ေဖာက္ျပန္၊သစၥာမရွိရတဲ့ ေနာက္ကြယ္မွာ အရင္းခံ အေၾကာင္းအရင္းေတြ အမ်ားႀကီးရွိပါတယ္။လက္စားေခ်ဖို႔၊ၿငီးေငြ႔စိတ္ကုန္လာလို႔၊တျခားရင္ခုန္စိတ္လႈပ္ရွားစရာကို ရွာခ်င္လို႔ အစရွိတာေတြဟာ ေဖာက္ျပန္ျခင္း ရဲ႕ ေနာက္ ကြယ္က အေၾကာင္းအရင္းေတြလို႔ ကၽြမ္းက်င္ပညာရွင္ေတြက ေျပာပါတယ္။ေယာက္်ား၊ မိန္းမဆိုတဲ့ လိင္အမ်ိဳးအစားေပၚ မူတည္ၿပီး ဘာေၾကာင့္ေဖာက္ျပန္ရတာလဲဆို တဲ့အေၾကာင္းရင္းကို တိတိက်က် သိႏိုင္ ခြဲျခားႏိုုင္တယ္လို႔ ဆိုပါတယ္။
အမ်ိဳးသားေတြက သူတို႔ရဲ႕အေဖာ္မိန္းကေလးနဲ႔ရုပ္ပိုင္းဆိုင္ရာ စိတ္ေက်နပ္မႈမရ ဘူးဆိုရင္ တျခားကို စိတ္လည္ေလ့ရွိၿပီး၊ အမ်ိဳး သမီးေတြမွာ ဆိုရင္ေတာ့ စိတ္ပိုင္းဆိုင္ရာ ေက်နပ္မႈမရွိရင္ တျခားကို စိတ္ယိုင္ တတ္ၾကပါတယ္။ အမ်ိဳသမီးေတြဟာ စိတ္ပိုင္း ဆိုင္ရာ ဟာတာတာ ျဖစ္ေနတာ၊အထီးက်န္မႈ တစ္၀က္လို ခံစားေနရတဲ့ အခ်ိန္မ်ိဳးေတြမွာ မၾကာခဏ စိတ္ပ်ံ႔လြင့္တတ္လို႔ သုေတသနတစ္ခုမွာ ေဖာ္ျပထား ပါတယ္။အမ်ိဳးသားေတြကေတာ့ လိင္ပိုင္း ဆိုင္ရာ ကိစၥမွာ စိတ္ေက်နပ္မႈမ ရဘူးလို႔ ခံစားရရင္(သို႔)တျခားလူ တစ္ေယာ က္ေယာက္ရဲ႕ လိင္ပိုင္းဆိုင္ရာ စြဲေဆာင္မႈကို ခံရၿပီဆိုရင္ ေဖာက္ျပန္တတ္ၾက ပါတယ္။
အမ်ိဳးသမီးေတြက အထီးက်န္တယ္၊ခင္ပြန္း(သို႔)ခ်စ္သူ နဲ႔ ေ၀းေနတယ္လို႔ခံစား ရတယ္။ဒါေၾကာင့္ေဖာက္ျပန္မိခဲ့တယ္လို႔ အမ်ိဳးသမီးေတြက ေျပာတယ္လို႔ လက္ထပ္ျခင္းနဲ႔မိသားစုေရးရာဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ Winifred Reilly ဆိုသူကေျပာပါတယ္။သူတို႔ဟာ သူတို႔မ်က္လံုးထဲကို စူးစူးစိုက္စိုက္ၾကည့္ၿပီး သူတို႔ကိုေနာက္ထပ္ ရင္ခုန္ေအာင္ လုပ္ႏိုင္မယ့္လူတစ္ေယာက္ကို လိုခ်င္မိ ခဲ့တယ္လို႔လည္း ၀န္ခံခဲ့ပါတယ္။အမ်ိဳူးသမီးေတြဟာ အမိ်ဳးသားေတြထက္ ေဖာက္ျပန္မိတဲ့လူအေပၚ ခ်စ္မိသြားႏိုင္ေခ် ပိုမ်ားတယ္လို႔ Rutgers တကၠသိုလ္မွ ဇီ၀မႏုသေဗဒကၽြမ္းက်င္ပညာရွင္ Helen Fisher ကဆိုပါတယ္။
ေဖာက္ျပန္မႈက မ်ိဳးရိုးလိုက္တတ္တယ္ဆိုတဲ့ စကားက မွန္ေကာင္းမွန္ႏိုင္ ပါ တယ္။ဘာေၾကာင့့္လဲဆုိေတာ့ အမ်ိဳးသမီးေတြမွာဆိုရင္ မိခင္ေဖာက္ျပန္ရင္ သမီးျဖစ္သူေတြဟာလည္း ေဖာက္ျပန္ႏိုင္ေခ်ပိုမ်ားတာကိုေတြ႕ရပါတယ္။ ေဖာက္ျပန္သူအမ်ိဳးသမီး(၇၁)ရာခိုင္ႏႈန္းေလာက္က သူတုိ႔ရဲ႕မိခင္ဟာ လည္းေဖာက္ျပန္ခဲ့တယ္ လို႔ ေျပာခဲ့ၾကပါတယ္။
Credit:shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဖောက်ပြန်၊သစ္စာမရှိရတဲ့ နောက်ကွယ်မှာ အရင်းခံ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။လက်စားချေဖို့၊ငြီးငွေ့စိတ်ကုန်လာလို့၊တခြားရင်ခုန်စိတ်လှုပ်ရှားစရာကို ရှာချင်လို့ အစရှိတာတွေဟာ ဖောက်ပြန်ခြင်း ရဲ့ နောက် ကွယ်က အကြောင်းအရင်းတွေလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ယောက်ျား၊ မိန်းမဆိုတဲ့ လိင်အမျိုးအစားပေါ် မူတည်ပြီး ဘာကြောင့်ဖောက်ပြန်ရတာလဲဆို တဲ့အကြောင်းရင်းကို တိတိကျကျ သိနိုင် ခွဲခြားနိုုင်တယ်လို့ ဆိုပါတယ်။
အမျိုးသားတွေက သူတို့ရဲ့အဖော်မိန်းကလေးနဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုမရ ဘူးဆိုရင် တခြားကို စိတ်လည်လေ့ရှိပြီး၊ အမျိုး သမီးတွေမှာ ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုမရှိရင် တခြားကို စိတ်ယိုင် တတ်ကြပါတယ်။ အမျိုသမီးတွေဟာ စိတ်ပိုင်း ဆိုင်ရာ ဟာတာတာ ဖြစ်နေတာ၊အထီးကျန်မှု တစ်ဝက်လို ခံစားနေရတဲ့ အချိန်မျိုးတွေမှာ မကြာခဏ စိတ်ပျံ့လွင့်တတ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထား ပါတယ်။အမျိုးသားတွေကတော့ လိင်ပိုင်း ဆိုင်ရာ ကိစ္စမှာ စိတ်ကျေနပ်မှုမ ရဘူးလို့ ခံစားရရင်(သို့)တခြားလူ တစ်ယော က်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ စွဲဆောင်မှုကို ခံရပြီဆိုရင် ဖောက်ပြန်တတ်ကြ ပါတယ်။
အမျိုးသမီးတွေက အထီးကျန်တယ်၊ခင်ပွန်း(သို့)ချစ်သူ နဲ့ ဝေးနေတယ်လို့ခံစား ရတယ်။ဒါကြောင့်ဖောက်ပြန်မိခဲ့တယ်လို့ အမျိုးသမီးတွေက ပြောတယ်လို့ လက်ထပ်ခြင်းနဲ့မိသားစုရေးရာဆိုင်ရာ ကျွမ်းကျင်ပညာရှင် Winifred Reilly ဆိုသူကပြောပါတယ်။သူတို့ဟာ သူတို့မျက်လုံးထဲကို စူးစူးစိုက်စိုက်ကြည့်ပြီး သူတို့ကိုနောက်ထပ် ရင်ခုန်အောင် လုပ်နိုင်မယ့်လူတစ်ယောက်ကို လိုချင်မိ ခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။အမျိုူးသမီးတွေဟာ အမျိုးသားတွေထက် ဖောက်ပြန်မိတဲ့လူအပေါ် ချစ်မိသွားနိုင်ချေ ပိုများတယ်လို့ Rutgers တက္ကသိုလ်မှ ဇီဝမနုသဗေဒကျွမ်းကျင်ပညာရှင် Helen Fisher ကဆိုပါတယ်။
ဖောက်ပြန်မှုက မျိုးရိုးလိုက်တတ်တယ်ဆိုတဲ့ စကားက မှန်ကောင်းမှန်နိုင် ပါ တယ်။ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေမှာဆိုရင် မိခင်ဖောက်ပြန်ရင် သမီးဖြစ်သူတွေဟာလည်း ဖောက်ပြန်နိုင်ချေပိုများတာကိုတွေ့ရပါတယ်။ ဖောက်ပြန်သူအမျိုးသမီး(၇၁)ရာခိုင်နှုန်းလောက်က သူတို့ရဲ့မိခင်ဟာ လည်းဖောက်ပြန်ခဲ့တယ် လို့ ပြောခဲ့ကြပါတယ်။
Credit:shwemom
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
» မိန္းမေတြ သူတို႔ရဲ႕ခ်စ္သူ(သို႔)ခင္ပြန္းအေပၚ သစၥာမရွိရတဲ့ အေၾကာင္းအရင္း
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။