iMyanmarHouse.com - Best Property Website for Myanmar
×

၁။ လုပ္ငန္းမ်ဳိးစံုလုပ္ကိုင္ျခင္း

မိန္းမ ဦးေဏွာက္ သည္ လုပ္ငန္းမ်ဳိးစုံကို တျပိဳင္နက္တည္း ေဆာင္ရြက္ႏိုင္ရန္ တည္ေဆာက္ထားသည္။

မိန္းမမ်ားသည္ တီဗြီ ၾကည့္ရင္း ဖုန္းေျပာလ်က္ ဟင္းခ်က္ႏိုင္သည္။

ေယာက်္ား ဦးေဏွာက္ သည္ တၾကိမ္တြင္ လုပ္ငန္းတခုသာ ေဆာင္ရြက္ႏိုင္ရန္ တည္ေဆာက္ထားသည္။ ေယာက်္ားမ်ားသည္ တီဗြီ ၾကည့္ေနစဥ္ ဖုန္းမေျပာႏိုင္။ စကားေျပာေနစဥ္ တီဗြီကိုပိတ္ထားသည္။

၂။ ဘာသာစကား

မိန္းမမ်ား သည္ ဘာသာစကား မ်ဳိးစံုကို တတ္ကြ်မ္းလြယ္သည္။ သို႔ေသာ္ ျပသနာမ်ားကို အေျဖမရွာႏုိင္။ ေယာက်္ားမ်ားသည္ ဘာသာစကားမ်ားကို သင္ယူမလြယ္တတ္။ ျပသနာမ်ားကိုမူ လြယ္ကူစြာ ေျဖရွင္းႏိုင္သည္။ ထို႔ေၾကာင့္ ၃ ႏွစ္သမီးေလးသည္ ၃ ႏွစ္သားေလးထက္ ၃ ဆခန္႔ ေ၀ါဟာရၾကြယ္သည္။

၃။ ခြဲျခမ္းစိတ္ျဖာတတ္ျခင္း

ေယာက်္ား မ်ားဧ။္ ဦးေဏွာက္ တြင္ ခြဲျခမ္းစိတ္ျဖာျခင္းလုပ္ငန္းမ်ားအတြက္ ေနရာမ်ားစြာပါရွိသည္။ ခြဲျခမ္းစိတ္ျဖာသည္။ အေျဖရွာသည္။ အေဆာက္အဦးေျမပံုမ်ား လြယ္ကူစြာဆြဲႏိုင္သည္။

မိန္းမ မ်ားသည္ ရွဴပ္ေထြးေသာ ေျမပံုတခုကို လြယ္ကူစြာ နားလည္ႏိုင္စြမ္းမရွိ။ ေျမပံုဧ။္ အေသးစိတ္အခ်က္မ်ားကို နားမလည္ႏိုင္။ သူတို႔အတြက္ ေျမပံုဆိုသည္မွာ စာရြက္ေပၚမွာ ျပြတ္သိပ္ေနေသာ မ်ဥ္းေၾကာင္းမ်ားသာျဖစ္သည္။

၄။ ကားေမာင္းျခင္း

ကားေမာင္းေနစဥ္ ေယာက်္ား ဧ။္ ဦးေဏွာက္ မွ ခြဲျခမ္းစိတ္ျဖာသည့္ေနရာမ်ားကို အသံုးျပဳရသည္။ ကားကိုလွ်င္ျမန္စြာ ေမာင္းႏိုင္သည္။ အတန္ေ၀းကြာေသာေနရာမွ တစံုတရာကို ျမင္လွွ်င္ သူဧ။္ဦးေဏွာက္သည္ ထိုအရာဧ။္ အမ်ဳိးအစား ( ဥပမာ – ဘတ္စကား၊ ထရပ္ကား၊ ကားေသး )၊ ဦးတည္ရာ လမ္းေၾကာင္း၊ အျမန္ႏွဳန္း တို႔ကို ခ်က္ခ်င္းခြဲျခားလ်က္ ကားကို ဆက္ေမာင္းသည္။ ကားေမာင္းလွ်င္ ကက္ဆက္ကိုပိတ္၍ ကားကိုသာ အာရုံစိုက္ေမာင္းသည္။

မိန္းမမ်ားသည္ အေ၀းမွ တစံုတရာဧ။္ အမ်ဳိးအစား၊ ဦးတည္ရာ၊ အျမန္ႏွဳန္းတို႔ကို သိရွိႏိုင္ရန္္ အခ်ိန္မ်ားစြာၾကာသည္။

၅။ လိမ္လည္ေျပာဆိုျခင္း

မိန္းမ မ်ားသည္ ေယာက်္ား မ်ားက မ်က္ႏွာခ်င္းဆိုင္ လိမ္ေျပာလွ်င္ အလြယ္တကူသိသည္။ မိန္းမ တို႔ဧ။္ သဘာ၀လြန္ ဦးေဏွာက္သည္ ေယာက်္ားတို႔ဧ။္ မ်က္ႏွာအမူအရာကို ၇၀%၊ ကိုယ္လက္အမူအရာ ၂၀% ႏွင့္ စကားလံုး ၁၀% တို႔ကို ေစာင့္ၾကည့္အကဲခတ္ႏိုင္သည္။ ေယာက်္ားမ်ားဧ။္ ဦးေဏွာက္သည္ ထိုလုပ္ငန္းမ်ားကို မလုပ္ႏိုင္။ မိန္းမမ်ားသည္ ေယာက်္ားမ်ားကို အလြယ္တကူ မ်က္ႏွာခ်င္းဆိုင္လ်က္ လိမ္ေျပာႏိုင္သည္။ ထို႔ေၾကာင့္ ကိုယ္ေတာ္ေခ်ာမ်ား လိမ္ေျပာမည္ၾကံလွ်င္ မ်က္ႏွာခ်င္းမဆိုင္ၾကႏွင့္။

၆။ ျပသနာေျဖရွင္းျခင္း

ေယာက်္ား တဦးတြင္ ျပသနာမ်ားစြာရွိေနပါက သူဧ။္ ဦးေဏွာက္ သည္ ျပသနာမ်ားကို အမ်ဳိးအစားခြဲသည္။ ဦးေဏွာက္ဧ။္ သက္ဆိုင္ရာအခန္းမ်ားတြင္ ထည့္သြင္းသည္။ ထို႔ေနာက္ တခုစီ တခုစီ အေျဖရွာသည္။ သို႔ျဖစ္၍ ေယာက်္ားမ်ား မိုးေကာင္းကင္ကို ၾကာျမင့္စြာၾကည့္ရင္း အေျဖထုတ္ေနတတ္သည္ကို ေတြ႔ႏိုင္သည္။

မိန္းမ တဦးတြင္ ျပသနာမ်ားစြာရွိေနပါက သူမဧ။္ ဦးေဏွာက္ က အမ်ဳိးအစား ခြဲျခားႏိုင္ျခင္းမရွိ။ တစံုတဦးအား သြားေရာက္တိုင္တည္လိုသည္။ အလံုးစံုအိတ္သြန္ဖာေမွာက္ ေျပာျပျပီးေနာက္ ေပ်ာ္ရႊင္စြာ အိပ္ရာ၀င္သည္။ သူမသည္ ျပသနာမ်ား ေျဖရွင္းျပီးသည္ျဖစ္ေစ၊ မျပီးသည္ျဖစ္ေစ စိတ္မပူတတ္။

၇။ လိုခ်င္ေတာင့္တ ဆႏၵမ်ား

ေယာက်္ား မ်ားသည္ အဆင့္အတန္း၊ ေအာင္ျမင္မွဳ၊ အေျဖမ်ား၊ ၾကီးက်ယ္ေသာ ျဖစ္ရပ္မ်ား ကိုလိုလားသည္။

မိန္းမမ်ားသည္ လူမွဳဆက္ဆံေရး၊ မိတ္ေဆြအေပါင္းအသင္း၊ မိသားစု စသည္တို႔ကို လိုခ်င္သည္။
၈။ စိတ္မခ်မ္းေျမ႔မွဳ

မိန္းမ မ်ားသည္ ခ်စ္သူ၊ ခင္ပြန္းတို႔ႏွင့္ အဆင္မေျပလွွ်င္ အလုပ္ထဲတြင္ အာရုံစိုက္ႏိုင္စြမ္းမရွိ။

ေယာက်္ားမ်ားသည္ အလုပ္ထဲတြင္ အဆင္မေျပလွွ်င္ ခ်စ္သူ၊ ဇနီးတို႔ႏွင့္ ဆက္ဆံေရးကို အာရုံမျပဳႏိုင္။

၉။ စကားေျပာပံု

မိန္းမ မ်ားသည္ သြယ္၀ိုက္ေျပာတတ္သည္။

ေယာက်္ား မ်ားသည္ တည့္တည့္ေျပာတတ္သည္။

၁၀။ စိတ္သက္သာေအာင္ လုပ္ျခင္း

မိန္းမ မ်ားသည္ စိတ္လွဳပ္ရွားေနပါက မစဥ္းစားပဲ စကားအလြန္ေျပာသည္။

ေယာက်္ား မ်ားသည္ စိတ္လွဳပ္ရွားေနစဥ္ မစဥ္းစားပဲ လက္ေရာက္တုန္႔ျပန္တတ္သည္။

Credit : Search myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

၁။ လုပ်ငန်းမျိုးစုံလုပ်ကိုင်ခြင်း

မိန်းမ ဦးဏှောက် သည် လုပ်ငန်းမျိုးစုံကို တပြိုင်နက်တည်း ဆောင်ရွက်နိုင်ရန် တည်ဆောက်ထားသည်။

မိန်းမများသည် တီဗွီ ကြည့်ရင်း ဖုန်းပြောလျက် ဟင်းချက်နိုင်သည်။

ယောကျ်ား ဦးဏှောက် သည် တကြိမ်တွင် လုပ်ငန်းတခုသာ ဆောင်ရွက်နိုင်ရန် တည်ဆောက်ထားသည်။ ယောကျ်ားများသည် တီဗွီ ကြည့်နေစဉ် ဖုန်းမပြောနိုင်။ စကားပြောနေစဉ် တီဗွီကိုပိတ်ထားသည်။

၂။ ဘာသာစကား

မိန်းမများ သည် ဘာသာစကား မျိုးစုံကို တတ်ကျွမ်းလွယ်သည်။ သို့သော် ပြသနာများကို အဖြေမရှာနိုင်။ ယောကျ်ားများသည် ဘာသာစကားများကို သင်ယူမလွယ်တတ်။ ပြသနာများကိုမူ လွယ်ကူစွာ ဖြေရှင်းနိုင်သည်။ ထို့ကြောင့် ၃ နှစ်သမီးလေးသည် ၃ နှစ်သားလေးထက် ၃ ဆခန့် ဝေါဟာရကြွယ်သည်။

၃။ ခွဲခြမ်းစိတ်ဖြာတတ်ခြင်း

ယောကျ်ား များဧ။် ဦးဏှောက် တွင် ခွဲခြမ်းစိတ်ဖြာခြင်းလုပ်ငန်းများအတွက် နေရာများစွာပါရှိသည်။ ခွဲခြမ်းစိတ်ဖြာသည်။ အဖြေရှာသည်။ အဆောက်အဦးမြေပုံများ လွယ်ကူစွာဆွဲနိုင်သည်။

မိန်းမ များသည် ရှူပ်ထွေးသော မြေပုံတခုကို လွယ်ကူစွာ နားလည်နိုင်စွမ်းမရှိ။ မြေပုံဧ။် အသေးစိတ်အချက်များကို နားမလည်နိုင်။ သူတို့အတွက် မြေပုံဆိုသည်မှာ စာရွက်ပေါ်မှာ ပြွတ်သိပ်နေသော မျဉ်းကြောင်းများသာဖြစ်သည်။

၄။ ကားမောင်းခြင်း

ကားမောင်းနေစဉ် ယောကျ်ား ဧ။် ဦးဏှောက် မှ ခွဲခြမ်းစိတ်ဖြာသည့်နေရာများကို အသုံးပြုရသည်။ ကားကိုလျှင်မြန်စွာ မောင်းနိုင်သည်။ အတန်ဝေးကွာသောနေရာမှ တစုံတရာကို မြင်လှျှင် သူဧ။်ဦးဏှောက်သည် ထိုအရာဧ။် အမျိုးအစား ( ဥပမာ – ဘတ်စကား၊ ထရပ်ကား၊ ကားသေး )၊ ဦးတည်ရာ လမ်းကြောင်း၊ အမြန်နှုန်း တို့ကို ချက်ချင်းခွဲခြားလျက် ကားကို ဆက်မောင်းသည်။ ကားမောင်းလျှင် ကက်ဆက်ကိုပိတ်၍ ကားကိုသာ အာရုံစိုက်မောင်းသည်။

မိန်းမများသည် အဝေးမှ တစုံတရာဧ။် အမျိုးအစား၊ ဦးတည်ရာ၊ အမြန်နှုန်းတို့ကို သိရှိနိုင်ရန် အချိန်များစွာကြာသည်။

၅။ လိမ်လည်ပြောဆိုခြင်း

မိန်းမ များသည် ယောကျ်ား များက မျက်နှာချင်းဆိုင် လိမ်ပြောလျှင် အလွယ်တကူသိသည်။ မိန်းမ တို့ဧ။် သဘာဝလွန် ဦးဏှောက်သည် ယောကျ်ားတို့ဧ။် မျက်နှာအမူအရာကို ၇၀%၊ ကိုယ်လက်အမူအရာ ၂၀% နှင့် စကားလုံး ၁၀% တို့ကို စောင့်ကြည့်အကဲခတ်နိုင်သည်။ ယောကျ်ားများဧ။် ဦးဏှောက်သည် ထိုလုပ်ငန်းများကို မလုပ်နိုင်။ မိန်းမများသည် ယောကျ်ားများကို အလွယ်တကူ မျက်နှာချင်းဆိုင်လျက် လိမ်ပြောနိုင်သည်။ ထို့ကြောင့် ကိုယ်တော်ချောများ လိမ်ပြောမည်ကြံလျှင် မျက်နှာချင်းမဆိုင်ကြနှင့်။

၆။ ပြသနာဖြေရှင်းခြင်း

ယောကျ်ား တဦးတွင် ပြသနာများစွာရှိနေပါက သူဧ။် ဦးဏှောက် သည် ပြသနာများကို အမျိုးအစားခွဲသည်။ ဦးဏှောက်ဧ။် သက်ဆိုင်ရာအခန်းများတွင် ထည့်သွင်းသည်။ ထို့နောက် တခုစီ တခုစီ အဖြေရှာသည်။ သို့ဖြစ်၍ ယောကျ်ားများ မိုးကောင်းကင်ကို ကြာမြင့်စွာကြည့်ရင်း အဖြေထုတ်နေတတ်သည်ကို တွေ့နိုင်သည်။

မိန်းမ တဦးတွင် ပြသနာများစွာရှိနေပါက သူမဧ။် ဦးဏှောက် က အမျိုးအစား ခွဲခြားနိုင်ခြင်းမရှိ။ တစုံတဦးအား သွားရောက်တိုင်တည်လိုသည်။ အလုံးစုံအိတ်သွန်ဖာမှောက် ပြောပြပြီးနောက် ပျော်ရွှင်စွာ အိပ်ရာဝင်သည်။ သူမသည် ပြသနာများ ဖြေရှင်းပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ စိတ်မပူတတ်။

၇။ လိုချင်တောင့်တ ဆန္ဒများ

ယောကျ်ား များသည် အဆင့်အတန်း၊ အောင်မြင်မှု၊ အဖြေများ၊ ကြီးကျယ်သော ဖြစ်ရပ်များ ကိုလိုလားသည်။

မိန်းမများသည် လူမှုဆက်ဆံရေး၊ မိတ်ဆွေအပေါင်းအသင်း၊ မိသားစု စသည်တို့ကို လိုချင်သည်။
၈။ စိတ်မချမ်းမြေ့မှု

မိန်းမ များသည် ချစ်သူ၊ ခင်ပွန်းတို့နှင့် အဆင်မပြေလှျှင် အလုပ်ထဲတွင် အာရုံစိုက်နိုင်စွမ်းမရှိ။

ယောကျ်ားများသည် အလုပ်ထဲတွင် အဆင်မပြေလှျှင် ချစ်သူ၊ ဇနီးတို့နှင့် ဆက်ဆံရေးကို အာရုံမပြုနိုင်။

၉။ စကားပြောပုံ

မိန်းမ များသည် သွယ်ဝိုက်ပြောတတ်သည်။

ယောကျ်ား များသည် တည့်တည့်ပြောတတ်သည်။

၁၀။ စိတ်သက်သာအောင် လုပ်ခြင်း

မိန်းမ များသည် စိတ်လှုပ်ရှားနေပါက မစဉ်းစားပဲ စကားအလွန်ပြောသည်။

ယောကျ်ား များသည် စိတ်လှုပ်ရှားနေစဉ် မစဉ်းစားပဲ လက်ရောက်တုန့်ပြန်တတ်သည်။

Credit : Search myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top