iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူနဲ႔ ရန္ျဖစ္ေနရတာက တကယ္ေတာ့ ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ေတြကို ျဖဳန္းေနတာနဲ႔အတူတူပါပဲ။ ကိစၥအေသးေလးနဲဲ႔ပဲျဖစ္ျဖစ္ ၾကီးမားတဲ့ ကိစၥမ်ိဳးပဲျဖစ္ျဖစ္ တစ္ေယာက္ကို တစ္ေယာက္အေလွ်ာ့မေပးပဲ တင္းထားၾကရင္ေတ့ာ အဆင္ေျပမွာမဟုတ္ဘူးေလ။ ဒီေတာ့ ခ်စ္သူေတြ ရင္ဆိုင္ေနၾကတဲ့ ရန္ပြဲေလးေတြကို ေျဖရွင္ေပးႏိုင္မယ့္ နည္းလမ္းေကာင္းေတြ ေျပာျပေပးမယ္။

(၁) ရန္ျဖစ္ၾကတဲ့အခါ တစ္ေယာက္နဲ႔ တစ္ေယာက္ နီးနီးကပ္ကပ္ရွိေနၾကပါ။
တစ္ေယာက္နဲဲ႔ တစ္ေယာက္အခဲမေၾက တစ္ေယာက္တစ္ခြန္း စကားမ်ားၾကတဲ့ အခါ ဟုိဘက္ကေန ဒီဘက္ကို လွမ္းေအာ္ေျပာတာတို႔ ဖုန္းထဲကေန ပဲ စကားႏိုင္လုပြဲ က်င္းပတာတို႔ လုပ္ၾကမယ့္အစား တစ္ေယာက္ေဘးမွာ တစ္ေယာက္နီးနီးကပ္ကပ္ထုိင္ျပီး ေျဖရွင္းပါ။ ခ်စ္သူလက္ေလးကို ကိုင္ထားတာပဲျဖစ္ျဖစ္ တစ္ေယာက္ကို တစ္ေယာက္ ထိေတြ႔မိၾကတဲ့အခါ တင္းေနတဲ့ စိတ္ေလးေတြ ေျပေလ်ာ့သြားတယ္။ မုန္းေနၾကတဲ့ သူေတြမွ မဟုတ္ဘဲေလ။ တခါတေလ ရန္ပြဲတစ္ခုနဲ႔ခ်စ္သူႏွစ္ေယာက္ၾကားမွာ လိုအပ္တာက ေႏြးေထြးၾကင္နာတဲ့ ခ်စ္သူရဲ႔ အထိအေတြ႔ေလးပါ။

(၂) အေသးအဖြဲကိစၥေလးေတြမွာ တစ္ေယာက္နဲ႔တစ္ေယာက္အေလွ်ာ့ေပးပါ။
ခ်စ္သူႏွစ္ေယာက္မွာ ႏွစ္ေယာက္လံုးက တင္းထားလို႔ေတာ့ ဘယ္ျဖစ္မလဲေနာ္။ ဘာမဟုတ္တဲ့ ကိစၥအေသးေလးေတြဆိုရင္ တစ္ဖက္ကေတာ့ အေလွ်ာ့ေပးမွ ျဖစ္မယ္ေလ။ တခါတေလ ကိုယ့္ဘက္က မွန္တယ္ထင္ေနေပမယ့္ အေလွ်ာ့ေပးလိုက္လို႔ ဘာဆိုးက်ိဳးမွ ျဖစ္မသြားဘူးဆိုရင္ အေတြးေလးေျပာင္းေတြးၾကည့္ျပီး အေလွ်ာ့ေပးလိုက္ေပါ့။

(၃) ရန္ျဖစ္ၾကတဲ့အခါ စကားကို အျမဲထိန္းေျပာပါ။
လူေတြဟာ စိတ္တိုရင္ေတာ့ ကိုယ္ေျပာခ်င္တာ မေက်နပ္တာေတြ ေျပာထြက္မိသြားတတ္ၾကတယ္။ သတိလက္လြတ္ျဖစ္သြားတဲ့အခါ ကုိယ့္ခ်စ္သူကို နာက်င္ေစတဲ့ စကားလံုးေတြ အားနည္းခ်က္ကို ရိုက္ႏွက္တဲ့စကားေတြ သူမၾကိဳက္တဲ့ စကားေလးေတြကို ေရြးေျပာမိရက္သားျဖစ္သြားတတ္တယ္။ တခါတေလ ကိုယ္ေျပာလိုက္တဲ့ စကားေတြက သူ႔ကို သိပ္နာက်င္သြားေစတတ္တာမ်ိဳးလည္း ျဖစ္တတ္တယ္။ ဒါ့ေၾကာင့္ အခ်င္းမ်ားရင္ စကားကို ၾကည့္ေျပာပါ။ ခ်င့္ခ်ိန္ေျပာပါ။ ခ်စ္သူေျပာတဲ့စကားေလးကို ေသခ်ာနားေထာင္ေပးပါ။

(၄) ရန္ပြဲကို ေဘးဖယ္ထားျပီး ခဏေလာက္ အဆက္အသြယ္မလုပ္ပဲ ေနၾကည့္ပါ။
ရန္ျဖစ္တယ္ စကားမ်ားတယ္ဆိုတာ အခုျဖစ္အခုေျပလည္သြားတာမ်ိဳးမဟုတ္ဘူးေလ။ ၿငင္းမယ္ ခုန္မယ္ စကားႏိုင္လုမယ္ ေျဖရွင္းခ်က္ရွာမယ္။ တခါတေလ အသက္ကို ျပင္းျပင္းရွဳႏွစ္ေယာက္လံုး စိတ္ေအးေအးေလးထားၾကည့္ဖို႔ အခ်ိန္လိုပါတယ္။ ညွိလို႔မရတဲ့ အေျခေနထိ ဆိုးလာရင္ ဆက္မေျပာၾကပါနဲ႔ေတာ့။ ခနေလာက္ရပ္ထားပါ။ ႏွစ္ေယာက္လံုး ေသြးေအးသြားမဲ့ အခ်ိန္ထိေစာင့္ျပီး ေသခ်ာေတြးျပီး ေျဖရွင္းၾကပါ။ ခ်စ္သူကို ေျပာလိုက္ပါ။ ငါတို႔ ေတာ့ ဘယ္ခ်ိန္ေလာက္မွ စကားျပန္ေျပာမယ္။ အေျဖဆက္ညွိၾကမယ္ေပါ့။ ဒီလို စကားမေျပာပဲ ေနမယ္ဆိုတာ ျပသနာကို ေရွာင္လြဲတာေတာ့မဟုတ္ပါဘူး။ ဒါဟာ ျဖစ္လာတဲ့ အဖုအထစ္ေတြကို ေခါင္းေအးေအးနဲ႔ ေလးေလးနက္နက္ ေျဖရွင္းဖို႔ပါ။

(၅) ေနရာေျပာင္းျပီး ရန္ျဖစ္ၾကပါ။ ၿငင္းခုန္ၾကပါ။
တေနရာထဲမွာပဲ အခ်ိန္ၾကာၾကာၾကီး ရန္ျဖစ္ရတာ ပ်င္းဖို႔ ေကာင္းလားလို႔ ။။ တကယ္ေတာ့ တေနရာထဲမွာ ၿငင္းေနလို႔ ညွိေနရတာ အဆင္မေျပရင္ အျပင္ထြက္ၾကည့္ပါ။ ႏွစ္ေယာက္လံုးအတြက္ ပိုျပီး လြတ္လြတ္လပ္လပ္ရွိမယ့္ေနရာမ်ိုးကို သြားျပီး ေျဖရွင္းပါ။ ေနရာေျပာင္းလိုက္ေတာ့ စိတ္ေျပာင္းျ႔ပီး အနည္းဆံုး အျငင္းအခံုေလးေတြကို ေလ်ာ့ေစတာေပါ့။

(၆) အတူတူ လမ္းေလ်ာက္ပါ။
ရန္ျဖစ္ေနၾကတာလည္း ၾကာျပီ အဆင္ကလည္းမေျပေသးဘူးဆိုရင္ ခ်စ္သူနဲ႔အတူ လမ္းေလွ်ာက္ဖို႔စိတ္ကူးလိုက္ပါ။ လမ္းအတူတူေလ်ာက္ စကားေလးေတြ ေျပာ ေျပလည္ရာေျပလည္ေၾကာင္းေလးေျပာေပ့ါ။ ဒီလို လမ္းအတူတူ ေလ်ာက္တဲ့အခါ တစ္လမ္းထဲ ေရာက္သြားတဲ့ သေဘာကို ေရာက္သြားျပီး စိတ္ႏွစ္ခုကို ဦးတည္ခ်က္တစ္ခုထဲမွာ ေပါင္းစည္းလိုက္သလိုပါပဲ။ ခ်စ္သူႏွစ္ေယာက္ရဲ႔ စိတ္ကို ပိုနီးစပ္သြားေစပါတယ္။ ႏွစ္ေယာက္ၾကားက တင္းမာမွဳေတြကို ေလ်ာ့ေစပါတယ္။

(၇) သူေျပာတဲ့ စကားကို ေသခ်ာ နားေထာင္ေပးပါ။
ရန္ပြဲေတြမွာ တဖက္သားကို တကယ္စိတ္တိုေစတာက ကိုယ္ေျပာတာကို သူနားမေထာင္ဘူး။ အေရးမစို္က္ဘူးဆိုတာေတြပဲ။ ဒါဟာ ႏွစ္ေယာက္ဆက္ဆံေရးကို ပိုတင္းမာေစပါတယ္။ ဒါ့ေၾကာင့္ ခ်စ္သူကို ေျပာပါ။ ဘာေျပာခ်င္လဲ နားေထာင္ေပးမယ္ ဒီကိစၥကို ဘယ္လိုထင္လဲ ဘယ္လို ေျဖရွင္းခ်င္လဲ စိတ္ထဲမွာ ဘာေတြရွိလဲ အရင္ေျပာျပခိုင္းျပီး သူေျပာတာေလးကို နားေထာင္ေပးလိုက္ရံုပါ။ ဒီနည္းနဲ႔ ခ်စ္သူရဲ႔ မေက်နပ္တာေတြကို အမ်ားၾကီး ေလွ်ာ့ခ်လို႔ရပါတယ္။

ခ်စ္သူရည္းစားဆိုတာ သေဘာထားမတိုက္ဆိုင္တာမ်ိဳး၊ သ၀န္တိုတတ္တာမ်ိဳး၊ ခ်ဳပ္ခ်ယ္တတ္တာမ်ိဳး၊ အရမ္းၾကီး ရစ္တာမ်ိဳးဆိုရင္ေတာ့ ရန္ျဖစ္တတ္ၾကတာပဲ။ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္မွ ပိုခ်စ္ၾကတာလို႔ ေျပာၾကေပမဲ့ ခဏခဏ အခ်င္းမ်ားေနၾကလို႔လဲ မေကာင္းဘူးမို႔လား။ သာယာေပ်ာ္ရႊင္စရာေကာင္းတဲ့ ခ်စ္သူဘ၀ မွာ တစ္ေယာက္ကို တေယာက္ နားလည္မွဳအျပည့္နဲ႔ တေယာက္အလို တစ္ေယာက္ အေလွ်ာ့ေပးျပီး ေနသြားၾကမွ တည္တ႔႔ံမွာေပ့ါ။ ခ်စ္သူေတြ အားလံုးေပ်ာ္ရႊင္ၾကည္ႏူးႏိုင္ၾကပါေစ။

Credit: For Her Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ချစ်သူနဲ့ ရန်ဖြစ်နေရတာက တကယ်တော့ ပျော်စရာကောင်းတဲ့ အချိန်တွေကို ဖြုန်းနေတာနဲ့အတူတူပါပဲ။ ကိစ္စအသေးလေးနဲ့ပဲဖြစ်ဖြစ် ကြီးမားတဲ့ ကိစ္စမျိုးပဲဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက်အလျှော့မပေးပဲ တင်းထားကြရင်တေ့ာ အဆင်ပြေမှာမဟုတ်ဘူးလေ။ ဒီတော့ ချစ်သူတွေ ရင်ဆိုင်နေကြတဲ့ ရန်ပွဲလေးတွေကို ဖြေရှင်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေ ပြောပြပေးမယ်။

(၁) ရန်ဖြစ်ကြတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ်ရှိနေကြပါ။
တစ်ယောက်နဲ့ တစ်ယောက်အခဲမကြေ တစ်ယောက်တစ်ခွန်း စကားများကြတဲ့ အခါ ဟိုဘက်ကနေ ဒီဘက်ကို လှမ်းအော်ပြောတာတို့ ဖုန်းထဲကနေ ပဲ စကားနိုင်လုပွဲ ကျင်းပတာတို့ လုပ်ကြမယ့်အစား တစ်ယောက်ဘေးမှာ တစ်ယောက်နီးနီးကပ်ကပ်ထိုင်ပြီး ဖြေရှင်းပါ။ ချစ်သူလက်လေးကို ကိုင်ထားတာပဲဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက် ထိတွေ့မိကြတဲ့အခါ တင်းနေတဲ့ စိတ်လေးတွေ ပြေလျော့သွားတယ်။ မုန်းနေကြတဲ့ သူတွေမှ မဟုတ်ဘဲလေ။ တခါတလေ ရန်ပွဲတစ်ခုနဲ့ချစ်သူနှစ်ယောက်ကြားမှာ လိုအပ်တာက နွေးထွေးကြင်နာတဲ့ ချစ်သူရဲ့ အထိအတွေ့လေးပါ။

(၂) အသေးအဖွဲကိစ္စလေးတွေမှာ တစ်ယောက်နဲ့တစ်ယောက်အလျှော့ပေးပါ။
ချစ်သူနှစ်ယောက်မှာ နှစ်ယောက်လုံးက တင်းထားလို့တော့ ဘယ်ဖြစ်မလဲနော်။ ဘာမဟုတ်တဲ့ ကိစ္စအသေးလေးတွေဆိုရင် တစ်ဖက်ကတော့ အလျှော့ပေးမှ ဖြစ်မယ်လေ။ တခါတလေ ကိုယ့်ဘက်က မှန်တယ်ထင်နေပေမယ့် အလျှော့ပေးလိုက်လို့ ဘာဆိုးကျိုးမှ ဖြစ်မသွားဘူးဆိုရင် အတွေးလေးပြောင်းတွေးကြည့်ပြီး အလျှော့ပေးလိုက်ပေါ့။

(၃) ရန်ဖြစ်ကြတဲ့အခါ စကားကို အမြဲထိန်းပြောပါ။
လူတွေဟာ စိတ်တိုရင်တော့ ကိုယ်ပြောချင်တာ မကျေနပ်တာတွေ ပြောထွက်မိသွားတတ်ကြတယ်။ သတိလက်လွတ်ဖြစ်သွားတဲ့အခါ ကိုယ့်ချစ်သူကို နာကျင်စေတဲ့ စကားလုံးတွေ အားနည်းချက်ကို ရိုက်နှက်တဲ့စကားတွေ သူမကြိုက်တဲ့ စကားလေးတွေကို ရွေးပြောမိရက်သားဖြစ်သွားတတ်တယ်။ တခါတလေ ကိုယ်ပြောလိုက်တဲ့ စကားတွေက သူ့ကို သိပ်နာကျင်သွားစေတတ်တာမျိုးလည်း ဖြစ်တတ်တယ်။ ဒါ့ကြောင့် အချင်းများရင် စကားကို ကြည့်ပြောပါ။ ချင့်ချိန်ပြောပါ။ ချစ်သူပြောတဲ့စကားလေးကို သေချာနားထောင်ပေးပါ။

(၄) ရန်ပွဲကို ဘေးဖယ်ထားပြီး ခဏလောက် အဆက်အသွယ်မလုပ်ပဲ နေကြည့်ပါ။
ရန်ဖြစ်တယ် စကားများတယ်ဆိုတာ အခုဖြစ်အခုပြေလည်သွားတာမျိုးမဟုတ်ဘူးလေ။ ငြင်းမယ် ခုန်မယ် စကားနိုင်လုမယ် ဖြေရှင်းချက်ရှာမယ်။ တခါတလေ အသက်ကို ပြင်းပြင်းရှုနှစ်ယောက်လုံး စိတ်အေးအေးလေးထားကြည့်ဖို့ အချိန်လိုပါတယ်။ ညှိလို့မရတဲ့ အခြေနေထိ ဆိုးလာရင် ဆက်မပြောကြပါနဲ့တော့။ ခနလောက်ရပ်ထားပါ။ နှစ်ယောက်လုံး သွေးအေးသွားမဲ့ အချိန်ထိစောင့်ပြီး သေချာတွေးပြီး ဖြေရှင်းကြပါ။ ချစ်သူကို ပြောလိုက်ပါ။ ငါတို့ တော့ ဘယ်ချိန်လောက်မှ စကားပြန်ပြောမယ်။ အဖြေဆက်ညှိကြမယ်ပေါ့။ ဒီလို စကားမပြောပဲ နေမယ်ဆိုတာ ပြသနာကို ရှောင်လွဲတာတော့မဟုတ်ပါဘူး။ ဒါဟာ ဖြစ်လာတဲ့ အဖုအထစ်တွေကို ခေါင်းအေးအေးနဲ့ လေးလေးနက်နက် ဖြေရှင်းဖို့ပါ။

(၅) နေရာပြောင်းပြီး ရန်ဖြစ်ကြပါ။ ငြင်းခုန်ကြပါ။
တနေရာထဲမှာပဲ အချိန်ကြာကြာကြီး ရန်ဖြစ်ရတာ ပျင်းဖို့ ကောင်းလားလို့ ။။ တကယ်တော့ တနေရာထဲမှာ ငြင်းနေလို့ ညှိနေရတာ အဆင်မပြေရင် အပြင်ထွက်ကြည့်ပါ။ နှစ်ယောက်လုံးအတွက် ပိုပြီး လွတ်လွတ်လပ်လပ်ရှိမယ့်နေရာမျိုးကို သွားပြီး ဖြေရှင်းပါ။ နေရာပြောင်းလိုက်တော့ စိတ်ပြောင်းြ့ပီး အနည်းဆုံး အငြင်းအခုံလေးတွေကို လျော့စေတာပေါ့။

(၆) အတူတူ လမ်းလျောက်ပါ။
ရန်ဖြစ်နေကြတာလည်း ကြာပြီ အဆင်ကလည်းမပြေသေးဘူးဆိုရင် ချစ်သူနဲ့အတူ လမ်းလျှောက်ဖို့စိတ်ကူးလိုက်ပါ။ လမ်းအတူတူလျောက် စကားလေးတွေ ပြော ပြေလည်ရာပြေလည်ကြောင်းလေးပြောပေ့ါ။ ဒီလို လမ်းအတူတူ လျောက်တဲ့အခါ တစ်လမ်းထဲ ရောက်သွားတဲ့ သဘောကို ရောက်သွားပြီး စိတ်နှစ်ခုကို ဦးတည်ချက်တစ်ခုထဲမှာ ပေါင်းစည်းလိုက်သလိုပါပဲ။ ချစ်သူနှစ်ယောက်ရဲ့ စိတ်ကို ပိုနီးစပ်သွားစေပါတယ်။ နှစ်ယောက်ကြားက တင်းမာမှုတွေကို လျော့စေပါတယ်။

(၇) သူပြောတဲ့ စကားကို သေချာ နားထောင်ပေးပါ။
ရန်ပွဲတွေမှာ တဖက်သားကို တကယ်စိတ်တိုစေတာက ကိုယ်ပြောတာကို သူနားမထောင်ဘူး။ အရေးမစိုက်ဘူးဆိုတာတွေပဲ။ ဒါဟာ နှစ်ယောက်ဆက်ဆံရေးကို ပိုတင်းမာစေပါတယ်။ ဒါ့ကြောင့် ချစ်သူကို ပြောပါ။ ဘာပြောချင်လဲ နားထောင်ပေးမယ် ဒီကိစ္စကို ဘယ်လိုထင်လဲ ဘယ်လို ဖြေရှင်းချင်လဲ စိတ်ထဲမှာ ဘာတွေရှိလဲ အရင်ပြောပြခိုင်းပြီး သူပြောတာလေးကို နားထောင်ပေးလိုက်ရုံပါ။ ဒီနည်းနဲ့ ချစ်သူရဲ့ မကျေနပ်တာတွေကို အများကြီး လျှော့ချလို့ရပါတယ်။

ချစ်သူရည်းစားဆိုတာ သဘောထားမတိုက်ဆိုင်တာမျိုး၊ သဝန်တိုတတ်တာမျိုး၊ ချုပ်ချယ်တတ်တာမျိုး၊ အရမ်းကြီး ရစ်တာမျိုးဆိုရင်တော့ ရန်ဖြစ်တတ်ကြတာပဲ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်မှ ပိုချစ်ကြတာလို့ ပြောကြပေမဲ့ ခဏခဏ အချင်းများနေကြလို့လဲ မကောင်းဘူးမို့လား။ သာယာပျော်ရွှင်စရာကောင်းတဲ့ ချစ်သူဘ၀ မှာ တစ်ယောက်ကို တယောက် နားလည်မှုအပြည့်နဲ့ တယောက်အလို တစ်ယောက် အလျှော့ပေးပြီး နေသွားကြမှ တည်တ့ံ့မှာပေ့ါ။ ချစ်သူတွေ အားလုံးပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။

Credit: For Her Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top