iMyanmarHouse.com - Best Property Website for Myanmar
×


Credit:မိုမိုလေး


#Unicode Version
မျက်နှာပေါ်မှာ အမည်းစက်လေးတွေ ရှိနေလို့ သင်စိတ်ညစ်နေပါသလား။ မျက်နှာပေါ်က အမည်းစက်တွေ အမြန်ဆုံး ပျောက်ကင်းဖို့အတွက် သဘာဝနည်းလမ်းလေးရှိပါတယ်။

နွားနို့က အသားအရေကြည်လင်စေပြီး ပျားရည်က အသားအရေစိုပြေစေတယ်လေ။ ဒါ့ကြောင့် နွားနို့နဲ့ ပျားရည်ရောစပ်ပြီး အဆီဓါတ်ခန်းခြောက်လို့ ဖြစ်ပေါ်ရတဲ့ အမည်းစက်လေးတွေကို ကျိန်းသေဖယ်ရှားနိုင်မဲ့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
သန့်ရှင်းလတ်ဆတ်တဲ့ နွားနို့နဲ့ သဘာဝပျားရည်ကို ပန်းကန်လုံးထဲမှာ ဆတူရောပေးပါ။ ပြီးရင် မျက်နှာပေါ်မှာ အမည်းစက်လေးတွေ ရှိတဲ့နေရာကို လိမ်းပေးပါ။ ၁၀ မိနစ်လောက်ကြာရင် ရေနဲ့ စင်ကြယ်စွာ ဆေးကြောပေးပါ။ ထိုကဲ့သို့ ပုံမှန်လုပ်ဆောင်ပေးမယ်ဆိုရင် အမည်းစက်လေးတွေ ပျောက်ကင်းပြီး ဖြူစင်ဝင်းမွှတ်တဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။
Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top