iMyanmarHouse.com - Best Property Website for Myanmar
×

ဦးေႏွာက္မွတ္ဥာဏ္က လူတုိင္းရဲ႕ဘဝမွာ အေရးၾကီးတဲ့ အခန္းက႑တစ္ခုျဖစ္ပါတယ္။ မျဖစ္မေနဝယ္ရမယ့္ ပစၥည္းစာရင္း သတိရတာကအစ အတိတ္က အမွတ္ရစရာေတြ စားျမဳံ႕ျပန္ျခင္းအဆုံး ေကာင္းမြန္စြာ လည္ပတ္အလုပ္လုပ္တဲ့ ဦးေႏွာက္မွတ္ဥာဏ္ လိုအပ္တယ္။ ဒါေပမယ့္ အသက္ၾကီးလာတဲ့အခါ ဒီလုပ္ေဆာင္ခ်က္ေတြက dementia ဆိုတဲ့ေရာဂါေၾကာင့္ က်ဆင္းေလ့ရိွပါတယ္။ ဒါ့ေၾကာင့္ ကြ်ႏု္ပ္တုိ႔ဦးေႏွာက္မွတ္ဥာဏ္ဘဏ္ထဲက ႏွစ္ေပါင္းမ်ားစြာ ရင္းႏီွးျမဳပ္ႏွံထားတဲ့မွတ္ဥာဏ္ၾကီးဟာ ေလထုကဲ့သုိ႔ ရုတ္ခ်ည္းေပ်ာက္ကြယ္သြားမွာ အလြန္ေၾကာက္ဖုိ႔ ေကာင္းပါတယ္။

ေအာက္ပါအခ်က္ေတြက ဦးေႏွာက္မွတ္ဥာဏ္ထိခုိက္ေစတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။
၁။ ေသြးဆုံးခ်ိန္
ဒါက အမ်ဳိးသမီးတုိ႔ရဲ႕ မွတ္ဥာဏ္ သိသိသာသာ ထိခုိက္ေစတဲ့ ျပသနာတစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ ေသြးဆုံးခ်ိန္ျဖစ္ေပၚတဲ့ မွတ္ဥာဏ္ျပသနာေတြက ယာယီသာ ျဖစ္ပါတယ္။ အမ်ဳိးသမီးေတြအဖို႔ ကသိကေအာက္ျဖစ္ေစတဲ့ ခုလုိအေျခအေနမွာ ခံစားရတဲ့ တဒဂၤအပူအပင္ေတြေၾကာင့္ ဒီျပသနာျဖစ္ပြားတာပါ။ ဒါက လူတစ္ဦးရဲ႕ အိပ္စက္မႈကို သိသိသာသာ ထိခုိက္ေစကာ ဦးေႏွာက္လုပ္ေဆာက္ခ်က္ေတြ ထိခုိက္ေစပါတယ္။

၂။ အိပ္ေရးပ်က္ျခင္း
အိပ္ေရးပ်က္ျခင္းက မွတ္ႏုိင္စြမ္းျဖစ္ေပၚေစဖုိ႔နဲ႔ အတိတ္ပုံရိပ္ေတြ ျပန္လည္အမွတ္ရလာဖုိ႔ စြမ္းရည္ ထိခုိက္ေစေၾကာင္း သတိထားမိျပီးသား ျဖစ္ပါလိမ့္မယ္။ အိပ္စက္ျခင္းက ဦးေႏွာက္အာရုံေၾကာေတြ အခ်င္းခ်င္း ဆက္ႏြယ္မႈအားေကာင္းေစေရးအတြက္ အင္မတန္အေရးၾကီးတယ္လုိ႔ ေလ့လာမႈေတြက ေဖာ္ျပထားပါတယ္။ အိပ္ေရးမဝတဲ့အခါ အေသးစိတ္အခ်က္အလက္ေတြ ျပန္မွတ္မိဖုိ႔ အခက္ေတြ႔ၾကပါတယ္။

၃။ သုိင္းရိြဳက္ျပသနာ
Hypothyroidism ရိွသူေတြ အိပ္စက္မႈအေႏွာင့္အယွက္ရိွၾကျပီး စိတ္က်ေရာဂါျဖစ္ေစပါတယ္။ အျပန္အလွန္အားျဖင့္ အိပ္ေရးမဝျခင္းနဲ႔ စိတ္က်ေရာဂါႏွစ္ခုစလုံးက လူကို မွတ္ဥာဏ္က်ဆင္းေစပါတယ္။

၄။ စိုးရိမ္ေသာကနဲ႔ စိတ္ဖိစီးမႈ
စုိးရိမ္စိတ္ျဖစ္တဲ့အခါ ခႏၶာကုိယ္က စိတ္ဖိစီးမႈေဟာ္မုန္း cortisol ေတြ ထုတ္ေပးပါတယ္။ စုိးရိမ္ေသာကမ်ားေနျခင္းေၾကာင့္ ဦးေႏွာက္ဆဲလ္ အခ်င္းခ်င္းဆက္ႏြယ္မႈ အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ဒီအခ်က္က လူတစ္ေယာက္ရဲ႕ အတိတ္ကအျဖစ္အပ်က္ေတြ မွတ္မိႏုိင္စြမ္း သိသိသာသာ ထိခုိက္ေစပါတယ္။

၅။ ေဆးလိပ္ေသာက္ျခင္း
ေဆးလိပ္ေသာက္သူေတြ မေသာက္သူထက္ မွတ္ဥာဏ္လုပ္ေဆာင္ခ်က္ ပိုအားနည္းၾကေၾကာင္း ေလ့လာမႈေတြက ေဖာ္ျပခဲ့ပါတယ္။ ျပသနာက ေသြးစီးဆင္းမႈ အေႏွာင့္အယွက္ျဖစ္တယ္လုိ႔ မွတ္ယူရပါတယ္။ ဦးေႏွာက္အတြင္း ပရုိတိန္းျဖစ္ေပၚမႈ ပုံမမွန္ျဖစ္ကာ သတင္းအခ်က္အလက္သယ္ေဆာင္မႈ ေႏွာင့္ေႏွးေစပါတယ္။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဦးနှောက်မှတ်ဉာဏ်က လူတိုင်းရဲ့ဘဝမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ မဖြစ်မနေဝယ်ရမယ့် ပစ္စည်းစာရင်း သတိရတာကအစ အတိတ်က အမှတ်ရစရာတွေ စားမြုံ့ပြန်ခြင်းအဆုံး ကောင်းမွန်စွာ လည်ပတ်အလုပ်လုပ်တဲ့ ဦးနှောက်မှတ်ဉာဏ် လိုအပ်တယ်။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါ ဒီလုပ်ဆောင်ချက်တွေက dementia ဆိုတဲ့ရောဂါကြောင့် ကျဆင်းလေ့ရှိပါတယ်။ ဒါ့ကြောင့် ကျွနု်ပ်တို့ဦးနှောက်မှတ်ဉာဏ်ဘဏ်ထဲက နှစ်ပေါင်းများစွာ ရင်းနှီးမြုပ်နှံထားတဲ့မှတ်ဉာဏ်ကြီးဟာ လေထုကဲ့သို့ ရုတ်ချည်းပျောက်ကွယ်သွားမှာ အလွန်ကြောက်ဖို့ ကောင်းပါတယ်။

အောက်ပါအချက်တွေက ဦးနှောက်မှတ်ဉာဏ်ထိခိုက်စေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
၁။ သွေးဆုံးချိန်
ဒါက အမျိုးသမီးတို့ရဲ့ မှတ်ဉာဏ် သိသိသာသာ ထိခိုက်စေတဲ့ ပြသနာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သွေးဆုံးချိန်ဖြစ်ပေါ်တဲ့ မှတ်ဉာဏ်ပြသနာတွေက ယာယီသာ ဖြစ်ပါတယ်။ အမျိုးသမီးတွေအဖို့ ကသိကအောက်ဖြစ်စေတဲ့ ခုလိုအခြေအနေမှာ ခံစားရတဲ့ တဒင်္ဂအပူအပင်တွေကြောင့် ဒီပြသနာဖြစ်ပွားတာပါ။ ဒါက လူတစ်ဦးရဲ့ အိပ်စက်မှုကို သိသိသာသာ ထိခိုက်စေကာ ဦးနှောက်လုပ်ဆောက်ချက်တွေ ထိခိုက်စေပါတယ်။

၂။ အိပ်ရေးပျက်ခြင်း
အိပ်ရေးပျက်ခြင်းက မှတ်နိုင်စွမ်းဖြစ်ပေါ်စေဖို့နဲ့ အတိတ်ပုံရိပ်တွေ ပြန်လည်အမှတ်ရလာဖို့ စွမ်းရည် ထိခိုက်စေကြောင်း သတိထားမိပြီးသား ဖြစ်ပါလိမ့်မယ်။ အိပ်စက်ခြင်းက ဦးနှောက်အာရုံကြောတွေ အချင်းချင်း ဆက်နွယ်မှုအားကောင်းစေရေးအတွက် အင်မတန်အရေးကြီးတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ အိပ်ရေးမဝတဲ့အခါ အသေးစိတ်အချက်အလက်တွေ ပြန်မှတ်မိဖို့ အခက်တွေ့ကြပါတယ်။

၃။ သိုင်းရွိုက်ပြသနာ
Hypothyroidism ရှိသူတွေ အိပ်စက်မှုအနှောင့်အယှက်ရှိကြပြီး စိတ်ကျရောဂါဖြစ်စေပါတယ်။ အပြန်အလှန်အားဖြင့် အိပ်ရေးမဝခြင်းနဲ့ စိတ်ကျရောဂါနှစ်ခုစလုံးက လူကို မှတ်ဉာဏ်ကျဆင်းစေပါတယ်။

၄။ စိုးရိမ်သောကနဲ့ စိတ်ဖိစီးမှု
စိုးရိမ်စိတ်ဖြစ်တဲ့အခါ ခန္ဓာကိုယ်က စိတ်ဖိစီးမှုဟော်မုန်း cortisol တွေ ထုတ်ပေးပါတယ်။ စိုးရိမ်သောကများနေခြင်းကြောင့် ဦးနှောက်ဆဲလ် အချင်းချင်းဆက်နွယ်မှု အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီအချက်က လူတစ်ယောက်ရဲ့ အတိတ်ကအဖြစ်အပျက်တွေ မှတ်မိနိုင်စွမ်း သိသိသာသာ ထိခိုက်စေပါတယ်။

၅။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်သူတွေ မသောက်သူထက် မှတ်ဉာဏ်လုပ်ဆောင်ချက် ပိုအားနည်းကြကြောင်း လေ့လာမှုတွေက ဖော်ပြခဲ့ပါတယ်။ ပြသနာက သွေးစီးဆင်းမှု အနှောင့်အယှက်ဖြစ်တယ်လို့ မှတ်ယူရပါတယ်။ ဦးနှောက်အတွင်း ပရိုတိန်းဖြစ်ပေါ်မှု ပုံမမှန်ဖြစ်ကာ သတင်းအချက်အလက်သယ်ဆောင်မှု နှောင့်နှေးစေပါတယ်။


Credit:trend myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top