iMyanmarHouse.com - Best Property Website for Myanmar
×
အခု နှစ်နှစ်ခြိုက်ခြိုက်မအိပ်နိုင်တဲ့အတွက် အဲဒီပရိုတိန်းတွေကို လည်း မရှင်းနိုင်တော့တာဖြစ်ပါတယ်ဟု ၄င်းက ဖြည့်စွက်ပြောပြသည်။ညအိပ်စက်ချိန်ဝယ် တစ်ဆက်ထဲအိပ်မရဘဲ တစ်ကြိမ်ထက်မက နိုးနေခြင်းသည် ဆေးဝါးသောက်သုံးမှု အခြေအနေနှင့်လည်း များစွာဆက်နွယ်နေကြောင်း၊ သက်ကြီး အရွယ်ရောက်သည့်အလျောက် စိတ်ကျ ရောဂါ၊ မှတ်ဥာဏ်ပျောက်ဆုံးသည့်ရောဂါ၊ အစရှိသည့် ဦးနှောက်နှင့်ပတ်သက်သည့်ကိစ္စရပ်များကြောင့် ပုံမှန်သောက် သုံးနေရသည့်ဆေးဝါးများသည်လည်း တစ်ဆက်ထဲနှစ်ခြိုက်စွာအိပ်စက်နိုင်ခြင်းကို အနှောက်အယှက် ပေးကြောင်း သိရသည်။သို့ ဖြစ်၍ ညအချိန်အိပ်ပျော်ရန်ခက်ခဲသူများအနေဖြင့် အိပ်ယာစောစောဝင်ကာ အိပ်ယာစောစောထပေး ခြင်းဖြင့် နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကို ရရှိခံစားနိုင်ကြောင်း၊ အသက်ကြီးသည်ခြင်းတူသော်လည်း အချို့ သူ များမှာ ပို၍အိုမင်းရင့်ရော်လွယ်ပြီး အချို့ သူများမှာ အရွယ်တင်နုပျိုကြလေ့ရှိသည်မှာ နှစ်ခြိုက်စွာအိပ်ပျော် ကာ အိပ်ရေးဝခြင်းနှင့်ဆက်နွယ်မှုရှိနိုင်ကြောင်း၊ အသက်ကြီးပိုင်းသို့ ရောက်လာလေ၊ အိပ်ပျော်ရန်ခက်ခဲ လာလေဖြစ်သည်ကို အသက်ကြီးလေ၊ အိပ်ချိန်လိုအပ်ချက်နည်းလေဟု ယူဆတတ်ကြသည်လည်း ရှိ ကြောင်း၊ ထို့ ကြောင့် သက်ကြီးပိုင်းများ နှစ်ခြိုက်စွာအိပ်ပျော်နိုင်စေရေး ၄င်းတို့ ကို စောင့်ရှောက်ပေးနေသူ များကလည်း ၀ိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။
#Unicode Version
အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အိပ်ချိန်သည်လည်းလျော့နည်းလာလေ့ရှိရာဝယ် ခန္ဓာကိုယ် အားများ ပြန်လည်ပြည့်ဖြိုးလန်းဆန်းလာစေသည့် နှစ်ခြိုက်စွာအိပ်ပျော်ရန်လည် ပိုမိုခက်ခဲလာလေ့ရှိ သည်ကိုတွေ့ရကြောင်း အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်မှ အိပ်စက် ခြင်းဆိုင်ရာသုတေသီ ဒေါက်တာ Beyce Mander က ပြောသည်။ အသက်ကြီးလာတာနဲ့အမျှ မနက်ပိုင်းကို မအိပ်စက်နိုင်ကြသူတွေများပါတယ်။ အိပ်စက်ချိန်တွေထဲမှာ မနက်ပိုင်းကို နှစ်ခြိုက်စွာ အိပ်ပျော်မှသာ ခန္ဓာကိုယ်၊စိတ်၊ဦးနှောက် ပြန်လည်အားပြည့်လန်းဆန်းပါတယ်။ သက်ကြီးများ မနက်ကို အစောကြီးနိုးနေတတ်ကြတာဟာ အဲဒီ အားပြန်ပြည့်စေမယ့်အခွင့်အရေးလည်း လျော့လာပါတယ် ။
အဲဒီထဲမှာ အဆိုးဆုံးက တစ်ဆက်ထဲအိပ်မရဘဲ ညကို တစ်ကြိမ်ထက်မက နိုးနိုးနေ တတ်ခြင်းဖြစ်ပါတယ်ဟု ၎င်းက ပြောပြသည်။အစားအသောက်၊ဆေးဝါး၊ပင်ကိုယ်ကျန်းမာရေး အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် နှစ်ခြိုက်စွာ အိပ်မပျော်နိုင်ကြတဲ့ ဆိုးကျိုးတွေက ရောဂါမျိုးစုံဖြစ်ပါတယ်။ မှတ်ဉာဏ်ပျောက်ဆုံးမှုရဲ့ ဘေးထွက် ဆိုးကျိုးကြောင့် အိပ်မရသလို အိပ်မရ လို့လည်း သူငယ်ပြန်စိတ် ဝင်လာနိုင်ပါတယ်။ သက်ကြီးပိုင်းမှာ ပုံမှန်မရနိုင်တော့တဲ့ နှစ်ခြိုက်နက်ရှိုင်းစွာ အိပ်ပျော်ခြင်းက မှတ်ဉာဏ်ပျောက်ဆုံးစေတဲ့ amyloid-beta ပရိုတိန်းတွေကို ရှင်းလင်းပေးပါတယ်။
အခု နှစ်နှစ်ခြိုက်ခြိုက်မအိပ်နိုင်တဲ့အတွက် အဲဒီပရိုတိန်းတွေကို လည်း မရှင်းနိုင်တော့တာဖြစ်ပါတယ်ဟု ၎င်းက ဖြည့်စွက်ပြောပြသည်။ညအိပ်စက်ချိန်ဝယ် တစ်ဆက်ထဲအိပ်မရဘဲ တစ်ကြိမ်ထက်မက နိုးနေခြင်းသည် ဆေးဝါးသောက်သုံးမှု အခြေအနေနှင့်လည်း များစွာဆက်နွယ်နေကြောင်း၊ သက်ကြီး အရွယ်ရောက်သည့်အလျောက် စိတ်ကျ ရောဂါ၊ မှတ်ဉာဏ်ပျောက်ဆုံးသည့်ရောဂါ၊ အစရှိသည့် ဦးနှောက်နှင့်ပတ်သက်သည့်ကိစ္စရပ်များကြောင့် ပုံမှန်သောက် သုံးနေရသည့်ဆေးဝါးများသည်လည်း တစ်ဆက်ထဲနှစ်ခြိုက်စွာအိပ်စက်နိုင်ခြင်းကို အနှောက်အယှက် ပေးကြောင်း သိရသည်။သို့ဖြစ်၍ ညအချိန်အိပ်ပျော်ရန်ခက်ခဲသူများအနေဖြင့် အိပ်ယာစောစောဝင်ကာ အိပ်ယာစောစောထပေး ခြင်းဖြင့် နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကို ရရှိခံစားနိုင်ကြောင်း၊ အသက်ကြီးသည်ခြင်းတူသော်လည်း အချို့သူ များမှာ ပို၍အိုမင်းရင့်ရော်လွယ်ပြီး အချို့သူများမှာ အရွယ်တင်နုပျိုကြလေ့ရှိသည်မှာ နှစ်ခြိုက်စွာအိပ်ပျော် ကာ အိပ်ရေးဝခြင်းနှင့်ဆက်နွယ်မှုရှိနိုင်ကြောင်း၊ အသက်ကြီးပိုင်းသို့ရောက်လာလေ၊ အိပ်ပျော်ရန်ခက်ခဲ လာလေဖြစ်သည်ကို အသက်ကြီးလေ၊ အိပ်ချိန်လိုအပ်ချက်နည်းလေဟု ယူဆတတ်ကြသည်လည်း ရှိ ကြောင်း၊ ထို့ကြောင့် သက်ကြီးပိုင်းများ နှစ်ခြိုက်စွာအိပ်ပျော်နိုင်စေရေး ၎င်းတို့ကို စောင့်ရှောက်ပေးနေသူ များကလည်း ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။
Credit:ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top