စပျစ်သီးနှင့် အကိုက်အခဲပျောက် အာနိသင်
Credit:Mg Mandalay
#Unicode Version
စပျစ်သီးဟာ အရသာခံပြီးစားဖို့ တစ်ခုတည်းအတွက်သာ အသုံးဝင်တာမဟုတ်ပါဘူး။ John Hopkins University မှ သုတေသနပညာရှင်တွေဟာ စပျစ်မှုန့်ကို အဆစ်ရောင်နေတဲ့ကြွက်တွေမှာ စမ်းသပ်ကြည့်ပါတယ်။
ဒီကြွက်တွေဟာ အာနိသင်မပါတဲ့ဆေး (Placebo) ပေးထားတဲ့ ကြွက်တွေထက်စာရင် နာကျင်မှုနဲ့ပတ်သက်တဲ့ လက္ခဏာတွေ နည်းနည်းပဲ ပြတော့တာကို တွေ့ရပါတယ်။
လူနာတွေကို အကိုက်အခဲပျောက်ဆေး တစ်မျိုးတည်းပဲ ပေးတာထက်စာရင် ဆေးကို စပျစ်မှုန့်နဲ့တွဲပေးတာက လူနာအတွက်ပိုထိရောက်မှု ရှိတာကို တွေ့ရပါတယ်။ ဒီလိုတွေ့ရှိမှုတွေကို အားလုံးကသိရှိပြီး အတည်ပြုနိုင်အောင် ဆက်လက်ကြိုးစားနေကြတုန်းပါပဲ။
လောလောဆယ်မှာတော့ကျန်းမာရေးနဲ့ မသင့်တော်မယ့် အဆင်သင့်အမြန်စာတွေ စားနေမယ့်အစား စပျစ်သီးလေးမြုံ့နေတာက ပိုအကျိုးရှိပါတယ်။ Health
Credit:Mg Mandalay
https://www.facebook.com/mg.mandalay
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...