ေခ်ာကလက္ကို အရသာခံကာ တစ္တိတိကိုက္ပါးတတ္တဲ့ ကၽြန္ေတာ္တုိ ့လုိလူေတြဟာ
စားေကာင္းေကာင္းနဲ ့စားအျပီးမွာ သြားေတြပဲပ်က္စီးေတာ့မလား၊ အဆီနဲ
့သၾကားဓာတ္ေတြ အမ်ားၾကီး စားမိလုိ ့ကိုယ္အေလးခ်ိန္ပဲ တက္ေတာ့မလားဆုိျပီး
အျမဲစိုးရိမ္ပူပန္ေနတတ္ၾကပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ ့ေစာင့္ေမွ်ာ္ေနတဲ့
သတင္းတစ္ခုထြက္ေပၚလာပါျပီ။
သိပၸံပညာရွင္ေတြဟာ ေဆးအျဖစ္ေတာင္
မွီ၀ဲလုိ ့ရေလာက္ေအာင္ က်န္းမာေရးနဲ ့ညီညြတ္ျပီး ေဆးဖက္၀င္တဲ့
ေခ်ာကလက္တစ္မ်ိဳးကို ဖန္တီးႏိုင္လုိက္ျပီလုိ ့ဆုိပါတယ္။
သာမန္ေခ်ာကလက္ေတြမွာ
အဓိကပါ၀င္ပစၥည္းေတြက ေခ်ာကလက္၊ကိုကိုးမွဳန္ ့၊ အန္တီေအာက္ဆီဒန္ ့စ္ေခၚ
ဓာတုဓာတ္တုိးဆန္ ့က်င္ပစၥည္း ေတြ၊ သတၱဳဓာတ္ေတြ ျဖစ္ျပီး ေသြးေပါင္ခ်ိန္
ေလ်ာ့က်မွဳကို ကူညီေပးကာ က်န္းမာေရးနဲ ့ညီတဲ့ကိုလက္စထေရာ ကို
တုိးပြားေစပါတယ္။ ဒါေပမယ့္ ေခ်ာကလက္အေတာင့္အမ်ားစုမွာ အနည္းဆုံး အဆီနဲ
့သၾကားဓာတ္ ၇၀ ရာခိုင္ႏွဳန္းပါ၀င္ေနတာေၾကာင့္
က်န္းမာေရးအက်ိဳးေက်းဇူးရတာထက္ ဆုိးက်ိဳးပုိမ်ားတယ္လုိ ့ဆုိရမွာပါ။
အခုအခါမွာေတာ့
အေမရိိကန္ကုမၸဏီတစ္ခုဟာ မူလအရသာဆုိးပါးတဲ့ကိုကိုးမွဳန္ ့စစ္စစ္ကို Bolivia
နဲ ့Peru ရဲ့ Andean ေဒသမွာေပါက္ေရာက္တဲ့ ေဆးဖက္၀င္အပင္တစ္ပင္နဲ
့ေရာေႏွာကာ အခ်ိဳဓာတ္ျဖည့္ႏိုင္ခဲ့တာေၾကာင့္ အဆီနဲ ့သၾကားဓာတ္ ၃၅
ရာခိုင္ႏွဳန္းပဲ ပါ၀င္တဲ့ ေခ်ာကလက္တစ္မ်ိဳးကို ထုတ္လုပ္ႏိုင္ခဲ့ပါတယ္။
ဒီလုိနည္းလမ္းေၾကာင့္
ေခ်ာကလက္အေတာင့္မွာ သၾကားဓာတ္၊ ေဆးသၾကားစတဲ့ခ်ိဳေစတဲ့ ျဖည့္စြက္ပစၥည္းနဲ
့အဆီေတြ ပါ၀င္မွဳေလ်ာ့နည္းသြားျပီး ကိုကိုးေစ့ေတြရဲ့
က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ပုိရေစႏိုင္မွာျဖစ္တယ္လုိ ့ ယခုေခ်ာကလက္ကို
ထုတ္လုပ္ေနသူ Kuka Xoco ကုမၸဏီက Gregory Aharonian က ရွင္းျပခဲ့ပါတယ္။
ကုမၸဏီရဲ့ ကာလရွည္ရည္မွန္းခ်္ကေတာ့ အဆီနဲ ့သၾကား ၁၀ ရာခိုင္ႏွဳန္းသာ ပါ၀င္မယ့္ ေခ်ာကလက္ကို ထုတ္လုပ္ႏိုင္ဖုိ ့ျဖစ္တယ္လုိ ့ဆုိပါတယ္။
အခ်ိဳဓာတ္ျဖည့္စြက္ေပးတဲ့ဓာတုပစၥည္းေတြဟာ
အရသာလည္းမေကာင္းမြန္သလုိ၊ ကို္ယ္အေလးခ်ိန္တုိးျခင္းနဲ ့တျခားက်န္းမာေရး
ဆုိးက်ိဳးသက္ေရာက္မွဳ ေတြ ရွိတယ္လုိ ့Bolivia နဲ ့US တုိ ့မွာ
ရုံးစုိက္ထားတဲ့ ကုမၸဏီက ကန္ ့ကြက္ေျပာဆုိခဲ့ပါတယ္။ ကုမၸဏီကထုတ္လုပ္တဲ့
ေဆးဖက္၀င္ေခ်ာကလက္ ေတာင့္ေတြကို ေနာက္ႏွစ္ထဲမွာ
ေစ်းကြက္တင္သြားမွာျဖစ္တယ္လုိ ့သိရပါတယ္။
Credit:သစ္ထူးလြင္(က်န္းမာေရး)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ချောကလက်ကို အရသာခံကာ တစ်တိတိကိုက်ပါးတတ်တဲ့ ကျွန်တော်တို့လိုလူတွေဟာ
စားကောင်းကောင်းနဲ့စားအပြီးမှာ သွားတွေပဲပျက်စီးတော့မလား၊
အဆီနဲ့သကြားဓာတ်တွေ အများကြီး စားမိလို့ကိုယ်အလေးချိန်ပဲ
တက်တော့မလားဆိုပြီး အမြဲစိုးရိမ်ပူပန်နေတတ်ကြပါတယ်။ ဒါပေမယ့်
ကျွန်တော်တို့စောင့်မျှော်နေတဲ့ သတင်းတစ်ခုထွက်ပေါ်လာပါပြီ။
သိပ္ပံပညာရှင်တွေဟာ
ဆေးအဖြစ်တောင် မှီဝဲလို့ရလောက်အောင် ကျန်းမာရေးနဲ့ညီညွတ်ပြီး ဆေးဖက်ဝင်တဲ့
ချောကလက်တစ်မျိုးကို ဖန်တီးနိုင်လိုက်ပြီလို့ဆိုပါတယ်။
သာမန်ချောကလက်တွေမှာ
အဓိကပါဝင်ပစ္စည်းတွေက ချောကလက်၊ကိုကိုးမှုန့်၊ အန်တီအောက်ဆီဒန့်စ်ခေါ်
ဓာတုဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေ၊ သတ္တုဓာတ်တွေ ဖြစ်ပြီး သွေးပေါင်ချိန်
လျော့ကျမှုကို ကူညီပေးကာ ကျန်းမာရေးနဲ့ညီတဲ့ကိုလက်စထရော ကို
တိုးပွားစေပါတယ်။ ဒါပေမယ့် ချောကလက်အတောင့်အများစုမှာ အနည်းဆုံး
အဆီနဲ့သကြားဓာတ် ၇၀ ရာခိုင်နှုန်းပါဝင်နေတာကြောင့်
ကျန်းမာရေးအကျိုးကျေးဇူးရတာထက် ဆိုးကျိုးပိုများတယ်လို့ဆိုရမှာပါ။
အခုအခါမှာတော့
အမေရိကန်ကုမ္ပဏီတစ်ခုဟာ မူလအရသာဆိုးပါးတဲ့ကိုကိုးမှုန့်စစ်စစ်ကို Bolivia
နဲ့Peru ရဲ့ Andean ဒေသမှာပေါက်ရောက်တဲ့ ဆေးဖက်ဝင်အပင်တစ်ပင်နဲ့ရောနှောကာ
အချိုဓာတ်ဖြည့်နိုင်ခဲ့တာကြောင့် အဆီနဲ့သကြားဓာတ် ၃၅ ရာခိုင်နှုန်းပဲ
ပါဝင်တဲ့ ချောကလက်တစ်မျိုးကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
ဒီလိုနည်းလမ်းကြောင့်
ချောကလက်အတောင့်မှာ သကြားဓာတ်၊ ဆေးသကြားစတဲ့ချိုစေတဲ့
ဖြည့်စွက်ပစ္စည်းနဲ့အဆီတွေ ပါဝင်မှုလျော့နည်းသွားပြီး ကိုကိုးစေ့တွေရဲ့
ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပိုရစေနိုင်မှာဖြစ်တယ်လို့ ယခုချောကလက်ကို
ထုတ်လုပ်နေသူ Kuka Xoco ကုမ္ပဏီက Gregory Aharonian က ရှင်းပြခဲ့ပါတယ်။
ကုမ္ပဏီရဲ့ ကာလရှည်ရည်မှန်းချ်ကတော့ အဆီနဲ့သကြား ၁၀ ရာခိုင်နှုန်းသာ ပါဝင်မယ့် ချောကလက်ကို ထုတ်လုပ်နိုင်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။
အချိုဓာတ်ဖြည့်စွက်ပေးတဲ့ဓာတုပစ္စည်းတွေဟာ
အရသာလည်းမကောင်းမွန်သလို၊ ကိုယ်အလေးချိန်တိုးခြင်းနဲ့တခြားကျန်းမာရေး
ဆိုးကျိုးသက်ရောက်မှု တွေ ရှိတယ်လို့Bolivia နဲ့US တို့မှာ ရုံးစိုက်ထားတဲ့
ကုမ္ပဏီက ကန့်ကွက်ပြောဆိုခဲ့ပါတယ်။ ကုမ္ပဏီကထုတ်လုပ်တဲ့ ဆေးဖက်ဝင်ချောကလက်
တောင့်တွေကို နောက်နှစ်ထဲမှာ ဈေးကွက်တင်သွားမှာဖြစ်တယ်လို့သိရပါတယ်။
Credit:သစ်ထူးလွင်(ကျန်းမာရေး)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
စားေသာက္ဖြယ္
»
ဗဟုသုတ
» ေဆးျဖစ္၀ါးျဖစ္ စားလုိ ့ရမယ့္ ကမၻာ့ပထမဆုံး ေဆးဖက္၀င္ေခ်ာကလက္
ေဆးျဖစ္၀ါးျဖစ္ စားလုိ ့ရမယ့္ ကမၻာ့ပထမဆုံး ေဆးဖက္၀င္ေခ်ာကလက္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။