုတ္ၿပီေလ ၿပီးၿပီ၊ ဒါေနာက္ဆံုးပဲ လူလိမ္ေကာင္ရဲ႕"
"အဲ႔ဒီအခ်ိန္မွာသာ ငါလိမ္မေျပာခဲ႔ဖူးဆိုရင္ အေျခအေနေတြက ဒီလိုအဆင္ေျပခ်င္မွ ေျပေနမွာေပါ႔"

ဟုတ္ပါတယ္၊ ဒါေတြအားလံုးဟာ လူသားေတြ အမ်ားအားျဖင္႔ ႀကံဳေတြ႔ေနၾကရတဲ႔ အေျခအေနေတြပါ။ ဒီလိုမ်ိဳး ခပ္ဆင္ဆင္ အျဖစ္အပ်က္ေတြကိုလည္း ႀကံဳေတြ႔ဖူးၾကပါလိမ္႔မယ္။ တစ္စံုတစ္ေယာက္က ကိုယ္႔အေပၚ လိမ္လိုက္တာကို သိလိုက္ရခ်ိန္က ရင္ထဲမွာ အေတာ္ကိုခံရခက္တဲ႔ အေျခအေနပါ။ ပမာဏအနည္းအမ်ားသာ ကြာခ်င္ကြာမယ္ လူေတြဟာ လိမ္တတ္ၾကပါတယ္။ လူေတြဘာလို႔လိမ္ၾကပါသလဲ? တစ္ခါတစ္ရံမွာ လိမ္တဲ႔သူကို ခြင္လႊတ္ေပးတတ္ၾကသလို၊ တစ္ခါတစ္ေလမွာေတာ႔ ခြင္႔မလႊတ္ၾကပါဘူး။ ဒါဟာလည္း လိမ္ရျခင္းရဲ႕ အေၾကာင္းရင္းနဲ႔ ပမာဏအနည္းအမ်ားနဲ႔ ဆိုင္ပါလိမ္႔မယ္။ တစ္ခ်ိဳ႕ေသာ လိမ္ျခင္းမ်ိဳးေတြကိုေတာ႔ အျဖဴေရာင္မုသားအျဖစ္ သံုးႏႈန္းေျပာဆိုတတ္ၾကပါေသးတယ္။

အျဖဴေရာင္မုသားဆိုတာ??

တစ္စံုတစ္ခုေသာ အေျခအေနေၾကာင္႔ တစ္ေယာက္ေယာက္ကို ကာကြယ္ခ်င္တာမ်ိဳးဟာ အျဖဴေရာင္မုသားစာရင္း၀င္ လိမ္နည္းမ်ိဳးပါပဲ။ ဥပမာ ကေလးငယ္ကို သူ႔အေဖေသသြားတာ မရွင္းျပသင္႔လို႔ ေဖေဖ အေ၀းႀကီးကို ခရီးထြက္သြားၿပီလို႔ လိမ္လိုက္တာမ်ိဳးေပါ႔။ ဒီေနရာမွာ အမွန္အတိုင္းေျပာလိုက္တာထက္ လိမ္လိုက္တာက ကေလးငယ္အတြက္ ပိုမိုစိတ္သက္သာရာ ရေစတယ္ မဟုတ္လား။
D65qlfybvcngnffuwbgx

တစ္ခါတစ္ရံမွာၾကေတာ႔ လူေတြဟာ ကိုယ္႔ကိုယ္ကို ကာကြယ္ဖို႔ လိမ္တတ္ၾကျပန္ပါေသးတယ္။ ကိုယ္႔စိတ္ထဲက ေၾကာက္စိတ္ေတြ၊ စိုးရိမ္မႈေတြကို မေပၚေအာင္ ရဲရင္႔ဟန္ေဆာင္တာမ်ိဳး။ ဒီလူ႔ကိုျမင္ရတာ မႏွစ္သက္ေပမယ္႔ ႏွစ္သက္ခ်င္ေယာင္ေဆာင္တာမ်ိဳး တစ္စံုတစ္ဦးကို တကယ္အထင္မႀကီးပဲ လွလိုက္တာ၊ ေတာ္လိုက္တာလို႔ ခ်ီးက်ဴးလိုက္တာမ်ိဳးေတြေပါ႔။ ဒီေနရာမွာေတာ႔ လူမႈေရးအရ လိမ္ရတာမ်ိဳးလို႔ ဆိုခ်င္ဆိုႏိုင္ပါတယ္။ ဒါေပမယ္႔ တစ္ခါတစ္ေလက်ေတာ႔ ကိုယ္က လိမ္လိုက္ကာမွ ဆက္ဆံေရးေတြ ပ်က္ကုန္တာေတြလညး္ ရွိတတ္တာမို႔ အဲ႔ဒါမ်ိဳးကိုေတာ႔ သတိထားပါ။

လူတစ္ေယာက္လိမ္ေနသလားဆိုတာ ဘယ္လိုသိႏိုင္မလဲ?

ဒါကေတာ႔ ေယဘူယ်အားျဖင္႔ အသံုး၀င္မယ္႔ အခ်က္တစ္ခုလို႔ ထင္ပါတယ္။ ကိုယ္႔မွာ စီးပြားေရးေတြလုပ္တဲ႔အခါ၊ လူစိမ္းေတြနဲ႔ ေျပာဆိုဆက္ဆက္တဲ႔အခါ ဒီလူဟာ ကိုယ္႔ကို လိမ္ေနသလား၊ မလိမ္ဘူးလားဆိုတာ ေျပာဆိုအကဲခတ္တတ္ရင္လည္း မဆိုးပါဘူး။

လိမ္ေနတဲ႔သူေတြဟာ...

၁ - သင္ေမးခြန္းတစ္ခုခု ေမးလိုက္ရင္ ခ်က္ျခင္းျပန္ၿပီး မေျဖဘူး။ အနည္းငယ္တံု႔ဆိုင္း စဥ္းစားၿပီးမွ ေျဖတတ္တယ္။ ၿပီးေတာ႔ စကားကို ေ၀႔လည္ေၾကာင္ပတ္ေတြ ေျပာေနမယ္။
၂ - မ်က္လံုးကို ေစ႔ေစ႔မၾကည္႔ရဲဘူး။ မေတာ္တဆ မ်က္လံုးခ်င္းဆံုမိသြားရင္လည္း မ်က္စိလႊဲသြားတတ္တယ္။
၃ - တစ္ခါတစ္ရံမွာ လက္၀ါးနဲ႔ ပါးစပ္ကိုဖုံးၿပီး စကားေျပာတတ္ေသးတယ္။
၄ - မၾကာခဏ ေခ်ာင္းဆိုသလိုလို၊ လည္ေခ်ာင္းရွင္းသလိုလို လုပ္မယ္။
၅ - ကိုယ္လက္ေတြက မၿငိမ္ပဲ လႈပ္ရွားေနမယ္။ ဥပမာ မ်က္မွန္ကိုကိုင္လိုက္၊ ရွပ္အကၤ်ီၾကယ္သီးကို ကိုင္လိုက္ လုပ္တာမ်ိဳး။

ဒီအခ်က္ေတြကေနတစ္ဆင္႔ လူတစ္ေယာက္ လိမ္ေနသလား မလိမ္ဘူးလားဆိုတာ အၾကမ္းအားျဖင္႔ အကဲျဖတ္လို႔ရမယ္ ထင္ပါတယ္။ သင္ကိုယ္တိုင္က လူလိမ္ေကာင္းတစ္ေယာက္ ျဖစ္ခ်င္တယ္ဆုိရင္ေတာ႔ ဒီအခ်က္ေတြကို ေရွာင္ေပါ႔ေလ။
Credit:momolay

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
 "မင်းငါ့ကို ဘာလို့လိမ်ရတာလဲ၊ မင်းကြောင့် ငါ့အသည်းတွေ စုတ်ပြတ်သတ်ကုန်ပြီ"
"နင့်အပေါ် ငါပုံအောပြီး ယုံကြည်ထားခဲ့တာတွေအတွက် ပြန်ရလိုက်တဲ့ ဆုလာဘ်က ဒါလား? ဟုတ်ပြီလေ ပြီးပြီ၊ ဒါနောက်ဆုံးပဲ လူလိမ်ကောင်ရဲ့"
"အဲ့ဒီအချိန်မှာသာ ငါလိမ်မပြောခဲ့ဖူးဆိုရင် အခြေအနေတွေက ဒီလိုအဆင်ပြေချင်မှ ပြေနေမှာပေါ့"

ဟုတ်ပါတယ်၊ ဒါတွေအားလုံးဟာ လူသားတွေ အများအားဖြင့် ကြုံတွေ့နေကြရတဲ့ အခြေအနေတွေပါ။ ဒီလိုမျိုး ခပ်ဆင်ဆင် အဖြစ်အပျက်တွေကိုလည်း ကြုံတွေ့ဖူးကြပါလိမ့်မယ်။ တစ်စုံတစ်ယောက်က ကိုယ့်အပေါ် လိမ်လိုက်တာကို သိလိုက်ရချိန်က ရင်ထဲမှာ အတော်ကိုခံရခက်တဲ့ အခြေအနေပါ။ ပမာဏအနည်းအများသာ ကွာချင်ကွာမယ် လူတွေဟာ လိမ်တတ်ကြပါတယ်။ လူတွေဘာလို့လိမ်ကြပါသလဲ? တစ်ခါတစ်ရံမှာ လိမ်တဲ့သူကို ခွင်လွှတ်ပေးတတ်ကြသလို၊ တစ်ခါတစ်လေမှာတော့ ခွင့်မလွှတ်ကြပါဘူး။ ဒါဟာလည်း လိမ်ရခြင်းရဲ့ အကြောင်းရင်းနဲ့ ပမာဏအနည်းအများနဲ့ ဆိုင်ပါလိမ့်မယ်။ တစ်ချို့သော လိမ်ခြင်းမျိုးတွေကိုတော့ အဖြူရောင်မုသားအဖြစ် သုံးနှုန်းပြောဆိုတတ်ကြပါသေးတယ်။

အဖြူရောင်မုသားဆိုတာ??

တစ်စုံတစ်ခုသော အခြေအနေကြောင့် တစ်ယောက်ယောက်ကို ကာကွယ်ချင်တာမျိုးဟာ အဖြူရောင်မုသားစာရင်းဝင် လိမ်နည်းမျိုးပါပဲ။ ဥပမာ ကလေးငယ်ကို သူ့အဖေသေသွားတာ မရှင်းပြသင့်လို့ ဖေဖေ အဝေးကြီးကို ခရီးထွက်သွားပြီလို့ လိမ်လိုက်တာမျိုးပေါ့။ ဒီနေရာမှာ အမှန်အတိုင်းပြောလိုက်တာထက် လိမ်လိုက်တာက ကလေးငယ်အတွက် ပိုမိုစိတ်သက်သာရာ ရစေတယ် မဟုတ်လား။
D65qlfybvcngnffuwbgx

တစ်ခါတစ်ရံမှာကြတော့ လူတွေဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လိမ်တတ်ကြပြန်ပါသေးတယ်။ ကိုယ့်စိတ်ထဲက ကြောက်စိတ်တွေ၊ စိုးရိမ်မှုတွေကို မပေါ်အောင် ရဲရင့်ဟန်ဆောင်တာမျိုး။ ဒီလူ့ကိုမြင်ရတာ မနှစ်သက်ပေမယ့် နှစ်သက်ချင်ယောင်ဆောင်တာမျိုး တစ်စုံတစ်ဦးကို တကယ်အထင်မကြီးပဲ လှလိုက်တာ၊ တော်လိုက်တာလို့ ချီးကျူးလိုက်တာမျိုးတွေပေါ့။ ဒီနေရာမှာတော့ လူမှုရေးအရ လိမ်ရတာမျိုးလို့ ဆိုချင်ဆိုနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ ကိုယ်က လိမ်လိုက်ကာမှ ဆက်ဆံရေးတွေ ပျက်ကုန်တာတွေလည်း ရှိတတ်တာမို့ အဲ့ဒါမျိုးကိုတော့ သတိထားပါ။

လူတစ်ယောက်လိမ်နေသလားဆိုတာ ဘယ်လိုသိနိုင်မလဲ?

ဒါကတော့ ယေဘူယျအားဖြင့် အသုံးဝင်မယ့် အချက်တစ်ခုလို့ ထင်ပါတယ်။ ကိုယ့်မှာ စီးပွားရေးတွေလုပ်တဲ့အခါ၊ လူစိမ်းတွေနဲ့ ပြောဆိုဆက်ဆက်တဲ့အခါ ဒီလူဟာ ကိုယ့်ကို လိမ်နေသလား၊ မလိမ်ဘူးလားဆိုတာ ပြောဆိုအကဲခတ်တတ်ရင်လည်း မဆိုးပါဘူး။

လိမ်နေတဲ့သူတွေဟာ...

၁ - သင်မေးခွန်းတစ်ခုခု မေးလိုက်ရင် ချက်ခြင်းပြန်ပြီး မဖြေဘူး။ အနည်းငယ်တုံ့ဆိုင်း စဉ်းစားပြီးမှ ဖြေတတ်တယ်။ ပြီးတော့ စကားကို ဝေ့လည်ကြောင်ပတ်တွေ ပြောနေမယ်။
၂ - မျက်လုံးကို စေ့စေ့မကြည့်ရဲဘူး။ မတော်တဆ မျက်လုံးချင်းဆုံမိသွားရင်လည်း မျက်စိလွှဲသွားတတ်တယ်။
၃ - တစ်ခါတစ်ရံမှာ လက်ဝါးနဲ့ ပါးစပ်ကိုဖုံးပြီး စကားပြောတတ်သေးတယ်။
၄ - မကြာခဏ ချောင်းဆိုသလိုလို၊ လည်ချောင်းရှင်းသလိုလို လုပ်မယ်။
၅ - ကိုယ်လက်တွေက မငြိမ်ပဲ လှုပ်ရှားနေမယ်။ ဥပမာ မျက်မှန်ကိုကိုင်လိုက်၊ ရှပ်အင်္ကျီကြယ်သီးကို ကိုင်လိုက် လုပ်တာမျိုး။

ဒီအချက်တွေကနေတစ်ဆင့် လူတစ်ယောက် လိမ်နေသလား မလိမ်ဘူးလားဆိုတာ အကြမ်းအားဖြင့် အကဲဖြတ်လို့ရမယ် ထင်ပါတယ်။ သင်ကိုယ်တိုင်က လူလိမ်ကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို ရှောင်ပေါ့လေ။
Credit:momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top