အသားအေရညီညာၿပီး စိုေျပေစဖို႔က ႀကီးမားတဲ့ စိန္ေခၚမႈတစ္ရပ္ပါပဲ။ ဓါတုပစၥည္းေတြမသံုးဘဲ သဘာ၀ပစၥည္းေတြနဲ႔ လုပ္လို႔ရမယ္ဆိုရင္ လူတိုင္းလည္း လုပ္ခ်င္ၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။
ပါ၀င္ပစၥည္း
ေျပာင္းဖူးေကာ္မႈန္႔ (Cornflour) စားပြဲတင္ဇြန္း ၂ ဇြန္း
လိေမၼာ္ရည္ လက္ဖက္ရည္ဇြန္း ၃ ဇြန္း
ပ်ားရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
သံပုယုိသီး တစ္ျခမ္း (သို႔) သံပုရာသီး တစ္ျခမ္း
လက္ေခ်ာင္းေျခေခ်ာင္းေလးေတြကိုပါ လုပ္ခ်င္ရင္။ ပါ၀င္ပစၥည္းေတြကို ၂ ဆလုပ္ပါ။
ျပဳလုပ္နည္း
ပါ၀င္ပစၥည္းအားလံုးကိုေရာၿပီး ေသခ်ာေမႊလိုက္ပါ။ ရလာတဲ့ အႏွစ္က အရမ္းအေရၾကဲေနရင္ ေျပာင္းဖူးေကာ္မႈန္႔ နည္းနည္းထပ္ထည့္ပါ။ ပ်စ္ပ်စ္ေလး ျဖစ္ေအာင္ေဖ်ာ္ရမွာျဖစ္ပါတယ္။
ၿပီးရင္ေတာ့ Make-up Brush အသန္႔တစ္ခုႏွစ္ၿပီး မ်က္ႏွာ နဲ႔ လက္ေခ်ာင္းေျခေခ်ာင္းေလးေတြကို လိမ္းေပးပါ။ ၂ မိနစ္ေလာက္ထားပါ။ ၿပီးရင္ က်န္တဲ့ အႏွစ္ေတြကို ကုန္ေအာင္ထပ္လိမ္းၿပီး မိနစ္ ၂၀ ေလာက္ထားပါ။
အဲဒီေနာက္ ၀ါဂြမ္းစကို ေရေအးထဲ နစ္ၿပီး ေစာေစာကလိမ္းထားတဲ့အႏွစ္ေတြကို သုတ္ေပးပါ။ ၿပီးရင္ေရေအးနဲ႔ ေဆးခ်ပါ။
၃ ရက္ကို ၁ ႀကိမ္လုပ္ပါ။ တစ္လတိတိလုပ္ေပးပါ။
Credit:mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အသားအရေညီညာပြီး စိုပြေစေဖို့က ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ဓါတုပစ္စည်းတွေမသုံးဘဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရမယ်ဆိုရင် လူတိုင်းလည်း လုပ်ချင်ကြမယ်လို့ မျှော်လင့်ပါတယ်။
ပါဝင်ပစ္စည်း
ပြောင်းဖူးကော်မှုန့် (Cornflour) စားပွဲတင်ဇွန်း ၂ ဇွန်း
လိမ္မော်ရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သံပုယိုသီး တစ်ခြမ်း (သို့) သံပုရာသီး တစ်ခြမ်း
လက်ချောင်းခြေချောင်းလေးတွေကိုပါ လုပ်ချင်ရင်။ ပါဝင်ပစ္စည်းတွေကို ၂ ဆလုပ်ပါ။
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကိုရောပြီး သေချာမွှေလိုက်ပါ။ ရလာတဲ့ အနှစ်က အရမ်းအရေကြဲနေရင် ပြောင်းဖူးကော်မှုန့် နည်းနည်းထပ်ထည့်ပါ။ ပျစ်ပျစ်လေး ဖြစ်အောင်ဖျော်ရမှာဖြစ်ပါတယ်။
ပြီးရင်တော့ Make-up Brush အသန့်တစ်ခုနှစ်ပြီး မျက်နှာ နဲ့ လက်ချောင်းခြေချောင်းလေးတွေကို လိမ်းပေးပါ။ ၂ မိနစ်လောက်ထားပါ။ ပြီးရင် ကျန်တဲ့ အနှစ်တွေကို ကုန်အောင်ထပ်လိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။
အဲဒီနောက် ဝါဂွမ်းစကို ရေအေးထဲ နစ်ပြီး စောစောကလိမ်းထားတဲ့အနှစ်တွေကို သုတ်ပေးပါ။ ပြီးရင်ရေအေးနဲ့ ဆေးချပါ။
၃ ရက်ကို ၁ ကြိမ်လုပ်ပါ။ တစ်လတိတိလုပ်ပေးပါ။
Credit:mystylemyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...