ကုိယ့္ေဘာ့စ္၊ ကုိယ့္အလုပ္ရွင္နဲ႔ လုပ္ငန္းကိစၥတစ္ခုခု ေျပာဆုိၾကတဲ့အခါ သူေျပာသမွ်စကားတုိင္းကို သေဘာတူတယ္၊ ဒါ မွန္တယ္ ဆိုတာမ်ိဳး တစ္ခြန္းမက်န္ လိုက္ေျပာေနဖို႔ မလိုသလို ကုိယ့္အေနနဲ႔ ေရွာင္ၾကဥ္သင့္တဲ့ စကားမ်ိဳးေတြလည္း ရွိေနပါေသးတယ္။ အဲ့ဒါေတြကေတာ့
၁။ဒါ ျဖစ္မွမျဖစ္ႏိုင္တာ။
အလုပ္ကိစၥေျပာေနတဲ့အခါ သူေျပာတာကို ကိုယ္လံုး၀ သေဘာမတူဘူး၊ မျဖစ္ႏိုင္ဘူးလုိ႔ ထင္ရင္ေတာင္ ဘာ့ေၾကာင့္မျဖစ္ႏိုင္သလဲဆိုတာမ်ိဳးကို ခ်က္က်လက္က်ရွင္းျပပါ။ တန္းၿပီး မျငင္းလိုက္ပါနဲ႔။ သင့္ဘက္က deadline အတြက္ အခ်ိန္မက်န္ေတာ့တဲ့အေၾကာင္း၊ ဒါကို ၿပီးေျမာက္ေစဖုိ႔ ဘယ္လိုအခ်က္ေတြ ျပည့္စံုေနဖုိ႔၊ ရွိေနဖုိ႔ လိုေၾကာင္း စသျဖင့္ ေသခ်ာ ရွင္းျပႏိုင္ဖုိ႔ လုိပါတယ္။
၂။ဒီအလုပ္အတြက္ ပိုက္ဆံက်ေတာ့ ဒီေလာက္လည္း မရပဲနဲ႔။
ကိုယ္လုိခ်င္တဲ့ ပိုက္ဆံပမာဏကို ေဘာ့စ္ေတြက တန္းေပးထားဖုိ႔ ဆိုတာကေတာ့ ေမွ်ာ္လင့္ထားလုိ႔ မရပါဘူး။ ေပးတဲ့လစာကို လက္ခံၿပီး အလုပ္၀င္ထားၿပီးမွ တစ္ခုခု လုပ္ခိုင္းလုိက္တိုင္း ဒီလစာေလးနဲ႔ဆိုတာကို ထည့္ေျပာေနမယ္ဆုိရင္ ႏွစ္ဦးႏွစ္ဖက္ ဘယ္ေတာ့မွ အဆင္ေျပေတာ့မွာ မဟုတ္ေတာ့ပါဘူး။ ဒီေတာ့ အလုပ္မ၀င္ခင္ကတည္းက ညွိႏႈိင္းရမယ့္ ကိစၥေတြကို အဲ့ဒီကတည္းက မလုပ္ထားမိဘူးဆုိရင္ သင့္အေနနဲ႔ ဘာမွေျပာလို႔ရမွာ မဟုတ္ပါဘူး။ သင့္ဘက္က အလုုပ္ႀကိဳးစားရင္ ဘယ္လုိအခြင့္အလမ္းေတြ ထပ္ရလာမလဲဆိုတာကိုသာ အာရံုစိုက္ေတြးပါ။
၃။ဒါေတြခ်ည္း လုပ္ေနရမွာလား။
တစ္ခ်ိဳ႕အလုပ္ေတြက ဘယ္ေတာ့မွ ပ်င္းရိမသြားေစပဲ အသစ္အဆန္းေတြ၊ စိတ္လႈပ္ရွားစရာေတြနဲ႔ အေတြ႕အႀကံဳေတြ ရေစပါတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း လုပ္ေနက်အရာကိုခ်ည္း ထပ္တလဲလဲ လုပ္ေနရတာမ်ိဳးပါ။ ဒါကေတာ့ အလုပ္မ၀င္ခင္ကတည္းက ကိုယ္တုိင္ေရြးခ်ယ္ရမယ့္အပိုင္းပါ။
၄။ဒါ ကၽြန္ေတာ့အမွား မဟုတ္ဘူး၊ သူ႕အမွား။
ကိစၥရပ္တစ္ခုခုကို မွားယြင္းစြာလ ုပ္ေဆာင္လိုက္မိေပမယ့္ ဒါက ကုိယ့္အမွားမဟုတ္ပဲ ကိုယ္နဲ႔တြဲလုပ္ရတဲ့ လုပ္ေဖာ္ကိုင္ဖက္အမွားဆုိရင္ေတာင္ အဲ့ဒီအမွားကို အထက္အရာရွိေတြက စုံစမ္းရင္း သိသြားပါေစ။ ဒီလုိမွ မဟုတ္ပဲ ႏွစ္ဦးစလံုးေခၚေျပာတာမ်ိဳးဆိုရင္ သင့္ဘက္က ႏႈတ္ဆိတ္ေနလိုက္ပါ။ တစ္ဖက္လူက သူ႕အမွားပါလို႔ စေျပာလာပါလိမ့္မယ္။ အဲ့ဒီလိုမွ မဟုတ္ပဲ ကိုယ္ကခ်ည္း ကၽြန္ေတာ္၊ ကၽြန္မလုပ္တာ မမွားဘူး၊ သူမွားတာဆိုၿပီး တစ္ဖက္လူကို လက္ညႈိးထိုးေျပာဆုိေနတာမ်ိဳးက အလုပ္ခြင္မွာ မျဖစ္သင့္ေတာပါဘူး။
၅။ေဘာ့စ္ေျပာတာကို အားလံုးသေဘာတူတယ္။
ဒါကေတာ့ သူေဌးကို ဖားခ်င္ရံုသက္သက္၊ ဘာအႀကံမွမထြက္လုိ႔ ၿပီးၿပီးေရာ သေဘာတူလိုက္ရတဲ့ပံု ေပါက္ေနပါတယ္။ ဒီလိုမ်ိဳးေျပာလိုက္ရင္ ေဘာ့စ္က သေဘာက်သြားမယ္ မထင္ပါနဲ႔။ သင့္အႀကံဥာဏ္ကို လိုခ်င္လုိ႔ သူကလည္း သင့္ကိုဖြင့္ဟတာဆိုတာ သိထားပါ။ ဒီေတာ့ သူ႕ေျပာျပလုိက္တဲ့ကိစၥကို ကိုယ္က သေဘာတူတယ္၊ ႀကိဳက္တယ္ဆုိရင္ေတာင္ ဘာ့ေၾကာင့္ သေဘာတူတယ္ဆိုတာမ်ိဳး ေျပာဆိုေထာက္ျပႏိုင္ဖုိ႔ ႀကိဳဳးစားရမွာပါ။
Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကိုယ့်ဘော့စ်၊ ကိုယ့်အလုပ်ရှင်နဲ့ လုပ်ငန်းကိစ္စတစ်ခုခု ပြောဆိုကြတဲ့အခါ သူပြောသမျှစကားတိုင်းကို သဘောတူတယ်၊ ဒါ မှန်တယ် ဆိုတာမျိုး တစ်ခွန်းမကျန် လိုက်ပြောနေဖို့ မလိုသလို ကိုယ့်အနေနဲ့ ရှောင်ကြဉ်သင့်တဲ့ စကားမျိုးတွေလည်း ရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့
၁။ဒါ ဖြစ်မှမဖြစ်နိုင်တာ။
အလုပ်ကိစ္စပြောနေတဲ့အခါ သူပြောတာကို ကိုယ်လုံး၀ သဘောမတူဘူး၊ မဖြစ်နိုင်ဘူးလို့ ထင်ရင်တောင် ဘာ့ကြောင့်မဖြစ်နိုင်သလဲဆိုတာမျိုးကို ချက်ကျလက်ကျရှင်းပြပါ။ တန်းပြီး မငြင်းလိုက်ပါနဲ့။ သင့်ဘက်က deadline အတွက် အချိန်မကျန်တော့တဲ့အကြောင်း၊ ဒါကို ပြီးမြောက်စေဖို့ ဘယ်လိုအချက်တွေ ပြည့်စုံနေဖို့၊ ရှိနေဖို့ လိုကြောင်း စသဖြင့် သေချာ ရှင်းပြနိုင်ဖို့ လိုပါတယ်။
၂။ဒီအလုပ်အတွက် ပိုက်ဆံကျတော့ ဒီလောက်လည်း မရပဲနဲ့။
ကိုယ်လိုချင်တဲ့ ပိုက်ဆံပမာဏကို ဘော့စ်တွေက တန်းပေးထားဖို့ ဆိုတာကတော့ မျှော်လင့်ထားလို့ မရပါဘူး။ ပေးတဲ့လစာကို လက်ခံပြီး အလုပ်ဝင်ထားပြီးမှ တစ်ခုခု လုပ်ခိုင်းလိုက်တိုင်း ဒီလစာလေးနဲ့ဆိုတာကို ထည့်ပြောနေမယ်ဆိုရင် နှစ်ဦးနှစ်ဖက် ဘယ်တော့မှ အဆင်ပြေတော့မှာ မဟုတ်တော့ပါဘူး။ ဒီတော့ အလုပ်မဝင်ခင်ကတည်းက ညှိနှိုင်းရမယ့် ကိစ္စတွေကို အဲ့ဒီကတည်းက မလုပ်ထားမိဘူးဆိုရင် သင့်အနေနဲ့ ဘာမှပြောလို့ရမှာ မဟုတ်ပါဘူး။ သင့်ဘက်က အလုုပ်ကြိုးစားရင် ဘယ်လိုအခွင့်အလမ်းတွေ ထပ်ရလာမလဲဆိုတာကိုသာ အာရုံစိုက်တွေးပါ။
၃။ဒါတွေချည်း လုပ်နေရမှာလား။
တစ်ချို့အလုပ်တွေက ဘယ်တော့မှ ပျင်းရိမသွားစေပဲ အသစ်အဆန်းတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ အတွေ့အကြုံတွေ ရစေပါတယ်။ တစ်ချို့ကျတော့လည်း လုပ်နေကျအရာကိုချည်း ထပ်တလဲလဲ လုပ်နေရတာမျိုးပါ။ ဒါကတော့ အလုပ်မဝင်ခင်ကတည်းက ကိုယ်တိုင်ရွေးချယ်ရမယ့်အပိုင်းပါ။
၄။ဒါ ကျွန်တော့အမှား မဟုတ်ဘူး၊ သူ့အမှား။
ကိစ္စရပ်တစ်ခုခုကို မှားယွင်းစွာလ ုပ်ဆောင်လိုက်မိပေမယ့် ဒါက ကိုယ့်အမှားမဟုတ်ပဲ ကိုယ်နဲ့တွဲလုပ်ရတဲ့ လုပ်ဖော်ကိုင်ဖက်အမှားဆိုရင်တောင် အဲ့ဒီအမှားကို အထက်အရာရှိတွေက စုံစမ်းရင်း သိသွားပါစေ။ ဒီလိုမှ မဟုတ်ပဲ နှစ်ဦးစလုံးခေါ်ပြောတာမျိုးဆိုရင် သင့်ဘက်က နှုတ်ဆိတ်နေလိုက်ပါ။ တစ်ဖက်လူက သူ့အမှားပါလို့ စပြောလာပါလိမ့်မယ်။ အဲ့ဒီလိုမှ မဟုတ်ပဲ ကိုယ်ကချည်း ကျွန်တော်၊ ကျွန်မလုပ်တာ မမှားဘူး၊ သူမှားတာဆိုပြီး တစ်ဖက်လူကို လက်ညှိုးထိုးပြောဆိုနေတာမျိုးက အလုပ်ခွင်မှာ မဖြစ်သင့်တောပါဘူး။
၅။ဘော့စ်ပြောတာကို အားလုံးသဘောတူတယ်။
ဒါကတော့ သူဌေးကို ဖားချင်ရုံသက်သက်၊ ဘာအကြံမှမထွက်လို့ ပြီးပြီးရော သဘောတူလိုက်ရတဲ့ပုံ ပေါက်နေပါတယ်။ ဒီလိုမျိုးပြောလိုက်ရင် ဘော့စ်က သဘောကျသွားမယ် မထင်ပါနဲ့။ သင့်အကြံဉာဏ်ကို လိုချင်လို့ သူကလည်း သင့်ကိုဖွင့်ဟတာဆိုတာ သိထားပါ။ ဒီတော့ သူ့ပြောပြလိုက်တဲ့ကိစ္စကို ကိုယ်က သဘောတူတယ်၊ ကြိုက်တယ်ဆိုရင်တောင် ဘာ့ကြောင့် သဘောတူတယ်ဆိုတာမျိုး ပြောဆိုထောက်ပြနိုင်ဖို့ ကြိုုးစားရမှာပါ။
Credit:trend myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ကိုယ့္အထက္အရာရွိ၊ ေဘာ့စ္ကို ဒီလိုစကားမ်ိဳးေတြ ျပန္မေျပာသင့္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။