iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ဘက္ ေရြးခ်ယ္တဲ့အခါမွာ ပညာမ်က္စိနဲ႔ ၾကည့္ၿပီး ေရြးခ်ယ္ႏုိင္ကာမွ တန္ကာက်ပါတယ္။ ဒါ့အျပင္ ႏွလုံး
သားေရးရာ ကိစၥပဲဆုိၿပီး စိတ္ခံစားခ်က္ကို ဦးစားမေပးသင့္ပါဘူး။ ဦးေႏွာက္ကလည္း သင့္၏မသင့္၏ စဥ္းစားဆင္ျခင္ဖုိ႔ လုိပါတယ္။ ဒါေၾကာင့္ အိမ္ေထာင္ဘက္ ေရြးတဲ့အခါ ေရွာင္သင့္တဲ့ အမ်ိဳးသားေတြကို  ေဖာ္ျပေပး
လုိက္ပါတယ္။
(၁) အညိႇဳးအေတးႀကီးတဲ့ အမ်ိဳးသား

တစ္ခ်ိဳ႕ေသာ အမ်ိဳးသားေတြက တစ္လြဲအယူအဆျဖစ္တဲ့ အ႐ုိးကြဲေအာင္႐ုိက္မွ အသည္းစြဲေအာင္ခ်စ္တာ-ဆုိတဲ့ လူမဆန္တဲ့ ၀ါဒကို သေဘာတက် လက္ခံထားတာ ရွိပါတယ္။ ဒီလုိမွ မဟုတ္ပဲ ေယာက္်ားတန္မဲ့ ဇနီးမယားကို အညိဳးအေတး ႀကီးႀကီးနဲ႔ တုိက္ခုိက္တာမ်ိဳး လုပ္တတ္ပါတယ္။ မိမိရည္မွန္းသူဟာ ဒီပုံစံျဖစ္တယ္ဆုိရင္ေတာ့ လက္
ေလွ်ာ့လုိက္ပါ။ ဒါက တစ္ဘ၀လုံး စိတ္ခ်မ္းသာရေစမွာပါ။
(၂) လုိအပ္ခ်က္ေတြအမ်ားႀကီးနဲ႔ အမ်ိဳးသား

တစ္ခ်ိဳ႕ေသာ အမ်ိဳးသားေတြကေတာ့ ဘ၀အေပးအေျခအေနအရ လုိအပ္ခ်က္ေတြ ရွိတတ္ပါတယ္။ ဒီေနရာမွာ ၾကင္နာသနားတတ္႐ုံနဲ႔ ဘ၀တစ္ေလွ်ာက္လုံး အဆင္ေျပေစမွာ မဟုတ္ဘူးဆုိတာ ရွင္းရွင္းလင္းလင္း သိဖုိ႔ လုိပါတယ္။ တစ္ခ်ိဳ႕ေသာ အမ်ိဳးသမီးေတြက အဲဒီလုိ ေယာက္်ားေတြကုိ စင္ေတာ္ေျမႇာက္ေပးတတ္ပါတယ္။ အဆင္ေျပသူ အေတာ္ရွားပါတယ္။ ႏွစ္ေယာက္စလုံးက လုိအပ္ခ်က္ေတြ အမ်ားႀကီးရွိသူဆုိ ပုိဆုိးပါေသးတယ္။

(၃) အရာရာေငြလုိ႔ ထင္ေနတဲ့အမ်ိဳးသား

အခ်ိဳ႕ေသာ အမ်ိဳးသားေတြကေတာ့ မိဘမ်ိဳး႐ုိးစဥ္ဆက္အလိုက္ ခ်မ္းသာၾကပါတယ္။ ေငြရွိရင္ ဘာမဆုိျဖစ္တယ္လုိ႔ ခံယူ
ၾကပါတယ္။ အိမ္ ေထာင္ျပဳရင္ေတာင္ အရင္းရွင္စနစ္ဆန္ဆန္နဲ႔ ခင္ဗ်ားသမီး ဘယ္ေလာက္တန္သလဲ မေမး႐ုံတစ္မယ္  ေငြနဲ႔ ၀ယ္ယူဖုိ႔ ႀကိဳးစားၾကပါတယ္။ အခ်စ္က ဒီေလာက္ ေစ်းမေပါပါဘူး။
(၄) ေမာက္မာ႐ုိင္းစုိင္းေသာ အမ်ိဳးသား

ဘ၀တစ္ေလွ်ာက္လုံး စိတ္ခ်မ္းသာခ်င္ရင္ေတာ့ ေမာက္မာ႐ုိင္းစုိင္းတဲ့ အမ်ိဳးသားကိုလည္း ေရွာင္ၾကဥ္ဖုိ႔ လုိပါတယ္။ တစ္ခ်ိဳ႕ကက်ေတာ့ မေအအစ္မေတာင္ မခ်န္ ျပန္ၿပီး ငါႏွဲ႔လွန္ဆဲ၊ စိတ္မေက်ရင္ ႐ုိက္ပြဲသတ္ပြဲေတာင္ အခ်ိန္မေရြးဆင္ႏႊဲ တတ္သူေတြ ျဖစ္ၾကပါတယ္။ မေအႏွမေတာင္ မခ်န္ဘူးဆုိမွာေတာ့ တစိမ္းျဖစ္တဲ့သူကုိ သူတုိ႔က ႐ုိင္းစုိင္းစရာရွိရင္ စာရင္းထဲကို ထည့္တြက္မွာေတာင္ မဟုတ္ပါဘူး။
(၅) ပက္ခၽြဲႏွပ္ခၽြဲ အမ်ိဳးသား

ပက္ခၽြဲႏွပ္ခၽြဲအမ်ိဳးသားေတြကိုလည္း သတိထား ေရွာင္ၾကဥ္ရမွာ ျဖစ္ပါတယ္။ ဒီလုိလူေတြကက်ေတာ့ သူတုိ႔ကိုယ္ သူတုိ႔ စကားအေျပာေကာင္းသူေတြ၊ ျမာစြံတဲ့သူေတြလုိ႔ ထင္ေနတတ္ၾကၿပီး၊ ေပြခ်င္႐ႈပ္ခ်င္စိတ္ ရွိတတ္ၾကပါတယ္။ အေျပာကုိ
သာ ဦးစားေပးသူမ်ားျဖစ္လုိ႔ အလုပ္နဲ႔ သက္ေသျပတဲ့ကိစၥရပ္ေတြက ရွားပါးပါတယ္။

Credit:shwemom

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အိမ်ထောင်ဘက် ရွေးချယ်တဲ့အခါမှာ ပညာမျက်စိနဲ့ ကြည့်ပြီး ရွေးချယ်နိုင်ကာမှ တန်ကာကျပါတယ်။ ဒါ့အပြင် နှလုံး
သားရေးရာ ကိစ္စပဲဆိုပြီး စိတ်ခံစားချက်ကို ဦးစားမပေးသင့်ပါဘူး။ ဦးနှောက်ကလည်း သင့်၏မသင့်၏ စဉ်းစားဆင်ခြင်ဖို့ လိုပါတယ်။ ဒါကြောင့် အိမ်ထောင်ဘက် ရွေးတဲ့အခါ ရှောင်သင့်တဲ့ အမျိုးသားတွေကို  ဖော်ပြပေး
လိုက်ပါတယ်။
(၁) အညှိုးအတေးကြီးတဲ့ အမျိုးသား

တစ်ချို့သော အမျိုးသားတွေက တစ်လွဲအယူအဆဖြစ်တဲ့ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ-ဆိုတဲ့ လူမဆန်တဲ့ ဝါဒကို သဘောတကျ လက်ခံထားတာ ရှိပါတယ်။ ဒီလိုမှ မဟုတ်ပဲ ယောက်ျားတန်မဲ့ ဇနီးမယားကို အညိုးအတေး ကြီးကြီးနဲ့ တိုက်ခိုက်တာမျိုး လုပ်တတ်ပါတယ်။ မိမိရည်မှန်းသူဟာ ဒီပုံစံဖြစ်တယ်ဆိုရင်တော့ လက်
လျှော့လိုက်ပါ။ ဒါက တစ်ဘဝလုံး စိတ်ချမ်းသာရစေမှာပါ။
(၂) လိုအပ်ချက်တွေအများကြီးနဲ့ အမျိုးသား

တစ်ချို့သော အမျိုးသားတွေကတော့ ဘဝအပေးအခြေအနေအရ လိုအပ်ချက်တွေ ရှိတတ်ပါတယ်။ ဒီနေရာမှာ ကြင်နာသနားတတ်ရုံနဲ့ ဘဝတစ်လျှောက်လုံး အဆင်ပြေစေမှာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်။ တစ်ချို့သော အမျိုးသမီးတွေက အဲဒီလို ယောက်ျားတွေကို စင်တော်မြှောက်ပေးတတ်ပါတယ်။ အဆင်ပြေသူ အတော်ရှားပါတယ်။ နှစ်ယောက်စလုံးက လိုအပ်ချက်တွေ အများကြီးရှိသူဆို ပိုဆိုးပါသေးတယ်။


(၃) အရာရာငွေလို့ ထင်နေတဲ့အမျိုးသား

အချို့သော အမျိုးသားတွေကတော့ မိဘမျိုးရိုးစဉ်ဆက်အလိုက် ချမ်းသာကြပါတယ်။ ငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ခံယူ
ကြပါတယ်။ အိမ်ထောင်ပြုရင်တောင် အရင်းရှင်စနစ်ဆန်ဆန်နဲ့ ခင်ဗျားသမီး ဘယ်လောက်တန်သလဲ မမေးရုံတစ်မယ်  ငွေနဲ့ ဝယ်ယူဖို့ ကြိုးစားကြပါတယ်။ အချစ်က ဒီလောက် ဈေးမပေါပါဘူး။
(၄) မောက်မာရိုင်းစိုင်းသော အမျိုးသား

ဘဝတစ်လျှောက်လုံး စိတ်ချမ်းသာချင်ရင်တော့ မောက်မာရိုင်းစိုင်းတဲ့ အမျိုးသားကိုလည်း ရှောင်ကြဉ်ဖို့ လိုပါတယ်။ တစ်ချို့ကကျတော့ မအေအစ်မတောင် မချန် ပြန်ပြီး ငါနှဲ့လှန်ဆဲ၊ စိတ်မကျေရင် ရိုက်ပွဲသတ်ပွဲတောင် အချိန်မရွေးဆင်နွှဲ တတ်သူတွေ ဖြစ်ကြပါတယ်။ မအေနှမတောင် မချန်ဘူးဆိုမှာတော့ တစိမ်းဖြစ်တဲ့သူကို သူတို့က ရိုင်းစိုင်းစရာရှိရင် စာရင်းထဲကို ထည့်တွက်မှာတောင် မဟုတ်ပါဘူး။
(၅) ပက်ချွဲနှပ်ချွဲ အမျိုးသား

ပက်ချွဲနှပ်ချွဲအမျိုးသားတွေကိုလည်း သတိထား ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ဒီလိုလူတွေကကျတော့ သူတို့ကိုယ် သူတို့ စကားအပြောကောင်းသူတွေ၊ မြာစွံတဲ့သူတွေလို့ ထင်နေတတ်ကြပြီး၊ ပွေချင်ရှုပ်ချင်စိတ် ရှိတတ်ကြပါတယ်။ အပြောကို
သာ ဦးစားပေးသူများဖြစ်လို့ အလုပ်နဲ့ သက်သေပြတဲ့ကိစ္စရပ်တွေက ရှားပါးပါတယ်။


Credit:shwemom


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top