iMyanmarHouse.com - Best Property Website for Myanmar
×

ေပ်ာ္ရင္လည္းမ်က္ရည္က်သလို၊ ၀မ္းနည္းရင္လည္း မ်က္ရည္က်ပါတယ္။ လူသားတိုင္း စိတ္ခံစားခ်က္အမ်ိဳးမ်ိဳးေၾကာင့္ မ်က္ရည္က်ရပါတယ္။ ခ်စ္သူႏွစ္ဦးလမ္းခြဲလိုက္လို႔၊ အလုပ္မွာ စိတ္ညစ္စရာေတြရွိလို႔နဲ႔ ရုပ္ရွင္ၾကည့္ရင္ စသျဖင့္ မ်က္ရည္က်ရပါတယ္။ ပါးျပင္ေပၚကေန ငံက်ိက်ိမ်က္ရည္ေတြ ဆင္းက်တာ၊ မ်က္ရည္၀ဲလာရင္ မ်က္လံုးေတြ ၀ါးတားတားျဖစ္သြားတာ၊ ငိုတာမ်ားရင္ မ်က္လံုးေရာင္တာတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

ကၽြန္မတို႔ လူသားေတြဟာ ပ်မ္းမွ်အားျဖင့္ တစ္ေန႔ကို မ်က္ရည္ ၁၀ ေအာင္ဆ တစ္ႏွစ္ကို မ်က္ရည္ ဂါလန္ ၃၀ ထုတ္ၾကပါတယ္တဲ့။ မ်က္ရည္က်တာဟာ ဘယ္လိုအက်ိဳးေက်းဇဴးေတြရွိပါတယ္။

အဆိပ္အေတာက္ေတြထုတ္ေပးတယ္

ငိုလိုက္ရင္ စိတ္ရွင္းသြားတာသာမက ခႏၱာကိုယ္အတြင္က အဆိပ္အေတာက္ေတြကို ရွင္းထုတ္ေပးပါတယ္။ စိတ္ဖိစီးလို႔ စိတ္ညစ္လို႔ ငိုလိုက္ရင္ စိတ္ဖိစီးမႈေတြကို သက္သာေစပါတယ္။

ဘက္တီးရီးယားေတြကို ေသေစႏိုင္တယ္။

ငိုေၾကြးျခင္းရဲ့ေနာက္ထပ္ အက်ိဳးရလဒ္ကေတာ့ ဘက္တီးရီးယားေတြကို ေသေစႏိုင္တာပါပဲ။

အျမင္အာရံုကို တိုးတက္ေစတယ္

မ်က္ရည္က်ၿပီးၿပီးဆိုရင္အျမင္အာရံုေတြကို ရွင္းလင္းေစပါတယ္။ မ်က္ရည္ဟာ မ်က္လံုးက အေျမွးပါး ေရဓါတ္ခမ္းေျခာက္ျခင္းကိုကာကြယ္ေပးပါတယ္။

စိတ္ခံစားခ်က္ကို ေကာင္းမြန္ေစျခင္း

မ်က္ရည္က်လိုက္ၿပီဆိုရင္ ညစ္ႏြမ္းေနတဲ့စိတ္ခံစားခ်က္ေတြကို ပိုမိုေကာင္းမြန္ေစပါတယ္။ ငိုတဲ့သူေတြဟာ မငိတတ္တဲ့သူေတြထက္ စိတ္ခံစားခ်က္ပိုၿပီးေကာင္းမြန္ၾကပါတယ္။

စိတ္ဖိစီးမႈ ေျပေပ်ာက္ေစတယ္

အားရပါးရငိုၿပီးသြားရင္ စိတ္ဖိစီးတာေတြ သက္သာလာၿပီး အရင္လို မျပင္းထန္းေတာ့ပါဘူး။ စိတ္ဖိစီးေနတဲ့ ေဟာ္မုန္းေတြ နဲ႔ အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးတာေၾကာင့္ပါ။

လူမႈဆက္ဆံေရး တိုးတက္လာျခင္း

မ်က္ရည္ဟာ လူမႈဆက္ဆံေရးမွာ စကားနဲ႔ေဖာ္ျပစရာမလိုတဲ့ ျပယုဒ္တစ္ခုျဖစ္ပါတယ္။ ကိုယ္သူ႔အေပၚ ဘယ္ေလာက္ခ်စ္ေၾကာင့္ ဘယ္ေလာက္တန္ဖိုးထားေၾကာင္းကို ဘယ္ေလာက္ထပ္တူခံစားရေၾကာင္း ျပသတဲ့သေဘာျဖစ္ပါတယ္။ အတူတူရယ္ဖူးတဲ့သူထက္ အတူတူငိုဖူးတဲ့သူေတြကို လူေတြက ပိုတန္ဖိုးထား သတိရတတ္ၾကတာပါ။
Credit:mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ပျော်ရင်လည်းမျက်ရည်ကျသလို၊ ဝမ်းနည်းရင်လည်း မျက်ရည်ကျပါတယ်။ လူသားတိုင်း စိတ်ခံစားချက်အမျိုးမျိုးကြောင့် မျက်ရည်ကျရပါတယ်။ ချစ်သူနှစ်ဦးလမ်းခွဲလိုက်လို့၊ အလုပ်မှာ စိတ်ညစ်စရာတွေရှိလို့နဲ့ ရုပ်ရှင်ကြည့်ရင် စသဖြင့် မျက်ရည်ကျရပါတယ်။ ပါးပြင်ပေါ်ကနေ ငံကျိကျိမျက်ရည်တွေ ဆင်းကျတာ၊ မျက်ရည်ဝဲလာရင် မျက်လုံးတွေ ဝါးတားတားဖြစ်သွားတာ၊ ငိုတာများရင် မျက်လုံးရောင်တာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ကျွန်မတို့ လူသားတွေဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို မျက်ရည် ၁၀ အောင်ဆ တစ်နှစ်ကို မျက်ရည် ဂါလန် ၃၀ ထုတ်ကြပါတယ်တဲ့။ မျက်ရည်ကျတာဟာ ဘယ်လိုအကျိုးကျေးဇူးတွေရှိပါတယ်။

အဆိပ်အတောက်တွေထုတ်ပေးတယ်

ငိုလိုက်ရင် စိတ်ရှင်းသွားတာသာမက ခန္တာကိုယ်အတွင်က အဆိပ်အတောက်တွေကို ရှင်းထုတ်ပေးပါတယ်။ စိတ်ဖိစီးလို့ စိတ်ညစ်လို့ ငိုလိုက်ရင် စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။

ဘက်တီးရီးယားတွေကို သေစေနိုင်တယ်။

ငိုကြွေးခြင်းရဲ့နောက်ထပ် အကျိုးရလဒ်ကတော့ ဘက်တီးရီးယားတွေကို သေစေနိုင်တာပါပဲ။

အမြင်အာရုံကို တိုးတက်စေတယ်

မျက်ရည်ကျပြီးပြီးဆိုရင်အမြင်အာရုံတွေကို ရှင်းလင်းစေပါတယ်။ မျက်ရည်ဟာ မျက်လုံးက အမြှေးပါး ရေဓါတ်ခမ်းခြောက်ခြင်းကိုကာကွယ်ပေးပါတယ်။

စိတ်ခံစားချက်ကို ကောင်းမွန်စေခြင်း

မျက်ရည်ကျလိုက်ပြီဆိုရင် ညစ်နွမ်းနေတဲ့စိတ်ခံစားချက်တွေကို ပိုမိုကောင်းမွန်စေပါတယ်။ ငိုတဲ့သူတွေဟာ မငိတတ်တဲ့သူတွေထက် စိတ်ခံစားချက်ပိုပြီးကောင်းမွန်ကြပါတယ်။

စိတ်ဖိစီးမှု ပြေပျောက်စေတယ်

အားရပါးရငိုပြီးသွားရင် စိတ်ဖိစီးတာတွေ သက်သာလာပြီး အရင်လို မပြင်းထန်းတော့ပါဘူး။ စိတ်ဖိစီးနေတဲ့ ဟော်မုန်းတွေ နဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးတာကြောင့်ပါ။

လူမှုဆက်ဆံရေး တိုးတက်လာခြင်း

မျက်ရည်ဟာ လူမှုဆက်ဆံရေးမှာ စကားနဲ့ဖော်ပြစရာမလိုတဲ့ ပြယုဒ်တစ်ခုဖြစ်ပါတယ်။ ကိုယ်သူ့အပေါ် ဘယ်လောက်ချစ်ကြောင့် ဘယ်လောက်တန်ဖိုးထားကြောင်းကို ဘယ်လောက်ထပ်တူခံစားရကြောင်း ပြသတဲ့သဘောဖြစ်ပါတယ်။ အတူတူရယ်ဖူးတဲ့သူထက် အတူတူငိုဖူးတဲ့သူတွေကို လူတွေက ပိုတန်ဖိုးထား သတိရတတ်ကြတာပါ။

Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top