iMyanmarHouse.com - Best Property Website for Myanmar
×

မွဲ႔ဟာ လူတုိင္း မကင္းႏုိင္တဲ့ အေရးျပားၾကြက္သားခၽြတ္ယြင္းမႈဆုိင္ရာ ေရာဂါတစ္မ်ိဳးလုိ႔ ေဆးပညာရွင္ေတြက ဆုိထားပါ တယ္။ ေဗဒင္ပညာအရမွာေတာ့ မွဲ႔ဟာ လူတစ္ေယာက္ရဲ႕  အျပဳအမူနဲ႔ အနာဂတ္ေရးရာေတြမွာ အလြန္လႊမ္းမုိးမႈရွိတယ္
လုိ႔ ဆုိထားပါတယ္။

အခု ေဖာ္ျပမယ့္ ႏွာေခါင္းနဲ႔ ႏွာေခါင္းအနီးတ၀ုိက္မွာ မွဲ႔ရွိသူေတြအတြက္ အဆုိးအေကာင္းမ်ား အေၾကာင္းကုိေတာ့ တ႐ုတ္႐ုိးရာမွဲ႔အေဟာက်မ္းေတြဆီကေန ထုတ္ႏုတ္ထားပါတယ္။ ႏွာေခါင္းအစြန္း (ႏွာသီး) ေပၚမွာ မွဲ႔ရွိသူမ်ားကေတာ့ သတိထားဖြယ္ရာပါဘဲ။ အေၾကာင္းကေတာ့ အဆုိပါလူေတြဟာ ရွာေဖြထားသမွ် ပစၥည္းေတြ မၾကာခဏ အေၾကာင္းအမ်ိဳးမ်ိဴးနဲ႔ ဆုံး႐ႈံးတတ္လုိ႔ပါ။

ဒါ့အျပင္ အိမ္ေထာင္ေရး ျပႆနာေတြကိုလည္း ေရရွည္ ရင္ဆုိင္ရတဲ့ ဖိအားအလြန္မ်ားတဲ့ ဘ၀ကုိ ပိုင္ဆုိ္င္ရတတ္ပါ တယ္။ ႏွာေခါင္းရဲ႕အလယ္ ႏွာႏု႐ုိးေပၚမွာ မွဲ႕ရွိတယ္ဆုိရင္ တ႐ုတ္႐ုိးရာအရ ‘ခ်ီ’ သုိ႔မဟုတ္ စြမ္းအားေတြ အသက္႐ႈ
လုိက္တာနဲ႔အမွ်ကုန္ဆုံးေနရသူလုိ႔ ယူဆရၿပီး၊ အလုပ္ပင္ပင္ပန္းပန္း လုပ္ရသူမ်ားလုိ႔ ျဖစ္ၾကပါတယ္။

ႏွာေခါင္းေပါက္ရဲ႕ေဘးမွာ မွဲ႔ရွိတယ္၊ မွဲ႔ကလည္း မထင္မရွားေလးသာ ျဖစ္ေနတယ္ဆုိရင္ေတာ့ အဆုိပါ ပုဂၢိဳလ္ဟာ ၀င္ေငြ အလြန္ခုိင္မာသူတစ္ေယာက္အျဖစ္ ရပ္တည္ရတတ္ပါတယ္။ လူခ်မ္းသာေတြ၊ စီးပြားေရးလုပ္ငန္းမွာ ေအာင္ျမင္သူေတြ ျဖစ္တတ္ပါတယ္။

ႏွာေခါင္းရဲ႕ အလယ္မဟုတ္ပဲ ေဘးတစ္ဘက္တစ္ခ်က္မွာ မွဲ႔ရွိရင္ေတာ့ ဒါဟာ လူခ်စ္လူခင္ေပါမ်ားျခင္း၊ စန္းလာဘ္ပြင့္ ျခင္း၊ မ်က္ႏွာမ်ားျခင္း၊ အိမ္ေထာင္ဘက္မ်ားျခင္းကို ရည္ညႊန္းပါတယ္။ ႏွာေခါင္းအလယ္၊ မ်က္လုံးႏွစ္လုံးၾကားမွာ မွဲ႔ေပါက္တဲ့သူေတြဟာ ႀကံစည္ေတြးေခၚမႈ ျမင့္မားတတ္ၿပီး၊ လူပညာရွိ ရဟန္းပညာရွိ ျဖစ္တတ္ပါတယ္။
Credit:Shwemom

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
မှဲ့ဟာ လူတိုင်း မကင်းနိုင်တဲ့ အရေးပြားကြွက်သားချွတ်ယွင်းမှုဆိုင်ရာ ရောဂါတစ်မျိုးလို့ ဆေးပညာရှင်တွေက ဆိုထားပါ တယ်။ ဗေဒင်ပညာအရမှာတော့ မှဲ့ဟာ လူတစ်ယောက်ရဲ့  အပြုအမူနဲ့ အနာဂတ်ရေးရာတွေမှာ အလွန်လွှမ်းမိုးမှုရှိတယ်
လို့ ဆိုထားပါတယ်။

အခု ဖော်ပြမယ့် နှာခေါင်းနဲ့ နှာခေါင်းအနီးတဝိုက်မှာ မှဲ့ရှိသူတွေအတွက် အဆိုးအကောင်းများ အကြောင်းကိုတော့ တရုတ်ရိုးရာမှဲ့အဟောကျမ်းတွေဆီကနေ ထုတ်နုတ်ထားပါတယ်။ နှာခေါင်းအစွန်း (နှာသီး) ပေါ်မှာ မှဲ့ရှိသူများကတော့ သတိထားဖွယ်ရာပါဘဲ။ အကြောင်းကတော့ အဆိုပါလူတွေဟာ ရှာဖွေထားသမျှ ပစ္စည်းတွေ မကြာခဏ အကြောင်းအမျိုးမျိူးနဲ့ ဆုံးရှုံးတတ်လို့ပါ။

ဒါ့အပြင် အိမ်ထောင်ရေး ပြဿနာတွေကိုလည်း ရေရှည် ရင်ဆိုင်ရတဲ့ ဖိအားအလွန်များတဲ့ ဘဝကို ပိုင်ဆိုင်ရတတ်ပါ တယ်။ နှာခေါင်းရဲ့အလယ် နှာနုရိုးပေါ်မှာ မှဲ့ရှိတယ်ဆိုရင် တရုတ်ရိုးရာအရ ‘ချီ’ သို့မဟုတ် စွမ်းအားတွေ အသက်ရှု
လိုက်တာနဲ့အမျှကုန်ဆုံးနေရသူလို့ ယူဆရပြီး၊ အလုပ်ပင်ပင်ပန်းပန်း လုပ်ရသူများလို့ ဖြစ်ကြပါတယ်။

နှာခေါင်းပေါက်ရဲ့ဘေးမှာ မှဲ့ရှိတယ်၊ မှဲ့ကလည်း မထင်မရှားလေးသာ ဖြစ်နေတယ်ဆိုရင်တော့ အဆိုပါ ပုဂ္ဂိုလ်ဟာ ဝင်ငွေ အလွန်ခိုင်မာသူတစ်ယောက်အဖြစ် ရပ်တည်ရတတ်ပါတယ်။ လူချမ်းသာတွေ၊ စီးပွားရေးလုပ်ငန်းမှာ အောင်မြင်သူတွေ ဖြစ်တတ်ပါတယ်။

နှာခေါင်းရဲ့ အလယ်မဟုတ်ပဲ ဘေးတစ်ဘက်တစ်ချက်မှာ မှဲ့ရှိရင်တော့ ဒါဟာ လူချစ်လူခင်ပေါများခြင်း၊ စန်းလာဘ်ပွင့် ခြင်း၊ မျက်နှာများခြင်း၊ အိမ်ထောင်ဘက်များခြင်းကို ရည်ညွှန်းပါတယ်။ နှာခေါင်းအလယ်၊ မျက်လုံးနှစ်လုံးကြားမှာ မှဲ့ပေါက်တဲ့သူတွေဟာ ကြံစည်တွေးခေါ်မှု မြင့်မားတတ်ပြီး၊ လူပညာရှိ ရဟန်းပညာရှိ ဖြစ်တတ်ပါတယ်။
Credit:Shwemom


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top