iMyanmarHouse.com - Best Property Website for Myanmar
×





Credit:trend myanmar


#Unicode Version
ရှည်လျားတဲ့ မျက်တောင်တွေဟာ မျက်လုံးကို ထိခိုက်စေနိုင်ကြောင်း လေ့လာမှုတစ်ခုအရ သိရပါတယ်။ အမှန်တစ်ကယ်တော့ မျက်တောင် ရှည်လျားခြင်းဟာ လူသားတွေကို ပိုမိုလှပစေပါတယ်။ သို့သော်လည်း မျက်တောင်ရဲ့ ရှည်လျားခြင်းဟာ မျက်လုံးရဲ့ သက်တမ်းကို တိုတောင်းသွားစေပါတယ်။ သင့်ရဲ့ မျက်တောင် တွေဟာ ရှည်လျားနေပါက သင့်ရဲ့ မျက်လုံးကို ခြောက်သွေ့သွားစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။

အခြေခံအားဖြင့် ရှည်လျားပြီး ထူထပ်တဲ့ မျက်တောင်တွေဟာ လေ လမ်းကြောင်းတစ်ခုကို ဖန်တီး လိုက်နိုင်ပါတယ်။ ထိုမျက်တောင်တွေဟာ မျက်လုံးတည့်တည့်ကို လေများ ရောက်လာစေရန် လုပ်ဆောင် ပေးလိုက်တဲ့အတွက် မျက်လုံးဟာ ခြောက်သွေ့သွားရခြင်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း မျက်တောင်တွေဟာ တိုလွန်းရင်လည်း မကောင်းပြန်ပါဘူး။ တိုတောင်းတဲ့ မျက်တောင်တွေဟာ မျက်လုံးထံသို့ ဝင်ရောက်လာမယ့် ပြင်ပ က ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေကိုတော့ ကောင်းစွာ ကာကွယ်ပေးနိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။

အကောင်းဆုံး မျက်တောင်အနေအထားကတော့ မျက်လုံးရဲ့ သုံးပုံတစ်ပုံခန့်ရှည်တဲ့မျက်တောင် တွေပဲဖြစ်ပါတယ်။ Mechanical Engineering ကျောင်းက တွဲဖက် ပရောဖက်ဆာ တစ်ယောက်ဖြစ်တဲ့ Alexander Alexeev ဟာ ကွဲပြားတဲ့ တိရိစ္ဆာန်မျိုးစိတ်ပေါင်း ၂၂ ခု ကိုလေ့လာခဲ့ပြီးတဲ့နောက် အကောင်းဆုံး မျက်တောင်အနေအထားကို သိရိခဲ့တာဖြစ်ပါတယ်။


Credit:trend myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top