iMyanmarHouse.com - Best Property Website for Myanmar
×

သာယာတဲ့အိမ္ေထာင္ေရးကုိပဲ ျဖစ္ျဖစ္ သမီးရည္းစားဘ၀ ေရရွည္တည္ၿမဲေရးကုိပဲျဖစ္ျဖစ္ တည္ေဆာက္လုိတဲ့ ေဘာ္ဒါ
ေတြအတြက္  သာယာတဲ့အခ်စ္ေရးကို ဘယ္လုိတည္ေဆာက္ရမလဲဆုိတာကုိ အႀကံေပးေဖာ္ျပေပးလုိက္ပါ
တယ္။
(၁) မွ်တျခင္းကို တည္ေဆာက္ပါ

အခ်စ္ေရးသာယာခ်င္တယ္ဆုိ အရင္ဆုံးတည္ေဆာက္ရမွာက ႏွစ္ဦးၾကား မွ်မွ်တတရွိမႈပါဘဲ။ ဘယ္လုိကိစၥတုိင္းပဲျဖစ္ျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ဓာတ္ပုိင္း ထပ္တူက်ဖုိ႔ မရွိေပမယ့္ နားလည္မႈရလာရင္ တစ္ေယာက္နဲ႔တစ္ေယာက္ အ
ေပးအယူမွ်လာပါလိမ့္မယ္။
(၂) သံသယကုိ မေမြးျမဴပါနဲ႔

သံသယကုိ ခ်စ္သူေတြၾကားထဲမွာ ကိုယ္တုိင္ကလည္း သယ္မလာပါနဲ႔။ ခ်စ္သူကိုလည္း သံသယကင္းကင္းနဲ႔ ျမင္ႏုိင္ေအာင္ ႀကိဳးစားပါ။ ဒီလုိျဖစ္ဖုိ႔အတြက္ ႏွစ္ေယာက္စလုံးမွာ အျပန္အလွန္ေလးစားလုိ႔ရမယ့္ အက်င့္စာရိတၱ၊ ႐ုိးသားမႈ စတာေတြလည္း လုိအပ္ပါတယ္။
(၃) တစ္ေယာက္ကိုတစ္ေယာက္ အၿမဲယုံၾကည္ေနပါေစ

ေစာေစာကလုိ သံယေတြ၊ ယုံၾကည္ဖြယ္ရာ အက်င့္စာရိတၱေတြ အသီးသီးမွာ ပို္င္ဆုိင္ထားၿပီဆုိရင္ အေရးႀကီးတဲ့ ယုံ
ၾကည္မႈကို အလုိုလုိ တည္ေဆာက္ၿပီးသား ျဖစ္သြားပါၿပီ။ ယုံၾကည္မႈဟာ အေရးႀကီးပါတယ္။ အခ်စ္ကုိ သက္ရွိသတၱ၀ါ
တစ္ေကာင္အေနနဲ႔ တင္စားမယ္ဆုိရင္ ယုံၾကည္မႈဟာ အခ်စ္ရဲ႕ အသည္းႏွလုံးလုိ႔ ေျပာလုိ႔ရပါတယ္။

(၄) တစ္ေယာက္ကုိတစ္ေယာက္ အားေပးပါ

တစ္ေယာက္က အားငယ္ေနတယ္ဆုိရင္ ပစ္မထားပါနဲ႔။ တစ္ေယာက္က အနီးကပ္ဆုံး အားေပးေဖာ္အျဖစ္ ရွိေနေပးပါ။ တစ္ေယာက္ ေအာင္ျမင္တဲ့အခါမွာလည္း ေအာင္ျမင္မႈေတြ၊ လာဘ္လာဘေတြကို တြန္႔တုိေစးကပ္မေနပါနဲ႔။ ခ်စ္သူနဲ႔အတူ မွ်ေ၀ ခံစားပါ။ ဒါဟာ အခ်စ္ကို အသက္ရွည္ေစဖုိ႔ အာဟာရေတြ ေကၽြးေနျခင္းပါဘဲ။
(၅) အတူတကြ ရယ္ေမာေပ်ာ္ရႊင္ပါ

ဘ၀မွာ အတူတူရယ္ေမာ ျဖတ္သန္းၾကတဲ့ အေပါင္းအေဖာ္ေတြ မ်ားေလ … အဲဒီလူရဲ႕ဘ၀ဟာ စိတ္ခ်မ္းသာစရာေတြနဲ႔
ျပည့္ႏွက္ေလပါဘဲ။ ဒီလုိပဲ ေဘးမွာ ရယ္စရာရွိတဲ့အခါတုိင္း အတူတူရယ္ေမာမဲ့ ခ်စ္သူမ်ိဳးရွိတယ္ဆုိရင္ေတာ့ ကိုယ့္ဘ၀ဟာ အတုိင္းထက္အလြန္ ကံေကာင္းတဲ့ဘ၀လုိ႔ မွတ္ယူလုိက္ပါ။ စိတ္ခ်င္းညီညႊတ္မွ အတူတူ ရယ္ေမာခြင့္ရွိတာေလ။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

သာယာတဲ့အိမ်ထောင်ရေးကိုပဲ ဖြစ်ဖြစ် သမီးရည်းစားဘ၀ ရေရှည်တည်မြဲရေးကိုပဲဖြစ်ဖြစ် တည်ဆောက်လိုတဲ့ ဘော်ဒါ
တွေအတွက်  သာယာတဲ့အချစ်ရေးကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို အကြံပေးဖော်ပြပေးလိုက်ပါ
တယ်။
(၁) မျှတခြင်းကို တည်ဆောက်ပါ

အချစ်ရေးသာယာချင်တယ်ဆို အရင်ဆုံးတည်ဆောက်ရမှာက နှစ်ဦးကြား မျှမျှတတရှိမှုပါဘဲ။ ဘယ်လိုကိစ္စတိုင်းပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် စိတ်ဓာတ်ပိုင်း ထပ်တူကျဖို့ မရှိပေမယ့် နားလည်မှုရလာရင် တစ်ယောက်နဲ့တစ်ယောက် အ
ပေးအယူမျှလာပါလိမ့်မယ်။
(၂) သံသယကို မမွေးမြူပါနဲ့

သံသယကို ချစ်သူတွေကြားထဲမှာ ကိုယ်တိုင်ကလည်း သယ်မလာပါနဲ့။ ချစ်သူကိုလည်း သံသယကင်းကင်းနဲ့ မြင်နိုင်အောင် ကြိုးစားပါ။ ဒီလိုဖြစ်ဖို့အတွက် နှစ်ယောက်စလုံးမှာ အပြန်အလှန်လေးစားလို့ရမယ့် အကျင့်စာရိတ္တ၊ ရိုးသားမှု စတာတွေလည်း လိုအပ်ပါတယ်။
(၃) တစ်ယောက်ကိုတစ်ယောက် အမြဲယုံကြည်နေပါစေ

စောစောကလို သံယတွေ၊ ယုံကြည်ဖွယ်ရာ အကျင့်စာရိတ္တတွေ အသီးသီးမှာ ပိုင်ဆိုင်ထားပြီဆိုရင် အရေးကြီးတဲ့ ယုံ
ကြည်မှုကို အလိုလို တည်ဆောက်ပြီးသား ဖြစ်သွားပါပြီ။ ယုံကြည်မှုဟာ အရေးကြီးပါတယ်။ အချစ်ကို သက်ရှိသတ္တဝါ
တစ်ကောင်အနေနဲ့ တင်စားမယ်ဆိုရင် ယုံကြည်မှုဟာ အချစ်ရဲ့ အသည်းနှလုံးလို့ ပြောလို့ရပါတယ်။

(၄) တစ်ယောက်ကိုတစ်ယောက် အားပေးပါ

တစ်ယောက်က အားငယ်နေတယ်ဆိုရင် ပစ်မထားပါနဲ့။ တစ်ယောက်က အနီးကပ်ဆုံး အားပေးဖော်အဖြစ် ရှိနေပေးပါ။ တစ်ယောက် အောင်မြင်တဲ့အခါမှာလည်း အောင်မြင်မှုတွေ၊ လာဘ်လာဘတွေကို တွန့်တိုစေးကပ်မနေပါနဲ့။ ချစ်သူနဲ့အတူ မျှေ၀ ခံစားပါ။ ဒါဟာ အချစ်ကို အသက်ရှည်စေဖို့ အာဟာရတွေ ကျွေးနေခြင်းပါဘဲ။
(၅) အတူတကွ ရယ်မောပျော်ရွှင်ပါ

ဘဝမှာ အတူတူရယ်မော ဖြတ်သန်းကြတဲ့ အပေါင်းအဖော်တွေ များလေ … အဲဒီလူရဲ့ဘဝဟာ စိတ်ချမ်းသာစရာတွေနဲ့
ပြည့်နှက်လေပါဘဲ။ ဒီလိုပဲ ဘေးမှာ ရယ်စရာရှိတဲ့အခါတိုင်း အတူတူရယ်မောမဲ့ ချစ်သူမျိုးရှိတယ်ဆိုရင်တော့ ကိုယ့်ဘဝဟာ အတိုင်းထက်အလွန် ကံကောင်းတဲ့ဘဝလို့ မှတ်ယူလိုက်ပါ။ စိတ်ချင်းညီညွှတ်မှ အတူတူ ရယ်မောခွင့်ရှိတာလေ။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top