iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ခ်စ္သူက သင့္ကိုလိမ္လည္လွည့္ျဖားေနၿပီ ၊ သစၥာေဖာက္သြားၿပီဆိုတာသိလိုက္ရတဲ့အခ်ိန္ဟာ အရမ္းကိုေၾကကြဲ
စရာေကာင္းပါတယ္။ ဒါေပမဲ့လည္းဒါဟာဘဝရဲ႕အဆုံးသတ္မဟုတ္ပါဘူး။ သူငါ့ကိုဘာေၾကာင့္ဒီလိုလုပ္ရတာလဲ?
ဘာအတြက္ဒီလိုသစၥာေဖာက္ရတာလဲ? ဆိုတဲ့အေတြးေတြ သင့္ေခါင္းထဲမွာျပည့္က်ပ္ေနႏိုင္ပါတယ္။ဒါေပမဲ့သင္လုပ္
ရမွာက သင္သူ႔ဆီကေနဘယ္ခြဲထြက္မလဲဆိုတာပါပဲ ။ဒီေတာ့သင့္ခ်စ္သူလိမ္လည္ေနတာသိတာနဲ႔ ဘာလုပ္မလဲ ? ႒ဘယ္လိုခြဲထြက္မလဲ?

(၁) သင့္ရဲ႕ည့ံဖ်င္းမႈၾကာင့္ဆိုတာမ်ိဳးမေတြးပါနဲ႔။

အရင္တည္းက မိန္းကေလးတစ္ေယာက္ကိုလိမ္လည္ဖူးတဲ့ေယာက္်ားတစ္ေယာက္ဟာ ေနာက္ထပ္လိမ္လည္ဖို႔လြယ္ပါ
တယ္။ သင့္ခ်စ္သူဟာလည္းဒီလိုလူမ်ိဳးဆိုရင္ သင့္ကိုလိမ္တာမဆန္းပါဘူး။ ဒီလိုလူမ်ိဳးမဟုတ္ရင္ေတာင္ အေၾကာင္း
ေၾကာင္းေၾကာင့္ သင့္ကိုလိမ္ညာေနႏိုင္ပါတယ္။ ဒါဟာသင့္အမွားမဟုတ္ပါဘူး။ သင္မထိန္းသိမ္းႏိုင္လို႔မဟုတ္ပါဘူး။

(၂) သင္ဟာဒါေတြကိုျဖစ္ေစတဲ့ အေၾကာင္းအရင္းလို႔မထင္ပါနဲ႔။
သင့္ခ်စ္သူသင့္ကိုလွည့္ျဖားသြားတာဟာ သင့္အမွားေၾကာင့္မဟုတ္ပါဘူး။ သင့္မွာခ်ိဳ႕ယြင္းခ်က္ေတြရွိေနခဲ့မယ္ဆိုရင္
ေတာင္၊ ဒါကိုသိရက္နဲ႔သင့္ကိုေ႐ြးခ်ယ္ခဲ့တာသင့္ခ်စ္သူပါ။ ဒါ့အတြက္သင့္အမွားမျဖစ္ႏိုင္ပါဘူး ။သင္ဟာခ်စ္သူမိန္း
ကေလးေကာင္းတစ္ေယာက္ျဖစ္ေနရက္နဲ႔ေတာင္၊ ဆက္လိမ္လည္ေနမယ္ဆိုရင္ေတာ့ ဒါဟာသင့္အမွားမဟုတ္ဘူး
ဆိုတာပိုေတာင္ေသခ်ာသြားပါၿပီ။

(၃) ဆုံးျဖတ္ခ်က္ခ်ပါ။
သင့္ခ်စ္သူလိမ္ညာတာသိတာနဲ႔ သူနဲ႔ဆက္ပတ္သတ္သင့္၊ မပတ္သတ္သင့္ ဆုံးျဖတ္ခ်က္ခ်ဖို႔လိုပါၿပီ။ သင့္ခ်စ္သူဟာ
တကယ္ေနာင္တႀကီးစြာနဲ႔ပဲျဖစ္ျဖစ္၊ အေပၚယံေၾကာသေဘာေလာက္ပဲျဖစ္ျဖစ္ ေတာင္းပန္ပါလိမ့္မယ္။ ဒီအခ်ိန္မွာ
သင့္ခံစားခ်က္ ၊သင့္သတၱိ၊ သင့္ႏွလုံးသားကိုျပန္ေမးတာအေကာင္းဆုံးပါပဲ။ေနာက္ၿပီး သင္ဟာဒီ့ထက္ပိုေကာင္းတဲ့ Relationship နဲ႔ထိုက္တန္တယ္ဆိုတာမွတ္သားထားပါ။

(၄) လက္ခံတတ္ပါေစ။
ဒီလိုအေျခအေနမွာ သင့္ခ်စ္သူကိုစြန႔္လႊတ္သင့္တာတယ္ဆိုတာ ကိုယ့္ကိုယ္ကိုလက္ခံပါ။ သင့္ခ်စ္သူထက္ပိုေကာင္းတဲ့သူနဲ႔ထိုက္တာတယ္ဆိုတာလက္ခံပါ။ သင့္ကိုအၿမဲခ်စ္ေပးမယ့္၊ သစၥာရွိမယ့္ ေနာက္ခ်စ္သူတစ္ေယာက္ အခ်ိန္တန္ရင္သင့္အနားေရာက္လာႏိုင္တာကိုလက္ခံပါ။

(၅) ခြင့္လႊတ္လိုက္ပါ ၊ ဒါေပမဲ့ ေမ့မပစ္ပါနဲ႔။
ကိုယ့္ကိုလိမ္ညာသြားတဲ့ေယာက္်ားတစ္ေယာက္ကို ခြင့္လႊတ္ဖို႔ဆိုတာမလြယ္ပါဘူး ။ ဒါေပမဲ့လည္း ဒါဟာသင့္အတြက္ပါ။ သူ႔အတြက္မဟုတ္ပါဘူး။ ခြင့္လႊတ္တတ္ျခင္းဟာ စိတ္ေအးခ်မ္းမႈကိုျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္သင့္အတြက္သူ႔ကိုခြင့္လႊတ္လိုက္ပါ ။ဒါေပမဲ့မေမ့လိုက္ပါနဲ႔။
READ
သဝန္တိုေအာင္ လုပ္ၿပီး ဂ႐ုစိုက္မႈ ျပန္ယူနည္း

(၆) အရာအားလုံးပိတ္သိမ္းလိုက္ပါေတာ့။
သင္ဟာခြင့္လႊတ္ဖို႔လည္းဆုံးျဖတ္ၿပီးၿပီးဆိုရင္ေတာ့ သင့္ခံစားခ်က္ေတြကိုပိတ္သိမ္းလိုက္ပါေတာ့။ သင့္ကိုဘယ္ေလာက္နာက်င္ေအာင္လုပ္ထားပါေစ ေျပာသင့္တာေျပာ၊ ေမးသင့္တာေမးၿပီး လမ္းခြဲလိုက္ပါ။ ဘာ့ေၾကာင့္ဒီလိုလုပ္ခဲ့တယ္ဆိုတာ သင္မေမးရင္ေတာင္၊ အနည္းဆုံးေတာ့သူ႔မွာေျဖရွင္းခ်က္ေတြနဲ႔သင့္အေပၚအေႂကြးတင္ေနမွာပါ။ ၿပီးတာနဲ႔တရားဝင္လမ္းခြဲလိုက္ပါေတာ့။

(၇) ေၾကကြဲဝမ္းနည္းလိုက္ပါ။

ငိုခ်င္ရင္ခ်လိုက္ပါ ။ သင့္ခံစားခ်က္ေတြကိုၿမိဳသိပ္မထားပါနဲ႔ ။ ေအာ္လိုက္ပါ။ သင့္စိတ္ကို ထြက္ေပါက္ေပးလိုက္ပါ။
သင့္ခံစားခ်က္ေတြေပါက္ကြဲသြားဖို႔အခ်ိန္ေပးလိုက္ပါ။

(၈) ခံစားခ်က္ေတြနဲ႔ အၾကာႀကီးမေနထိုင္ပါနဲ႔။
ဝမ္းနည္းပူေဆြးမႈေတြနဲ႔သင့္အခ်ိန္ေတြကို မျဖတ္သန္းပါနဲ႔။ အတိုင္းအတာတစ္ခုထိပဲ ဝမ္းနည္းပါ။ ၿပီးရင္ဒီအေျခအေန
ေတြက႐ုန္းထြက္ပါ။ အတိတ္မွာမေနပါနဲ႔။ ဒီလိုေတြမျဖစ္ခ်င္လို႔ သင္ခြင့္လႊတ္ၿပီးလမ္းခြဲခဲ့တာမေမ့ပါနဲ႔။

(၉) သင္တို႔အေၾကာင္းလာေမးတဲ့အခါ ေျပာျပလိုက္ပါ။
မိန္းမေတြဟာစပ္စုတတ္တာသဘာဝပါ ။ သင့္သူငယ္ခ်င္းေတြက သင္တို႔ျပတ္သြားတဲ့အေၾကာင္းလာေမးတဲ့အခါ ၊
ကိုယ့္ကိုယ္ တကယ္ရင္ဖြင့္ေစခ်င္တဲ့သူငယ္ခ်င္းေတြကိုေလာက္ပဲေျပာျပပါ။ လူတိုင္းကိုအေသးစိတ္လိုက္ေျပာေန
စရာမလိုပါဘူး။ သူတို႔ေတြဟာ သင့္ရည္းစားအေပၚမေကာင္းသတင္းေတြေလွ်ာက္လြင့္ႏိုင္ပါတယ္။အဆင္မေျပလို႔
ျပတ္ခဲ့ေပမယ့္ ကိုယ့္စကားတစ္ခြန္းေၾကာင့္ သူမ်ားကသူ႔ကို အထင္ေသး၊ မေကာင္းေျပာတာေတြမျဖစ္ပါေစနဲ႔။

(၁၀) သင့္ကိုစိတ္ေပ်ာ္႐ႊင္ေစမယ့္အရာေတြလုပ္ပါ။


သင့္သူငယ္ခ်င္းေတြနဲ႔ေလွ်ာက္လည္ပါ။ အားကစားလုပ္ပါ။ ဝါသနာပါတာေတြအတြက္အခ်ိန္ေပးပါ။ ဒီလိုလုပ္တဲ့အခါ
သင့္အရင္ရည္းစားေၾကာင့္နာက်င္ရတာေတြ သက္သာေစပါတယ္။

(၁၁) ကလဲ့စားျပန္မေခ်ပါနဲ႔ ။
သင္သူ႔ကိုကလဲ့စားျပန္ေခ်တာဟာ ေကာင္းတဲ့နည္းလမ္းမဟုတ္ပါဘူး။ ဒါဟာသင့္အခ်ိန္ေတြ ၊အင္အားေတြျဖဳန္း႐ုံ
သက္သက္ပါပဲ။သင့္ရည္းစားနဲ႔သူ႔ေကာင္မေလး ေဖာက္ျပန္တဲ့သတင္းေတြလႊင့္တာေတြ၊ သင့္ရည္းစားရဲ႕သူငယ္ခ်င္း
နဲ႔တြဲျပတာမ်ိဳးေတြလုပ္တာေတြရဲ႕အဆုံးသတ္ဟာ သင့္ကို ရႈံးနိမ့္မႈပဲျဖစ္ေစမွာပါ။

(၁၂) ေနာက္ထပ္ တစ္ေယာက္ၿပီးတစ္ေယာက္တြဲျခင္း။
သင္ဟာဒီလိုႀကဳံေတြ႕ေနခ်ိန္မွာ သင့္အရင္ခ်စ္သူကို ေနာက္တစ္ေယာက္ရေနၿပီဆိုတာ ျပခ်င္တာနဲ႔ပဲ၊ အသစ္
တစ္ေယာက္ၿပီးတစ္ေယာက္မတြဲသင့္ပါဘူး။သင့္ကိုတကယ္ျပန္ဆြဲေဆာင္ႏိုင္သူ ၊သင့္ကိုျပန္ေပ်ာ္႐ႊင္ေအာင္၊
ျပန္တက္ႂကြလန္းဆန္းေအာင္ လုပ္ေပးႏိုင္တဲ့သူမ်ိဳးနဲ႔သာ သင္အသစ္ျပန္စသင့္ပါတယ္။ တကယ္လို႔အသစ္
မထားခ်င္ေသးဘူးဆိုလည္း ကိုယ့္ဘာသာတစ္ေယာက္တည္းေပ်ာ္႐ႊင္ေအာင္ႀကိဳစားေနထိုင္ေအာင္ပိုေကာင္း
ပါတယ္။
READ
Relationship တစ္ခုမွာ ေယာက္်ားေလးေတြကို နာက်င္ေစတဲ့အျပဳအမူမ်ား

(၁၃) သင့္ကိုယ္ကိုအျပစ္တင္ေဝဖန္တာေတြမလုပ္ပါနဲ႔။
သင့္ရည္းစားေဟာင္းက သူေဖာက္ျပန္ရတဲ့အေၾကာင္းနဲ႔ပတ္သတ္ၿပီးသင့္ကိုအျပစ္တင္ေျပာဆိုလာတဲ့အခါ ၊
ဘယ္ေတာ့မွ သင့္ေၾကာင့္လို႔မထင္ပါနဲ႔ ။အျခားသူတစ္ေယာက္ရဲ႕ ဆုံးျဖတ္ခ်က္အမွားဟာ သင့္အတြက္ဝန္ထုပ္
တစ္ခုမျဖစ္ပါေစနဲ႔။ ေဖာက္ျပန္ခဲ့တာဟာ သူပါ။ သင္မဟုတ္ပါဘူး ။ ဒါအတြက္သူမွပဲတာဝန္ရွိပါတယ္။ သင္
လုံးဝမမွားပါဘူး။

(၁၄) အဆိုးေတြမေတြးပါနဲ႔ ၊ အမွားေတြမလုပ္မိပါေစနဲ႔။
သင္ဟာခုလိုလိမ္ညာခံရတဲ့အတြက္၊ ေနာက္ Relationship ေတြမွာလည္းခုလိုျဖစ္ဦးမွာပဲ ဆိုတာမ်ိဳးမေတြးပါနဲ႔။ Barေတြ ၊Club ေတြသြားၿပီး ကိုယ့္ကိုယ္ကို မဖ်က္စီးပါနဲ႔ ။ေနာက္တစ္ခါ အလိမ္အညာမခံပါနဲ႔ေတာ့။

(၁၅) သင့္ကိုယ္ကိုပဲ အာ႐ုံစိုက္ပါ။
သင့္ကိုလိမ္လည္သြားတဲ့ေယာက္်ားတစ္ေယာက္နဲ႔ျပတ္ၿပီးတဲ့ေနာက္၊ သင္ဟာလူလြတ္တစ္ေယာက္ျဖစ္သြားတာ
ေၾကာင့္ သင့္ကိုယ္ကိုျပန္ဂ႐ုစိုက္ႏိုင္ပါၿပီ ။ ပိုတိုးတက္ဖို႔အေရး ၊ပိုက်န္းမာဖို႔အေရးပဲ အာ႐ုံစိုက္ပါ။ဝါသနာပါတာေတြ
လုပ္ပါ ။သင့္ကိုေပ်ာ္႐ႊင္ေစတဲ့ အရာေတြအတြက္ အခ်ိန္ေပးပါ ။

တကယ္လို႔သင္လိမ္ညာခံေနတာကိုသိၿပီးေနာက္ပိုင္းမွာမွ၊ သင့္ခ်စ္သူကသင့္ကိုတကယ္ခ်စ္ေနတယ္ဆိုရင္ လက္ရွိ
ေဖာက္ျပားေနတဲ့မိန္းမကို ခ်က္ခ်င္းျဖတ္လိုက္မွာပါ။ ဒါဟာသင့္ကိုမခ်စ္လို႔ဆိုတာထက္၊ အေၾကာင္းအမ်ိဳးမ်ိဳးေဖာက္ျပား
မိသြားတာပါ။ ေနာက္ၿပီးသင္နဲ႔ ျပန္စတင္ဖို႔ႀကိဳးစားမွာပါ ။

ဒီေတာ့သင့္ခ်စ္သူကို ျပန္လက္ခံသင့္သလား ?လက္မခံသင့္သလား? ေသခ်ာဆုံးျဖတ္ၿပီးမွအေပၚကအခ်က္ေတြ
ကိုလုပ္ပါ။

Credit:auntymay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သင့်ချစ်သူက သင့်ကိုလိမ်လည်လှည့်ဖြားနေပြီ ၊ သစ္စာဖောက်သွားပြီဆိုတာသိလိုက်ရတဲ့အချိန်ဟာ အရမ်းကိုကြေကွဲ
စရာကောင်းပါတယ်။ ဒါပေမဲ့လည်းဒါဟာဘဝရဲ့အဆုံးသတ်မဟုတ်ပါဘူး။ သူငါ့ကိုဘာကြောင့်ဒီလိုလုပ်ရတာလဲ?
ဘာအတွက်ဒီလိုသစ္စာဖောက်ရတာလဲ? ဆိုတဲ့အတွေးတွေ သင့်ခေါင်းထဲမှာပြည့်ကျပ်နေနိုင်ပါတယ်။ဒါပေမဲ့သင်လုပ်
ရမှာက သင်သူ့ဆီကနေဘယ်ခွဲထွက်မလဲဆိုတာပါပဲ ။ဒီတော့သင့်ချစ်သူလိမ်လည်နေတာသိတာနဲ့ ဘာလုပ်မလဲ ? ဋ္ဌဘယ်လိုခွဲထွက်မလဲ?

(၁) သင့်ရဲ့ညံ့ဖျင်းမှုကြာင့်ဆိုတာမျိုးမတွေးပါနဲ့။

အရင်တည်းက မိန်းကလေးတစ်ယောက်ကိုလိမ်လည်ဖူးတဲ့ယောက်ျားတစ်ယောက်ဟာ နောက်ထပ်လိမ်လည်ဖို့လွယ်ပါ
တယ်။ သင့်ချစ်သူဟာလည်းဒီလိုလူမျိုးဆိုရင် သင့်ကိုလိမ်တာမဆန်းပါဘူး။ ဒီလိုလူမျိုးမဟုတ်ရင်တောင် အကြောင်း
ကြောင်းကြောင့် သင့်ကိုလိမ်ညာနေနိုင်ပါတယ်။ ဒါဟာသင့်အမှားမဟုတ်ပါဘူး။ သင်မထိန်းသိမ်းနိုင်လို့မဟုတ်ပါဘူး။

(၂) သင်ဟာဒါတွေကိုဖြစ်စေတဲ့ အကြောင်းအရင်းလို့မထင်ပါနဲ့။
သင့်ချစ်သူသင့်ကိုလှည့်ဖြားသွားတာဟာ သင့်အမှားကြောင့်မဟုတ်ပါဘူး။ သင့်မှာချို့ယွင်းချက်တွေရှိနေခဲ့မယ်ဆိုရင်
တောင်၊ ဒါကိုသိရက်နဲ့သင့်ကိုရွေးချယ်ခဲ့တာသင့်ချစ်သူပါ။ ဒါ့အတွက်သင့်အမှားမဖြစ်နိုင်ပါဘူး ။သင်ဟာချစ်သူမိန်း
ကလေးကောင်းတစ်ယောက်ဖြစ်နေရက်နဲ့တောင်၊ ဆက်လိမ်လည်နေမယ်ဆိုရင်တော့ ဒါဟာသင့်အမှားမဟုတ်ဘူး
ဆိုတာပိုတောင်သေချာသွားပါပြီ။

(၃) ဆုံးဖြတ်ချက်ချပါ။
သင့်ချစ်သူလိမ်ညာတာသိတာနဲ့ သူနဲ့ဆက်ပတ်သတ်သင့်၊ မပတ်သတ်သင့် ဆုံးဖြတ်ချက်ချဖို့လိုပါပြီ။ သင့်ချစ်သူဟာ
တကယ်နောင်တကြီးစွာနဲ့ပဲဖြစ်ဖြစ်၊ အပေါ်ယံကြောသဘောလောက်ပဲဖြစ်ဖြစ် တောင်းပန်ပါလိမ့်မယ်။ ဒီအချိန်မှာ
သင့်ခံစားချက် ၊သင့်သတ္တိ၊ သင့်နှလုံးသားကိုပြန်မေးတာအကောင်းဆုံးပါပဲ။နောက်ပြီး သင်ဟာဒီ့ထက်ပိုကောင်းတဲ့ Relationship နဲ့ထိုက်တန်တယ်ဆိုတာမှတ်သားထားပါ။

(၄) လက်ခံတတ်ပါစေ။
ဒီလိုအခြေအနေမှာ သင့်ချစ်သူကိုစွန့်လွှတ်သင့်တာတယ်ဆိုတာ ကိုယ့်ကိုယ်ကိုလက်ခံပါ။ သင့်ချစ်သူထက်ပိုကောင်းတဲ့သူနဲ့ထိုက်တာတယ်ဆိုတာလက်ခံပါ။ သင့်ကိုအမြဲချစ်ပေးမယ့်၊ သစ္စာရှိမယ့် နောက်ချစ်သူတစ်ယောက် အချိန်တန်ရင်သင့်အနားရောက်လာနိုင်တာကိုလက်ခံပါ။

(၅) ခွင့်လွှတ်လိုက်ပါ ၊ ဒါပေမဲ့ မေ့မပစ်ပါနဲ့။
ကိုယ့်ကိုလိမ်ညာသွားတဲ့ယောက်ျားတစ်ယောက်ကို ခွင့်လွှတ်ဖို့ဆိုတာမလွယ်ပါဘူး ။ ဒါပေမဲ့လည်း ဒါဟာသင့်အတွက်ပါ။ သူ့အတွက်မဟုတ်ပါဘူး။ ခွင့်လွှတ်တတ်ခြင်းဟာ စိတ်အေးချမ်းမှုကိုဖြစ်စေပါတယ်။ ဒါ့ကြောင့်သင့်အတွက်သူ့ကိုခွင့်လွှတ်လိုက်ပါ ။ဒါပေမဲ့မမေ့လိုက်ပါနဲ့။
READ
သဝန်တိုအောင် လုပ်ပြီး ဂရုစိုက်မှု ပြန်ယူနည်း

(၆) အရာအားလုံးပိတ်သိမ်းလိုက်ပါတော့။
သင်ဟာခွင့်လွှတ်ဖို့လည်းဆုံးဖြတ်ပြီးပြီးဆိုရင်တော့ သင့်ခံစားချက်တွေကိုပိတ်သိမ်းလိုက်ပါတော့။ သင့်ကိုဘယ်လောက်နာကျင်အောင်လုပ်ထားပါစေ ပြောသင့်တာပြော၊ မေးသင့်တာမေးပြီး လမ်းခွဲလိုက်ပါ။ ဘာ့ကြောင့်ဒီလိုလုပ်ခဲ့တယ်ဆိုတာ သင်မမေးရင်တောင်၊ အနည်းဆုံးတော့သူ့မှာဖြေရှင်းချက်တွေနဲ့သင့်အပေါ်အကြွေးတင်နေမှာပါ။ ပြီးတာနဲ့တရားဝင်လမ်းခွဲလိုက်ပါတော့။

(၇) ကြေကွဲဝမ်းနည်းလိုက်ပါ။

ငိုချင်ရင်ချလိုက်ပါ ။ သင့်ခံစားချက်တွေကိုမြိုသိပ်မထားပါနဲ့ ။ အော်လိုက်ပါ။ သင့်စိတ်ကို ထွက်ပေါက်ပေးလိုက်ပါ။
သင့်ခံစားချက်တွေပေါက်ကွဲသွားဖို့အချိန်ပေးလိုက်ပါ။

(၈) ခံစားချက်တွေနဲ့ အကြာကြီးမနေထိုင်ပါနဲ့။
ဝမ်းနည်းပူဆွေးမှုတွေနဲ့သင့်အချိန်တွေကို မဖြတ်သန်းပါနဲ့။ အတိုင်းအတာတစ်ခုထိပဲ ဝမ်းနည်းပါ။ ပြီးရင်ဒီအခြေအနေ
တွေကရုန်းထွက်ပါ။ အတိတ်မှာမနေပါနဲ့။ ဒီလိုတွေမဖြစ်ချင်လို့ သင်ခွင့်လွှတ်ပြီးလမ်းခွဲခဲ့တာမမေ့ပါနဲ့။

(၉) သင်တို့အကြောင်းလာမေးတဲ့အခါ ပြောပြလိုက်ပါ။
မိန်းမတွေဟာစပ်စုတတ်တာသဘာဝပါ ။ သင့်သူငယ်ချင်းတွေက သင်တို့ပြတ်သွားတဲ့အကြောင်းလာမေးတဲ့အခါ ၊
ကိုယ့်ကိုယ် တကယ်ရင်ဖွင့်စေချင်တဲ့သူငယ်ချင်းတွေကိုလောက်ပဲပြောပြပါ။ လူတိုင်းကိုအသေးစိတ်လိုက်ပြောနေ
စရာမလိုပါဘူး။ သူတို့တွေဟာ သင့်ရည်းစားအပေါ်မကောင်းသတင်းတွေလျှောက်လွင့်နိုင်ပါတယ်။အဆင်မပြေလို့
ပြတ်ခဲ့ပေမယ့် ကိုယ့်စကားတစ်ခွန်းကြောင့် သူများကသူ့ကို အထင်သေး၊ မကောင်းပြောတာတွေမဖြစ်ပါစေနဲ့။

(၁၀) သင့်ကိုစိတ်ပျော်ရွှင်စေမယ့်အရာတွေလုပ်ပါ။


သင့်သူငယ်ချင်းတွေနဲ့လျှောက်လည်ပါ။ အားကစားလုပ်ပါ။ ဝါသနာပါတာတွေအတွက်အချိန်ပေးပါ။ ဒီလိုလုပ်တဲ့အခါ
သင့်အရင်ရည်းစားကြောင့်နာကျင်ရတာတွေ သက်သာစေပါတယ်။

(၁၁) ကလဲ့စားပြန်မချေပါနဲ့ ။
သင်သူ့ကိုကလဲ့စားပြန်ချေတာဟာ ကောင်းတဲ့နည်းလမ်းမဟုတ်ပါဘူး။ ဒါဟာသင့်အချိန်တွေ ၊အင်အားတွေဖြုန်းရုံ
သက်သက်ပါပဲ။သင့်ရည်းစားနဲ့သူ့ကောင်မလေး ဖောက်ပြန်တဲ့သတင်းတွေလွှင့်တာတွေ၊ သင့်ရည်းစားရဲ့သူငယ်ချင်း
နဲ့တွဲပြတာမျိုးတွေလုပ်တာတွေရဲ့အဆုံးသတ်ဟာ သင့်ကို ရှုံးနိမ့်မှုပဲဖြစ်စေမှာပါ။

(၁၂) နောက်ထပ် တစ်ယောက်ပြီးတစ်ယောက်တွဲခြင်း။
သင်ဟာဒီလိုကြုံတွေ့နေချိန်မှာ သင့်အရင်ချစ်သူကို နောက်တစ်ယောက်ရနေပြီဆိုတာ ပြချင်တာနဲ့ပဲ၊ အသစ်
တစ်ယောက်ပြီးတစ်ယောက်မတွဲသင့်ပါဘူး။သင့်ကိုတကယ်ပြန်ဆွဲဆောင်နိုင်သူ ၊သင့်ကိုပြန်ပျော်ရွှင်အောင်၊
ပြန်တက်ကြွလန်းဆန်းအောင် လုပ်ပေးနိုင်တဲ့သူမျိုးနဲ့သာ သင်အသစ်ပြန်စသင့်ပါတယ်။ တကယ်လို့အသစ်
မထားချင်သေးဘူးဆိုလည်း ကိုယ့်ဘာသာတစ်ယောက်တည်းပျော်ရွှင်အောင်ကြိုစားနေထိုင်အောင်ပိုကောင်း
ပါတယ်။
READ
Relationship တစ်ခုမှာ ယောက်ျားလေးတွေကို နာကျင်စေတဲ့အပြုအမူများ

(၁၃) သင့်ကိုယ်ကိုအပြစ်တင်ဝေဖန်တာတွေမလုပ်ပါနဲ့။
သင့်ရည်းစားဟောင်းက သူဖောက်ပြန်ရတဲ့အကြောင်းနဲ့ပတ်သတ်ပြီးသင့်ကိုအပြစ်တင်ပြောဆိုလာတဲ့အခါ ၊
ဘယ်တော့မှ သင့်ကြောင့်လို့မထင်ပါနဲ့ ။အခြားသူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အမှားဟာ သင့်အတွက်ဝန်ထုပ်
တစ်ခုမဖြစ်ပါစေနဲ့။ ဖောက်ပြန်ခဲ့တာဟာ သူပါ။ သင်မဟုတ်ပါဘူး ။ ဒါအတွက်သူမှပဲတာဝန်ရှိပါတယ်။ သင်
လုံးဝမမှားပါဘူး။

(၁၄) အဆိုးတွေမတွေးပါနဲ့ ၊ အမှားတွေမလုပ်မိပါစေနဲ့။
သင်ဟာခုလိုလိမ်ညာခံရတဲ့အတွက်၊ နောက် Relationship တွေမှာလည်းခုလိုဖြစ်ဦးမှာပဲ ဆိုတာမျိုးမတွေးပါနဲ့။ Barတွေ ၊Club တွေသွားပြီး ကိုယ့်ကိုယ်ကို မဖျက်စီးပါနဲ့ ။နောက်တစ်ခါ အလိမ်အညာမခံပါနဲ့တော့။

(၁၅) သင့်ကိုယ်ကိုပဲ အာရုံစိုက်ပါ။
သင့်ကိုလိမ်လည်သွားတဲ့ယောက်ျားတစ်ယောက်နဲ့ပြတ်ပြီးတဲ့နောက်၊ သင်ဟာလူလွတ်တစ်ယောက်ဖြစ်သွားတာ
ကြောင့် သင့်ကိုယ်ကိုပြန်ဂရုစိုက်နိုင်ပါပြီ ။ ပိုတိုးတက်ဖို့အရေး ၊ပိုကျန်းမာဖို့အရေးပဲ အာရုံစိုက်ပါ။ဝါသနာပါတာတွေ
လုပ်ပါ ။သင့်ကိုပျော်ရွှင်စေတဲ့ အရာတွေအတွက် အချိန်ပေးပါ ။

တကယ်လို့သင်လိမ်ညာခံနေတာကိုသိပြီးနောက်ပိုင်းမှာမှ၊ သင့်ချစ်သူကသင့်ကိုတကယ်ချစ်နေတယ်ဆိုရင် လက်ရှိ
ဖောက်ပြားနေတဲ့မိန်းမကို ချက်ချင်းဖြတ်လိုက်မှာပါ။ ဒါဟာသင့်ကိုမချစ်လို့ဆိုတာထက်၊ အကြောင်းအမျိုးမျိုးဖောက်ပြား
မိသွားတာပါ။ နောက်ပြီးသင်နဲ့ ပြန်စတင်ဖို့ကြိုးစားမှာပါ ။

ဒီတော့သင့်ချစ်သူကို ပြန်လက်ခံသင့်သလား ?လက်မခံသင့်သလား? သေချာဆုံးဖြတ်ပြီးမှအပေါ်ကအချက်တွေ
ကိုလုပ်ပါ။


Credit:auntymay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top