iMyanmarHouse.com - Best Property Website for Myanmar
×






Credit:မိုမိုလေး



#Unicode Version

(၁) ဝမ်းချုပ်ခြင်းကို ကုသပေးနိုင်ခြင်း
နာနတ်သီးဟာဆိုရင် အစောချေလမ်းကြောင်းရဲ့လုပ်ဆောင်မှုကို ကူညီပေးနိုင်ပါတယ်။ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အပြင် Enzyme bromelain လို့ခေါ်တဲ့ ဓာတ်တစ်မျိုးက ပရိုတင်းဓာတ်များကို ဖြိုခွဲပေးတဲ့နေရာမှာ ကူညီပေးပါတယ်။

(၂) အဆီများကို လောင်ကျွမ်းစေခြင်း
နာနတ်သီးမှာ အချိုဓာတ်ပါဝင်တယ် ဆိုပေမယ့် ဒါဟာ ဝိတ်တက်လောက်အောင် မများပါဘူး။ ဒါ့အပြင် နာနတ်သီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်တစ်ချို့က အစာချေစနစ်ကို ဖြေးညင်းစွာလုပ်ဆောင်စေပြီး ဆာလောင်ခြင်းကြောင့်ခံစားရတဲ့ နာကျင်မှုကို ထိန်းချုပ်ပေးနိုင်တဲ့အပြင် သွယ်ဝိုက်သောအားဖြင့် ဇီဝကမ္မဗေဒစနစ်ကို တိုးမြှင့်ပေးပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

(၃) မျက်လုံးကျန်းမာရေး ကောင်းစေခြင်း
နာနာတ်သီးမှာဆိုရင် ဗီတာမင်စီ၊ အန်တီအောက်စီဒန့်၊ သတ္တုဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ် များစွာပါဝင်နေတဲ့အတွက် ဆဲလ်များကို ပျက်ဆီးထိခိုက်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့မပြင် မျက်လုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဘီတာကာရိုတင်းဓာတ်များလည်း ပေါကြွယ်ဝစွာ ပါဝင်နေပါတယ်။


(၄) သွေးဖိအားကို ထိန်းညှိပေးခြင်း
ကျန်းမာရေးနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေအရတာ့ နာနတ်သီး(၁)ခွက်မှာ ဆိုဒီယမ်(၁)မီလီဂရမ်နဲ့ ပိုတက်ဆီယမ် (၁၉၅) မီလီဂရမ်ပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဟာဆိုရင် သွေးဖိအားမြင့်နေမှုကို လျှော့ကျစေပြီး ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။

Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top