iMyanmarHouse.com - Best Property Website for Myanmar
×

လူတုိင္း မိမိရဲ႕ ခ်စ္သူရည္းစားကုိ ေတာ့ ခ်စ္ၾကမွာပါ။ဒါေပမဲ့ ခ်စ္ေတာ့ ခ်စ္တယ္ သင့္ရဲ႕အခ်စ္ကုိ သူမသိဘူး ဆုိရင္ အဆင္မေျပပါဘူး။မိန္းကေလးေတြရဲ႕ စိတ္ေတြဟာ နက္နဲ ရႈပ္ေထြးတယ္လုိ႕ ထင္ရေပမဲ့ သူတုိ႕ လူသားေတြသာ ျဖစ္တဲ့ အတြက္ မိန္းကေလးေတြရဲ႕ စိတ္ေတြကုိ နားလည္ဖုိ႕ အရမ္း မခက္ခဲပါဘူး။အခုဒီမွာေတာ့ ေပ်ာ္ရႊင္ခ်မ္းေျမ့ဖုိ႕ေကာင္းတဲ့ Relationship တစ္ခုျဖစ္ဖုိ႕အတြက္ မိမိရဲ႕ ခ်စ္သူမိန္းကေလးကုိ  ဘယ္လုိဂရုစုိက္ ျပုစုရမလဲဆုိတဲ့ အခ်က္ေလးေတြကုိ ေဖာ္ျပလုိက္ပါတယ္။

၁။သူမကုိ ကုိယ္ခ်င္းစာ နားလည္ေပးပါ။

ကုိယ္ခ်င္းစာ တရားဆုိတာ တပါးသူရဲ႕ ခံစားခ်က္ေတြကုိ ခံစားေပးၾကည့္တာပါ။ကုိယ္ခ်င္းစာျခင္းဟာ ေလာကၾကီးကုိ သူ႕အျမင္ကေနၾကည့္ေပးတာ ျဖစ္ျပီး ကုိယ္ခ်င္းစာႏုိင္ဖုိ႕ဆုိတာ တကယ္ခက္ခဲပါတယ္။သူမ်ားအိမ္ မီးေလာင္လုိ႕ ေနစရာမရွိေတာ့လည္း သင့္ဖိနပ္ ေခြးဆြဲသြားတာေလာက္ ေၾကကြဲရမွာ မဟုတ္ပါဘူး။ဒါေပမဲ့ သင့္ရဲ႕ လက္တြဲေဖာ္ကုိေတာ့ အတတ္ႏုိင္ဆုံး ကုိယ္ခ်င္းစာေပးဖုိ႕လုိအပ္ပါတယ္။ဘယ္သူမွ ကုိယ္ခံစားခ်က္ကုိ အဖတ္ မလုပ္ၾကတာ မ်ဳိးကုိ မၾကဳိက္ၾကပါဘူး။အဲ့ဒါေၾကာင့္ သူမကုိ ေပ်ာ္ရႊင္ေစခ်င္ရင္ သူမရဲ႕ ခံစားခ်က္ေတြကုိ ညီတူမွ်တူ ခံစားေပးဖုိ႕ လိုပါလိမ့္မယ္။

၂။ခ်ီးမြမ္းစကား ေျပာေပးပါ။

သင့္ရဲ႕ လက္တြဲေဖာ္ကုိ ခ်စ္ျမတ္ႏုိးေၾကာင္းကုိ ပါးစပ္က တဆင့္ျပသလုိ႕ရပါတယ္။သူမရဲ႕ တကယ္ရွိတဲ့ အရည္အခ်င္းတစ္ခု၊သူမဂုဏ္ယူရတဲ့ အရည္အခ်င္းတစ္ခုကုိ ခ်ီးက်ဳးစကားဆုိပါ။ဥပမာ ” မင္းနဲ႕ လက္တြဲေဖာ္ ျဖစ္ခြင့္ရခဲ့တာ ကုိယ္အရမ္း ကံေကာင္းတာပဲ ” စတာေတြအျပင္၊ သူမရဲ႕ ရုပ္ရည္နဲ႕ဆုိင္တဲ့ ” သင့္တကယ္ ခ်စ္ျမတ္ႏုိးရတဲ့ ရုပ္ရည္ကုိ ခ်ီးက်ဴးစကား ဆုိေပးပါ။ ဒီလုိ ျပဳလုပ္ေပးျခင္းက သူမကုိ ၾကည္ႏူးေစမွာ ျဖစ္ပါတယ္။

၃။သူမရဲ႕ အျမင္နဲ႕ အၾကံဥာဏ္ကုိ ေမးပါ။

သင့္ရဲ႕လက္တြဲေဖာ္ဆီက အၾကံဥာဏ္ေတာင္းျပီး သင့္က သူ႕ဆုံးျဖတ္ကုိလည္း ေလးစားတယ္ဆုိတဲ့ အေၾကာင္း ျပသႏုိင္ပါတယ္။သင္နဲ႕ စကားေျပာေနစဥ္ မ်က္လုံးခ်င္ဆုိင္ၾကည့္ျပီး သူမေျပာစကားေတြကုိ ေသခ်ာနားေထာင္ေပးပါ။တကယ္လုိ႕ သူေျပာတာကုိ ေသခ်ာ နားမလည္လုိက္ဘူးဆုိရင္လည္ ျပန္ေမးျပီး သင္က သူမေျပာေနတာကုိ တကယ္နားလည္ဖုိ႕ ၾကဳိးစားေနတယ္ဆုိတာကုိ ျပလုိ႕ရပါတယ္။

၄။အိမ္တြင္းလုပ္ငန္းမ်ားကုိ ကူညီပါ။

အိမ္တြင္း နိစၥဓူ၀ အလုပ္ေတြ၊ေန႕စဥ္အလုပ္ေတြကုိ ကူညီလုပ္ေပးျခင္းျဖင့္ သင့္လက္တြဲေဖာ္ကုိ ခ်စ္ျမတ္ႏုိးေၾကာင္း ျပသလုိ႕ရပါတယ္။

၅။သူမနဲ႕ အဆက္အသြယ္အၾကာၾကီးမပ်က္ပါေစနဲ႕။

သင္အရမ္းအလုပ္မ်ားေနရင္ေတာင္ သူမကုိ ဘယ္သြားမယ္ဘာလုပ္မယ္ဆုိတာ ၾကဳိတင္ ဖုန္းဆက္ျပီး ေျပာထားသင့္ပါတယ္။မိန္းကေလးေတြဟာ သူတုိ႕ကုိ လ်စ္လ်ဴရႈထားတာကုိ မုန္းျပီး သူတုိ႕ကုိ မခ်စ္ဘူးကုိ ခံစားတတ္ပါတယ္။ဒါေၾကာင့္ သင့္ရဲ႕ လက္တြဲေဖာ္နဲ႕ ေနတုိင္း ေတြ႕ဖုိ႕ကုိ ၾကဳိးစားျပီး မေတြ႕ႏုိင္ရင္ေတာင္ အနည္းဆုံး ဖုန္းဆက္ျပီး အဆက္အသြယ္လုပ္ပါ။

၆။သူမကုိ လက္ေဆာင္ေပးျပီး  အံ့အားသင့္ေစပါ။

မိမိခ်စ္ျမတ္ႏုိးေၾကာင္း လူတစ္ေယာက္ကုိ ျပခ်င္ရင္ လက္ေဆာင္ေပးျပီး ျပျခင္းဟာ သင့္ေတာ္တဲ့နည္းလမ္းတစ္ခုျဖစ္ပါတယ္။လက္ေဆာင္က ေစ်းၾကီးဖုိ႕ မလုိအပ္ပဲ သင့္လက္တြဲေဖာ္ၾကဳိက္ႏွစ္သက္တဲ့ အရာကုိ သင္က သတိတရ ရွိေနျခင္းဟာ သူ႕ကို ေပ်ာ္ရႊင္ေစမွာျဖစ္ပါတယ္။သူမရဲ႕ ေမြးေန႕ပြဲေတြမွာ၊ႏွစ္ပါတ္လည္ေန႕ေတြမွာ ၊ေန႕ထူးေန႕ျမတ္လုိမ်ဳိးေတြမွာ သူမကုိ ပန္းေလးတစ္စီး ဒါမွမဟုတ္ ေခ်ာကလတ္ေလး တစ္ခုေလာက္ေပးျခင္းျဖင့္လည္း သူမကုိ ေပ်ာ္ရႊင္ေစႏုိင္ပါတယ္။

၇။သင့္လက္တြဲေဖာ္နဲ႕ ကိစၥရပ္မ်ားကုိ အတူတကြလုပ္ေဆာင္ပါ။

ခံစားခ်က္ေတြ၊အာရုံစုိက္ေပးျခင္းေတြ၊အမွတ္တရေတြကုိ အတူတူျဖတ္သန္းျခင္းျဖင့္ သင့္ဇနီးကုိ ခ်စ္ျမတ္ႏုိးေၾကာင္း ျပသလုိ႕ရပါေသးတယ္။သူမနဲ႕ လမ္းအတူေလွ်ာက္ျခင္း၊အျပင္ထြက္ျခင္း၊ညစာ အတူတူစားသုံးျခင္း။စတဲ့ ကိစၥရပ္မ်ားကုိ အတူတကြ လုပ္ေဆာင္လုိ႕ရပါတယ္။

Credit:shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
လူတိုင်း မိမိရဲ့ ချစ်သူရည်းစားကို တော့ ချစ်ကြမှာပါ။ဒါပေမဲ့ ချစ်တော့ ချစ်တယ် သင့်ရဲ့အချစ်ကို သူမသိဘူး ဆိုရင် အဆင်မပြေပါဘူး။မိန်းကလေးတွေရဲ့ စိတ်တွေဟာ နက်နဲ ရှုပ်ထွေးတယ်လို့ ထင်ရပေမဲ့ သူတို့ လူသားတွေသာ ဖြစ်တဲ့ အတွက် မိန်းကလေးတွေရဲ့ စိတ်တွေကို နားလည်ဖို့ အရမ်း မခက်ခဲပါဘူး။အခုဒီမှာတော့ ပျော်ရွှင်ချမ်းမြေ့ဖို့ကောင်းတဲ့ Relationship တစ်ခုဖြစ်ဖို့အတွက် မိမိရဲ့ ချစ်သူမိန်းကလေးကို  ဘယ်လိုဂရုစိုက် ပြုစုရမလဲဆိုတဲ့ အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။

၁။သူမကို ကိုယ်ချင်းစာ နားလည်ပေးပါ။

ကိုယ်ချင်းစာ တရားဆိုတာ တပါးသူရဲ့ ခံစားချက်တွေကို ခံစားပေးကြည့်တာပါ။ကိုယ်ချင်းစာခြင်းဟာ လောကကြီးကို သူ့အမြင်ကနေကြည့်ပေးတာ ဖြစ်ပြီး ကိုယ်ချင်းစာနိုင်ဖို့ဆိုတာ တကယ်ခက်ခဲပါတယ်။သူများအိမ် မီးလောင်လို့ နေစရာမရှိတော့လည်း သင့်ဖိနပ် ခွေးဆွဲသွားတာလောက် ကြေကွဲရမှာ မဟုတ်ပါဘူး။ဒါပေမဲ့ သင့်ရဲ့ လက်တွဲဖော်ကိုတော့ အတတ်နိုင်ဆုံး ကိုယ်ချင်းစာပေးဖို့လိုအပ်ပါတယ်။ဘယ်သူမှ ကိုယ်ခံစားချက်ကို အဖတ် မလုပ်ကြတာ မျိုးကို မကြိုက်ကြပါဘူး။အဲ့ဒါကြောင့် သူမကို ပျော်ရွှင်စေချင်ရင် သူမရဲ့ ခံစားချက်တွေကို ညီတူမျှတူ ခံစားပေးဖို့ လိုပါလိမ့်မယ်။

၂။ချီးမွမ်းစကား ပြောပေးပါ။

သင့်ရဲ့ လက်တွဲဖော်ကို ချစ်မြတ်နိုးကြောင်းကို ပါးစပ်က တဆင့်ပြသလို့ရပါတယ်။သူမရဲ့ တကယ်ရှိတဲ့ အရည်အချင်းတစ်ခု၊သူမဂုဏ်ယူရတဲ့ အရည်အချင်းတစ်ခုကို ချီးကျုးစကားဆိုပါ။ဥပမာ ” မင်းနဲ့ လက်တွဲဖော် ဖြစ်ခွင့်ရခဲ့တာ ကိုယ်အရမ်း ကံကောင်းတာပဲ ” စတာတွေအပြင်၊ သူမရဲ့ ရုပ်ရည်နဲ့ဆိုင်တဲ့ ” သင့်တကယ် ချစ်မြတ်နိုးရတဲ့ ရုပ်ရည်ကို ချီးကျူးစကား ဆိုပေးပါ။ ဒီလို ပြုလုပ်ပေးခြင်းက သူမကို ကြည်နူးစေမှာ ဖြစ်ပါတယ်။

၃။သူမရဲ့ အမြင်နဲ့ အကြံဉာဏ်ကို မေးပါ။

သင့်ရဲ့လက်တွဲဖော်ဆီက အကြံဉာဏ်တောင်းပြီး သင့်က သူ့ဆုံးဖြတ်ကိုလည်း လေးစားတယ်ဆိုတဲ့ အကြောင်း ပြသနိုင်ပါတယ်။သင်နဲ့ စကားပြောနေစဉ် မျက်လုံးချင်ဆိုင်ကြည့်ပြီး သူမပြောစကားတွေကို သေချာနားထောင်ပေးပါ။တကယ်လို့ သူပြောတာကို သေချာ နားမလည်လိုက်ဘူးဆိုရင်လည် ပြန်မေးပြီး သင်က သူမပြောနေတာကို တကယ်နားလည်ဖို့ ကြိုးစားနေတယ်ဆိုတာကို ပြလို့ရပါတယ်။

၄။အိမ်တွင်းလုပ်ငန်းများကို ကူညီပါ။

အိမ်တွင်း နိစ္စဓူ၀ အလုပ်တွေ၊နေ့စဉ်အလုပ်တွေကို ကူညီလုပ်ပေးခြင်းဖြင့် သင့်လက်တွဲဖော်ကို ချစ်မြတ်နိုးကြောင်း ပြသလို့ရပါတယ်။

၅။သူမနဲ့ အဆက်အသွယ်အကြာကြီးမပျက်ပါစေနဲ့။

သင်အရမ်းအလုပ်များနေရင်တောင် သူမကို ဘယ်သွားမယ်ဘာလုပ်မယ်ဆိုတာ ကြိုတင် ဖုန်းဆက်ပြီး ပြောထားသင့်ပါတယ်။မိန်းကလေးတွေဟာ သူတို့ကို လျစ်လျူရှုထားတာကို မုန်းပြီး သူတို့ကို မချစ်ဘူးကို ခံစားတတ်ပါတယ်။ဒါကြောင့် သင့်ရဲ့ လက်တွဲဖော်နဲ့ နေတိုင်း တွေ့ဖို့ကို ကြိုးစားပြီး မတွေ့နိုင်ရင်တောင် အနည်းဆုံး ဖုန်းဆက်ပြီး အဆက်အသွယ်လုပ်ပါ။

၆။သူမကို လက်ဆောင်ပေးပြီး  အံ့အားသင့်စေပါ။

မိမိချစ်မြတ်နိုးကြောင်း လူတစ်ယောက်ကို ပြချင်ရင် လက်ဆောင်ပေးပြီး ပြခြင်းဟာ သင့်တော်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။လက်ဆောင်က ဈေးကြီးဖို့ မလိုအပ်ပဲ သင့်လက်တွဲဖော်ကြိုက်နှစ်သက်တဲ့ အရာကို သင်က သတိတရ ရှိနေခြင်းဟာ သူ့ကို ပျော်ရွှင်စေမှာဖြစ်ပါတယ်။သူမရဲ့ မွေးနေ့ပွဲတွေမှာ၊နှစ်ပါတ်လည်နေ့တွေမှာ ၊နေ့ထူးနေ့မြတ်လိုမျိုးတွေမှာ သူမကို ပန်းလေးတစ်စီး ဒါမှမဟုတ် ချောကလတ်လေး တစ်ခုလောက်ပေးခြင်းဖြင့်လည်း သူမကို ပျော်ရွှင်စေနိုင်ပါတယ်။

၇။သင့်လက်တွဲဖော်နဲ့ ကိစ္စရပ်များကို အတူတကွလုပ်ဆောင်ပါ။

ခံစားချက်တွေ၊အာရုံစိုက်ပေးခြင်းတွေ၊အမှတ်တရတွေကို အတူတူဖြတ်သန်းခြင်းဖြင့် သင့်ဇနီးကို ချစ်မြတ်နိုးကြောင်း ပြသလို့ရပါသေးတယ်။သူမနဲ့ လမ်းအတူလျှောက်ခြင်း၊အပြင်ထွက်ခြင်း၊ညစာ အတူတူစားသုံးခြင်း။စတဲ့ ကိစ္စရပ်များကို အတူတကွ လုပ်ဆောင်လို့ရပါတယ်။

Credit:shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top