iMyanmarHouse.com - Best Property Website for Myanmar
×

ဆႏၵသိပ္မေစာပါနဲ႔။ ပထမဆုံးေတြ႔ဆုံမႈမွာ သင့္ခ်စ္သူေကာင္မေလးကို ထိေတြကုိင္တြယ္ဖုိ႔ မၾကိဳးစားပါနဲ႔ဦး။ ခုမွ သူမ သင္နဲ႔ အျပင္ထြက္ဖူးတာမို႔ အစစအရာရာ သူမ အဆင္သင့္ မျဖစ္ေသးလို႔ပါ။ ရလဒ္ေတြေျပာင္းျပန္ျဖစ္သြားႏုိင္ပါတယ္။ ဒါတင္မက ပထမဆုံးေတြ႔တဲ့ရက္မွာ သူမကိုယ္ကို ထိေတြ႔မႈ ေရွာင္ၾကဥ္သင့္တဲ့ တျခားအေၾကာင္းခ်က္ တခ်ဳိ႕ရိွပါတယ္။ ေခ်ာေမာလွပတဲ့ မိန္းကေလးတစ္ေယာက္ ကိုယ့္ေရွ႕ေရာက္လာတဲ့အခါ ဆႏၵထိန္းခ်ဳပ္ဖုိ႔ မလြယ္တာ မွန္ပါတယ္။ ဒါေပမယ့္ မိမိကုိယ္တုိင္ သုိ႔မဟုတ္ မိမိလက္တဲြေဖာ္ကို ဒုကၡမျဖစ္ေစခ်င္ရင္ မိမိကုိယ္မိမိထိန္းခ်ဳပ္မႈတခ်ဳိ႕ လိုအပ္ပါတယ္။

အၾကမ္းဖက္ခံရျပီလုိ႔ သူမ ခံစားထင္ျမင္သြားႏိုင္
ဒါက ကနဦးေဘးထြက္ဆုိးက်ဳိးပါပဲ။ အၾကမ္းဖက္တာလို႔ သူမ ခံစားပါက သင့္ကုိ စိတ္ဆိုးလာႏုိင္ပါတယ္။ သူမစိတ္ခံစားခ်က္ေတြ၊ ၾကိဳက္လား၊ မၾကိဳက္လားေတာင္ မသိရေသးဘဲ သူမကို သြားကိုင္ဖုိ႔ ၾကိဳးစားပါက သူမအေလးနက္ထားႏုိင္ပါတယ္။

သင္အရမ္းေလာတယ္လုိ႔ သူမ ယူဆႏုိင္
သူမက သင့္ကိုၾကမ္းတယ္လို႔ မယူဆရင္ေတာင္ တစ္စုံတစ္ေယာက္နဲ႔ အတူေနဖုိ႔ ေလာေနသူလုိ႔ အထင္အျမင္ ရသြားႏုိင္ပါတယ္။

သူမေၾကာက္သြားႏုိင္
တကယ္လုိ႔ သူမေၾကာက္ေနရင္ ေနာက္တစ္ၾကိမ္ ခ်ိန္းေတြ႔မႈ ရိွေတာ့မွာ မဟုတ္ပါဘူး။ ေရွာင္ထြက္ျပီး ဖုန္းနဲ႔ ေဖ့စ္ဘြတ္ခ္ေပၚလည္း ဘေလာ့ခ္လုပ္သြားပါလိမ့္မယ္။

သာယာမႈက သင့္ကို လမ္းမွားေခၚေဆာင္သြားႏုိင္
တကယ္လုိ႔ သင့္အထိအေတြ႔ကို သူမ သာယာၾကည္ႏူးျပီး သင့္ကို ဖက္ထားရင္ေတာင္ ပထမခ်ိန္းေတ႔ြရက္မွာ လုပ္သင့္တဲ့အရာမဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ထိေတြ႔မႈက သာယာမႈလြန္စြာ ရရိွေစကာ သတိလက္လြတ္ျဖစ္ေစတတ္ပါတယ္။ က်ဳိးေၾကာင္းက်က် ခ်င့္ခ်ိန္ေတြးမရ ျဖစ္ေစပါတယ္။ ဒီလုိအခ်က္ေတြ မေဖာ္ထုတ္ဘဲ အာရုံခံစားမႈေတြေပၚအေျခခံျပီး အခ်စ္ေရးထဲ ဇြတ္တိုးဝင္ပါက နာက်င္မႈကို သင္ဝယ္ယူေနတာပါ။

သင့္ကိုပါးရုိက္သြားႏုိင္
ဒါက အယုတ္စြဆုံးအေျခအေနပါပဲ။ သြားကိုင္ဖုိ႔ၾကိဳးစားလုိ႔ ပါးရုိက္ခံရင္ ဘယ္လုိလုပ္မလဲ။ ရည္ရည္မြန္မြန္ျပဳမူေနထုိင္ျပီး သူမ သင့္ကို ထိေတြ႔ဖုိ႔ မဆုံးျဖတ္မခ်င္းေစာင့္ပါ။

မွားယြင္းတဲ့ အခ်က္ေပးေနျခင္းျဖစ္
ပထမခ်ိန္းေတြ႔ရက္မွာ ထိကိုင္ဖုိ႔ၾကိဳးစားျခင္းျဖင့္ ခႏၶာကိုယ္အထိအေတြ႔က တျခားအရာမ်ားထက္ ပုိအေရးၾကီးေၾကာင္း သင္ သူမကို ေျပာျပေနတာ ျဖစ္ပါတယ္။ message အမွား သင္ ေပးလုိက္ျပီ။ အခ်စ္ေရးဆက္ဆံမႈတစ္ခု စတင္ဖုိ႔ သူေနရာနဲ႔သူ ရိွသင့္တဲ့ အေရးၾကီးဆံုး အခ်က္မ်ားစြာ ရိွပါတယ္။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ဆန္ဒသိပ်မစောပါနဲ့။ ပထမဆုံးတွေ့ဆုံမှုမှာ သင့်ချစ်သူကောင်မလေးကို ထိတွေကိုင်တွယ်ဖို့ မကြိုးစားပါနဲ့ဦး။ ခုမှ သူမ သင်နဲ့ အပြင်ထွက်ဖူးတာမို့ အစစအရာရာ သူမ အဆင်သင့် မဖြစ်သေးလို့ပါ။ ရလဒ်တွေပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။ ဒါတင်မက ပထမဆုံးတွေ့တဲ့ရက်မှာ သူမကိုယ်ကို ထိတွေ့မှု ရှောင်ကြဉ်သင့်တဲ့ တခြားအကြောင်းချက် တချို့ရှိပါတယ်။ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက် ကိုယ့်ရှေ့ရောက်လာတဲ့အခါ ဆန္ဒထိန်းချုပ်ဖို့ မလွယ်တာ မှန်ပါတယ်။ ဒါပေမယ့် မိမိကိုယ်တိုင် သို့မဟုတ် မိမိလက်တွဲဖော်ကို ဒုက္ခမဖြစ်စေချင်ရင် မိမိကိုယ်မိမိထိန်းချုပ်မှုတချို့ လိုအပ်ပါတယ်။

အကြမ်းဖက်ခံရပြီလို့ သူမ ခံစားထင်မြင်သွားနိုင်
ဒါက ကနဦးဘေးထွက်ဆိုးကျိုးပါပဲ။ အကြမ်းဖက်တာလို့ သူမ ခံစားပါက သင့်ကို စိတ်ဆိုးလာနိုင်ပါတယ်။ သူမစိတ်ခံစားချက်တွေ၊ ကြိုက်လား၊ မကြိုက်လားတောင် မသိရသေးဘဲ သူမကို သွားကိုင်ဖို့ ကြိုးစားပါက သူမအလေးနက်ထားနိုင်ပါတယ်။

သင်အရမ်းလောတယ်လို့ သူမ ယူဆနိုင်
သူမက သင့်ကိုကြမ်းတယ်လို့ မယူဆရင်တောင် တစ်စုံတစ်ယောက်နဲ့ အတူနေဖို့ လောနေသူလို့ အထင်အမြင် ရသွားနိုင်ပါတယ်။

သူမကြောက်သွားနိုင်
တကယ်လို့ သူမကြောက်နေရင် နောက်တစ်ကြိမ် ချိန်းတွေ့မှု ရှိတော့မှာ မဟုတ်ပါဘူး။ ရှောင်ထွက်ပြီး ဖုန်းနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်လည်း ဘလော့ခ်လုပ်သွားပါလိမ့်မယ်။

သာယာမှုက သင့်ကို လမ်းမှားခေါ်ဆောင်သွားနိုင်
တကယ်လို့ သင့်အထိအတွေ့ကို သူမ သာယာကြည်နူးပြီး သင့်ကို ဖက်ထားရင်တောင် ပထမချိန်းတေ့ွရက်မှာ လုပ်သင့်တဲ့အရာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိတွေ့မှုက သာယာမှုလွန်စွာ ရရှိစေကာ သတိလက်လွတ်ဖြစ်စေတတ်ပါတယ်။ ကျိုးကြောင်းကျကျ ချင့်ချိန်တွေးမရ ဖြစ်စေပါတယ်။ ဒီလိုအချက်တွေ မဖော်ထုတ်ဘဲ အာရုံခံစားမှုတွေပေါ်အခြေခံပြီး အချစ်ရေးထဲ ဇွတ်တိုးဝင်ပါက နာကျင်မှုကို သင်ဝယ်ယူနေတာပါ။

သင့်ကိုပါးရိုက်သွားနိုင်
ဒါက အယုတ်စွဆုံးအခြေအနေပါပဲ။ သွားကိုင်ဖို့ကြိုးစားလို့ ပါးရိုက်ခံရင် ဘယ်လိုလုပ်မလဲ။ ရည်ရည်မွန်မွန်ပြုမူနေထိုင်ပြီး သူမ သင့်ကို ထိတွေ့ဖို့ မဆုံးဖြတ်မချင်းစောင့်ပါ။

မှားယွင်းတဲ့ အချက်ပေးနေခြင်းဖြစ်
ပထမချိန်းတွေ့ရက်မှာ ထိကိုင်ဖို့ကြိုးစားခြင်းဖြင့် ခန္ဓာကိုယ်အထိအတွေ့က တခြားအရာများထက် ပိုအရေးကြီးကြောင်း သင် သူမကို ပြောပြနေတာ ဖြစ်ပါတယ်။ message အမှား သင် ပေးလိုက်ပြီ။ အချစ်ရေးဆက်ဆံမှုတစ်ခု စတင်ဖို့ သူနေရာနဲ့သူ ရှိသင့်တဲ့ အရေးကြီးဆုံး အချက်များစွာ ရှိပါတယ်။


Credit:trend myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top