iMyanmarHouse.com - Best Property Website for Myanmar
×



#ဆေးနည်း

~~~~~~~~~~~~~~~


#ဆေးနည်း

~~~~~~~~~~~~~~~


#ဆေးနည်း





#Unicode Version
နှာရည်ပုပ်ခြင်း ၊ နှာခေါင်းပိတ်ခြင်း၊ ရိုးရိုး အဆက်မပြတ် ချောင်းတဟွတ် ဟွတ် ဆိုးခြင်းများအတွက် လက်တွေ့ပျောက်ကင်းတဲ့ ဆေးနည်းတိုလေးပါ ၊၊ လိုအပ်လျှင် အသုံးပြုကြည့်နိုင်ပါရန် တဆင့်ပြန်လည် မျှဝေလိုက်ပါတယ်ရှင် .....

#နှာခေါင်းမှ နှာရည်အဆက်မပြတ် စီးကျပြီး မကြာခဏ ညှစ်ထုတ်ရခြင်း ၊
#နှာခေါင်း နီရဲ ရောင်ရမ်း၍ နှာခေါင်းအဝများ အထိမခံနိုင်လောက်အောင်
နာကျင်စွာ ခံစားရခြင်း ၊
#ကြာရှည်၌ နှာရည်များ ပုပ်အက်အက် အနံ့ပင် ထွက်လာခြင်းအတွက် .....

#ဆေးနည်း
ကင်ပွန်းသီး ရင့်ရင့် အခြောက်တစ်တောင့်အား သန့်စင်
အောင်ဆေး၊ ကျောက်ပျဉ်သန့်သန့်တွင် ဆန်ဆေးရည်နှင့် ခပ်ပျစ်ပျစ်သွေးပြီး
ထိုဆေးရည်ကို နှာခေါင်းတစ်ခုလုံး ခပ်ထူထူ လိမ်းပေးပါ ၊၊ နှာခေါင်းဝအတွင်းသို့
ဖြေးညင်းစွာ ခပ်ပါးပါးလေး ထည့်သွင်းသုတ်လိမ်းပေးရင်း ဖြေးညင်းစွာ ရှူပေးရပါ
မည် ၊၊ အားလုံး လိမ်းပြီးပါက ပက်လက်လှန်၍ ဆေးခြောက်သွားသည်အထိ ငြိမ်
သက်စွာ နားရပါမည် ၊၊ နံနက်တစ်ကြိမ် ၊ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်၊ (၃ ) ရက်
ခန့်လိမ်းပြီးပါက သိသာစွာ သက်သာလာမည်၊၊ ရောဂါနုလျှင် တစ်ပတ်ခန့်
ရောဂါကြီးမားပါက နှစ်ပတ်ခန့် ကြာတတ်ပါသည် ၊၊နှစ်ပတ်နှင့် မပျောက်ကင်းပါက
လည်း ဇွဲမလျော့ပဲ ပုံမှန်လိမ်းပေးပါက သက်သာစွာ ပျောက်ကင်းစေပါသည်၊၊

~~~~~~~~~~~~~~~

#နှစ်ရှည်လများ နှာခေါင်းပိတ်ခြင်း ၊
#နှာခေါင်းဖြင့် အသက်ရှူမရပဲ ပါးစပ်ဖြင့် အသက်ရှူရခြင်း အတွက် .....

#ဆေးနည်း
လင်ပန်း ( သို့) ဒယ်အိုးဖုံးပေါ ်တွင် မီးအရှိန်နီရဲနေသော မီးခဲလက်သီးစုပ်ခန့် လေးငါးခဲတင်ပါ ၊၊ကင်ပွန်းသီး ရင့်ရင့် အခြောက် တစ်တောင့်
အား ထိုမီးခဲပေါ ်သို့တင်ပြီး မီးခိုးငွေ့အား ခံသာရုံ အနေ ဖြေးညင်းစွာ ရှူပါ ၊၊
အစ၌ ရှူရခက်သော်လည်း နှာဝအတွင်း အငွေ့ဝင်စေဖို့ လိုပါမည်၊၊ တစ်ကြိမ်
ဆောင်ရွက်ရုံဖြင့် မထူးခြားနိုင်ပါ ၊၊ မိမိ ရောဂါ အနုအရင့် ကိုလိုက်ပြီး နံနက်တစ်
ကြိမ်၊ ည တစ်ကြိမ် ဆောင်ရွက်ပါ၊၊ ( ၃)(၄ ) ရက်ခန့် အကြာတွင် နှာခေါင်းမှ
နှပ်များ အတောင့်လိုက် ထွက်ကျလာပါမည် ၊၊

~~~~~~~~~~~~~~~

* ရိုးရိုး ချောင်းတဟွတ်ဟွတ် အဆက်မပြတ်ဆိုးပါက .....

#ဆေးနည်း
မည်သည့်ပဲပင်ပေါက် အမျိုးအစားဖြစ်စေ ၅ကျပ်သားခန့်အား
သန့်စင်အောင်ဆေးကြော ၊ မတ်ခွက်ထဲထည့် ၊ ပွက်ပွက်ဆူထားသော ရေနွေးအ
ဖြူအား ပဲပင်ပေါက်မြှုပ်ရုံ လောင်းထည့်၊၊ ( ၃) မိနစ်ခန့်ထားပြီး ထိုအရည်ကို နည်း
နည်းခြင်း ကုန်စင်အောင် သောက်သုံးရမည်၊၊ တစ်နေ့ (၃ )ကြိမ်နှုန်း၊ ( ၃) ရက်
ခန့်အကြာ၌ လုံးဝပျောက်ကင်းဧ၊၊် ၊၊

<မှတ်ချက်၊၊ ဆောင်းပါးရှင်ဧ၊၊် ကိုယ်တွေ့နည်း>

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit::ဆောင်းပါးရှင် ~ ဦးကိုကိုကြီး &
ကျန်းမာရေးအတွက်ဆေးတစ်ခွက် & Oo Oo Aye
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top