ေလာကဓံရဲ႕အထုအေထာင္းကိုခံရပါမ်ားတဲ့အခါ လူေတြကေပတုံးတစ္တုံးလိုပဲအရာရာကိုအံတုလာႏိုင္ၾကတယ္။ အထူးသျဖင့္ အမ်ိဳးသမီးေတြကို အားႏြဲ႕တဲ့မိန္းမသားေတြရယ္လို႔အမ်ားစုကင္ပြန္းတပ္ၾကေပမယ့္ အဲဒီလို အားႏြဲ႕ တဲ့မိန္းမသားေတြစိတ္ဓာတ္ႀကံ့ခိုင္လာတဲ့အခါ ဘယ္လိုအခ်က္ေတြ၊ခံစားခ်က္ေတြပိုင္ဆိုင္လာၾကတယ္ဆိုတာ Aunty May ကေနဗဟုသုတအျဖစ္မွ်ေဝေပးလိုက္ပါတယ္။
(၁)ကိုယ္တိုင္သည္သာ ပထမ
ေလာကဓံရဲ႕ ထိုးႏွက္မႈကို ခံရတာက်င့္သားရေနတဲ့ အမ်ိဳးသမီးေတြက သူတို႔ကိုယ္သူတို႔အၿမဲတမ္းသန္မာေအာင္ေနသလို ကိုယ့္ကိုယ္ကိုယ္သာ ပထမဦးစားေပးျပဳမူလာၾကတယ္။ဒါဟာ တကိုယ္ေကာင္းဆန္တယ္ဆိုတဲ့ အဓိပၸာယ္သက္ေရာက္ေပ မယ့္ကိုယ္တိုင္သန္မာျခင္းကသာကိုယ့္ကိုယ္ကိုယ္ကာကြယ္ႏိုင္မွာပါ။ဒီလို ကိုယ့္ကိုယ္ကိုယ္ဦးစားေပးတဲ့ေနထိုင္မႈပုံစံေတြ ကေန အစြန္းမေရာက္ေအာင္ ကိုယ္တိုင္နဲ႔ တျခားသူေတြၾကားမွာစစ္မွန္တဲ့ သစၥာတရား၊ယုံၾကည္မႈတို႔နဲ႔ထိန္းထားတယ္။
(၂)ဆက္ဆံေရးမွာျပတ္သားတယ္
စိတ္ဓာတ္ႀကံ့ခိုင္တဲ့အမ်ိဳးသမီးေတြမွာႏွလုံးသားထက္ဦးေႏွာက္ကိုပိုၿပီးဦးစားေပးၾကတယ္။သူတို႔ကိုယ္အဆိပ္အေတာက္ ျဖစ္ေစတဲ့လူေတြနဲ႔ဆက္ဆံေရးကိုျပတ္ျပတ္သားသားျဖတ္ေတာက္တတ္ၾကတယ္။ဘာျဖစ္လို႔လဲဆိုေတာ့သူတို႔ရဲ႕ႏွလုံးသားကနာက်င္မႈကိုမခံစားႏိုင္ေတာ့လို႔ပဲျဖစ္တယ္။
(၃)မေမ့တဲ့ခြင့္လႊတ္ျခင္း
လူတိုင္းမျပည့္စုံႏိုင္ဘူး၊ မေကာင္းႏိုင္ဘူးဆိုတာကိုသိရွိနားလည္လာၾကတဲ့အတြက္ ခြင့္လႊတ္တတ္လာတယ္။ဒါေပမယ့္ ကိုယ့္ကိုယ္နာက်င္ေစတဲ့သူကိုေတာ့ ဘယ္ေတာ့မွေမ့ေလ့မရွိပါဘူး။ဘာျဖစ္လို႔လဲဆိုေတာ့သူတို႔ရဲ႕စိတ္ဓာတ္ေတြျပင္း ထန္ေနတဲ့အတြက္ မွတ္ဉာဏ္ေတြက အလြယ္တကူေပ်ာက္ပ်က္မသြားႏိုင္ေတာ့လို႔ပါပဲ။အဲဒီအတြက္အားနည္းခ်က္ အေနနဲ႔မေပ်ာ္႐ႊင္မႈကို ခံစားရႏိုင္ေပမယ့္ အမွားေတြ၊သင္ခန္းစာေတြကိုသင္ယူရင္း ေကာင္းမြန္တဲ့အခြင့္အေရးေတြဆီတက္ လွမ္းသြားႏိုင္တဲ့ အားသာခ်က္ေတြလည္းရွိေနပါတယ္။
(၄)ယုံၾကည္မႈအျပည့္ရွိတယ္
စိတ္ဓာတ္ႀကံ့ခိုင္တဲ့အမ်ိဳးသမီးတစ္ေယာက္အတြက္အဆင္မေျပတဲ့ကိစၥတစ္ခုကို အလြယ္တကူအရႈံးေပးလိုက္ဖို႔ဆိုတာ ရယ္စရာတစ္ခုလိုပါပဲ။သူတို႔ရဲ႕ေအာင္ျမင္မႈ၊ ရည္မွန္းခ်က္ပန္းတိုင္ေတြအတြက္ ယုံၾကည္မႈအျပည့္ရွိေနသလိုအေကာင္းဆုံး ႀကိဳးစားဖို႔လည္း စိတ္ဓာတ္ခြန္အားကိုအၿမဲလႈ႕ံေဆာ္မႈျဖစ္ေနတယ္။
(၅)ကိုယ္တိုင္ေက်ေက်နပ္နပ္လက္ခံတယ္
ေနာက္ဆုံးတစ္ခ်က္ကေတာ့ သူတို႔ဘယ္သူဆိုတာ ကိုယ္တိုင္ေက်ေက်နပ္နပ္လက္ခံၾကျခင္းပါပဲ။တကယ္ေတာ့ဒီအခ်က္က လူတိုင္းအတြက္မလြယ္ကူပါဘူး။ကိုယ့္ကိုယ္ကိုယ္ ဘယ္သူဆိုတာ ေက်ေက်နပ္နပ္လက္ခံႏိုင္ျခင္းမရွိၾကလို႔ စိတ္ဓာတ္က် တာ၊ အရႈံးေတြနဲ႔ရင္ဆိုင္ရတာ၊ မေပ်ာ္႐ႊင္ရတာေတြျဖစ္ေနတာပါ။စိတ္ဓာတ္ႀကံ့ခိုင္တဲ့အမ်ိဳးသမီးတစ္ေယာက္အတြက္ ကေတာ့ ကိုယ္တိုင္ဘယ္သူဆိုတာကိုယုံၾကည္မႈရွိစြာ ေက်နပ္လက္ခံထားျခင္းကပဲဘဝအတြက္ခြန္အားေတြျဖစ္ေစ ပါတယ္။
Credit:auntymay
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လောကဓံရဲ့အထုအထောင်းကိုခံရပါများတဲ့အခါ လူတွေကပေတုံးတစ်တုံးလိုပဲအရာရာကိုအံတုလာနိုင်ကြတယ်။ အထူးသဖြင့် အမျိုးသမီးတွေကို အားနွဲ့တဲ့မိန်းမသားတွေရယ်လို့အများစုကင်ပွန်းတပ်ကြပေမယ့် အဲဒီလို အားနွဲ့ တဲ့မိန်းမသားတွေစိတ်ဓာတ်ကြံ့ခိုင်လာတဲ့အခါ ဘယ်လိုအချက်တွေ၊ခံစားချက်တွေပိုင်ဆိုင်လာကြတယ်ဆိုတာ Aunty May ကနေဗဟုသုတအဖြစ်မျှဝေပေးလိုက်ပါတယ်။
(၁)ကိုယ်တိုင်သည်သာ ပထမ
လောကဓံရဲ့ ထိုးနှက်မှုကို ခံရတာကျင့်သားရနေတဲ့ အမျိုးသမီးတွေက သူတို့ကိုယ်သူတို့အမြဲတမ်းသန်မာအောင်နေသလို ကိုယ့်ကိုယ်ကိုယ်သာ ပထမဦးစားပေးပြုမူလာကြတယ်။ဒါဟာ တကိုယ်ကောင်းဆန်တယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပေ မယ့်ကိုယ်တိုင်သန်မာခြင်းကသာကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်မှာပါ။ဒီလို ကိုယ့်ကိုယ်ကိုယ်ဦးစားပေးတဲ့နေထိုင်မှုပုံစံတွေ ကနေ အစွန်းမရောက်အောင် ကိုယ်တိုင်နဲ့ တခြားသူတွေကြားမှာစစ်မှန်တဲ့ သစ္စာတရား၊ယုံကြည်မှုတို့နဲ့ထိန်းထားတယ်။
(၂)ဆက်ဆံရေးမှာပြတ်သားတယ်
စိတ်ဓာတ်ကြံ့ခိုင်တဲ့အမျိုးသမီးတွေမှာနှလုံးသားထက်ဦးနှောက်ကိုပိုပြီးဦးစားပေးကြတယ်။သူတို့ကိုယ်အဆိပ်အတောက် ဖြစ်စေတဲ့လူတွေနဲ့ဆက်ဆံရေးကိုပြတ်ပြတ်သားသားဖြတ်တောက်တတ်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့နှလုံးသားကနာကျင်မှုကိုမခံစားနိုင်တော့လို့ပဲဖြစ်တယ်။
(၃)မမေ့တဲ့ခွင့်လွှတ်ခြင်း
လူတိုင်းမပြည့်စုံနိုင်ဘူး၊ မကောင်းနိုင်ဘူးဆိုတာကိုသိရှိနားလည်လာကြတဲ့အတွက် ခွင့်လွှတ်တတ်လာတယ်။ဒါပေမယ့် ကိုယ့်ကိုယ်နာကျင်စေတဲ့သူကိုတော့ ဘယ်တော့မှမေ့လေ့မရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့စိတ်ဓာတ်တွေပြင်း ထန်နေတဲ့အတွက် မှတ်ဉာဏ်တွေက အလွယ်တကူပျောက်ပျက်မသွားနိုင်တော့လို့ပါပဲ။အဲဒီအတွက်အားနည်းချက် အနေနဲ့မပျော်ရွှင်မှုကို ခံစားရနိုင်ပေမယ့် အမှားတွေ၊သင်ခန်းစာတွေကိုသင်ယူရင်း ကောင်းမွန်တဲ့အခွင့်အရေးတွေဆီတက် လှမ်းသွားနိုင်တဲ့ အားသာချက်တွေလည်းရှိနေပါတယ်။
(၄)ယုံကြည်မှုအပြည့်ရှိတယ်
စိတ်ဓာတ်ကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက်အတွက်အဆင်မပြေတဲ့ကိစ္စတစ်ခုကို အလွယ်တကူအရှုံးပေးလိုက်ဖို့ဆိုတာ ရယ်စရာတစ်ခုလိုပါပဲ။သူတို့ရဲ့အောင်မြင်မှု၊ ရည်မှန်းချက်ပန်းတိုင်တွေအတွက် ယုံကြည်မှုအပြည့်ရှိနေသလိုအကောင်းဆုံး ကြိုးစားဖို့လည်း စိတ်ဓာတ်ခွန်အားကိုအမြဲလှုံ့ဆော်မှုဖြစ်နေတယ်။
(၅)ကိုယ်တိုင်ကျေကျေနပ်နပ်လက်ခံတယ်
နောက်ဆုံးတစ်ချက်ကတော့ သူတို့ဘယ်သူဆိုတာ ကိုယ်တိုင်ကျေကျေနပ်နပ်လက်ခံကြခြင်းပါပဲ။တကယ်တော့ဒီအချက်က လူတိုင်းအတွက်မလွယ်ကူပါဘူး။ကိုယ့်ကိုယ်ကိုယ် ဘယ်သူဆိုတာ ကျေကျေနပ်နပ်လက်ခံနိုင်ခြင်းမရှိကြလို့ စိတ်ဓာတ်ကျ တာ၊ အရှုံးတွေနဲ့ရင်ဆိုင်ရတာ၊ မပျော်ရွှင်ရတာတွေဖြစ်နေတာပါ။စိတ်ဓာတ်ကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက်အတွက် ကတော့ ကိုယ်တိုင်ဘယ်သူဆိုတာကိုယုံကြည်မှုရှိစွာ ကျေနပ်လက်ခံထားခြင်းကပဲဘဝအတွက်ခွန်အားတွေဖြစ်စေ ပါတယ်။
Credit:auntymay
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
စိတ္ဓာတ္ႀကံ့ခိုင္တဲ့အမ်ိဳးသမီးေတြမွာရွိတဲ့ အမူအက်င့္မ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။