iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ္ရွင္ဇာတ္ကား မင္းသားက မင္းသမီးကို အံ့အားသင့္ ေပ်ာ္ရႊင္ေစေအာင္ လုပ္ဖူးတဲ့ အရာေတြ ျမင္ဖူးမွာပါ။ တစ္ခ်ိဳ႔အရာေတြက အျပင္ေလာကမွာ ျပဳမူလုပ္ေဆာင္ဖို႔အတြက္ အဆင္မေျပႏိုင္ေပမယ့္ တစ္ခ်ိဳ႔အရာေတြကေတာ့ ကိုယ့္ခ်စ္သူ ၿပံဳးေပ်ာ္သြားေစဖုိ႔ သင့္ဘက္က အလြယ္တကူ လုပ္ေဆာင္ေပးႏိုင္တဲ့ အရာေတြပါ။

၁။သူမ အိပ္ယာမႏိုးခင္ ေဘးနားမွာ သင္သူမကို ဘယ္ေလာက္ခ်စ္ေၾကာင္း ေရးသားထားတဲ့ ပို႔စကတ္ ဒါမွမဟုတ္ စာတစ္ေစာင္ တင္ထားလိုက္ပါ။

အိပ္ယာႏိုးႏိုးခ်င္း ကိုယ့္ခ်စ္သူ ကို္ယ့္ကုိ ဘယ္ေလာက္ခ်စ္တယ္ဆုိတဲ့အေၾကာင္း စာေလးတစ္ေစာင္ ဖတ္လိုက္ရတဲ့ သင့္ခ်စ္သူေနရာမွာ စဥ္းစားၾကည့္ပါ။ ခုေခတ္မွာ ခ်စ္သူျဖစ္ၿပီးမွ ခ်စ္တယ္၊ ႀကိဳက္တယ္ဆိုတဲ့အေၾကာင္း စာေရးၿပီးေပးတဲ့ ေယာက်ၤားမ်ိဳး ဘယ္ႏွစ္ေယာက္မ်ား ရွိမွာမုိ႔လို႔လဲေနာ္။ သူမ အတြက္ ၾကည္ႏူးမႈေတြ ယူေဆာင္ေပးႏိုင္မွာ အေသအခ်ာပါပဲ။

၂။သင္တို႔ႏွစ္ဦးတြဲၿပီး ရိုက္ထားတဲ့ပံုကို edit လုပ္ၿပီး သူမဆီ ပို႔ေပးလိုက္ပါ။

ႏွစ္ဦးသား တြဲရိုက္ထားတဲ့  ပံုေတြထဲကမွ သင္အႀကိဳက္ဆံုးပံုတစ္ပံုကို ကိုယ့္စိတ္ႀကိဳက္စာသားေလးေတြ ထည့္ edit လုပ္ၿပီး သင့္ခ်စ္သူေကာင္မေလးဆီ ပို႔ေပးလို္္က္ပါ။ Viber ကပဲျဖစ္ျဖစ္၊ ေမးလ္ကျဖစ္ျဖစ္ ဒါမွမဟုတ္ ဓာတ္ပံုသားထုတ္ၿပီး စာတုိက္က ျဖစ္ျဖစ္ သူမေပ်ာ္ရႊင္ေစဖုိ႔ ႀကိဳးစားၾကည့္လုိက္ပါ။

၃။သူမ ထင္မွတ္မထားတဲ့ လက္ေဆာင္တစ္ခုခု ပို႔ေပးပါ။

အရင္ေပးေနက်  မဟုတ္တဲ့ လက္ေဆာင္တစ္ခုခုကို ေရြးခ်ယ္ၿပီး သူမဆီ ပို႔ေပးလိုက္ပါ။ ပန္းအုိးနဲ႔ ထည့္စိုက္ရတဲ့ အပင္ပုေလးေတြ၊ ဒါမွမဟုတ္ တစ္ျခားအမွတ္တရျဖစ္ေစမယ့္ လက္ေဆာင္မ်ိဳးေပါ့။

၄။သူမနဲ႔အတူ ဘယ္ေတာ့မွ လုပ္ေလ့မရွိတဲ့ အရာေတြ လုပ္ၾကည့္ပါ။

ကမ္းနားမွာ နွစ္ေယာက္ၿပိဳင္တူ ေအာ္တာမ်ိဳး၊ မိုးေရထဲ လမ္းေလွ်ာက္တာမ်ိဳး၊ အူေၾကာင္ေၾကာင္ႏိုင္ေပမယ့္ ႏွစ္ဦးသား စိတ္လက္ေပါ့ပါးသြားေစမယ့္ အရာမ်ိဳးေတြ စဥ္းစားၿပီး သူမနဲ႔အတူ ဖန္တီးၾကည့္ပါ။ သူမအတြက္ အမွတ္တရျဖစ္သြားေစမွာ ေသခ်ာပါတယ္။

၅။သူမ တစ္ေနရာရာ မသြားခင္ အမွတ္မထင္ သြားေစာင့္ေနတာမ်ိဳး လုပ္ပါ။

လာမယ္ဆိုၿပီး ႀကိဳေျပာမထားတာမုိ႔ သူမ သင့္ကို ေတြ႕တဲ့အခါ အံ့ၾသၿပီး ေပ်ာ္ရႊင္သြားပါလိမ့္မယ္။ ရံုးသြားမယ္ဆုိ ရံုးအထိ လို္က္ပို႔တာမ်ိဳး၊ တစ္ျခား တစ္ေနရာရာဆုိရင္လည္း သူမသြားမယ့္ေနရာကို လိုက္ပို႕ေပးတာမ်ိဳး ျဖစ္ျဖစ္ေပါ့။

၆။ဒိတ္လုပ္မယ့္ ကိစၥအတြက္ အားလံုး စီစဥ္ၿပီးမွ သူမကို အသိေပးလိုက္ပါ။

သူမအားတဲ့ေန႔က ဘယ္ေန႔လဲဆိုတာ သင္အသိဆံုး ျဖစ္မွာပါ။ ဒီေတာ့ အဲ့ဒီေန႔ေလးမွာ ေတြ႕ဖုိ႔သင့္ဘက္က ႀကိဳတင္စီစဥ္ထားႏိုုင္သလို အ့ဒီေန႔မွာ ဘာေတြလုပ္မယ္၊ ဘာသြားမယ္စတာေတြအတြက္ အားလံုးႀကိဳတင္စီစဥ္ၿပီးမွ သူ႕ကို အသိေပးလိုက္ပါ။

၇။ႏွစ္ေယာက္စလံုး သေဘာက်တဲ့ သီခ်င္းမ်ိဳး ပို႔ေပးပါ။

ႏွစ္ေယာက္စလံုး ႀကိဳက္တဲ့အျပင္ ႏွစ္ေယာက္စလံုးနဲ႔ သက္ဆုိင္တဲ့ သီခ်င္းမ်ိဳးရွိတယ္ဆုိရင္ သင့္ေကာင္မေလးဆီကို ေမးလ္ကတစ္ဆင့္ ပို႔ေပးလိုက္ပါ။ ဒါဟာ သူမကို ၿပံဳးေပ်ာ္သြားေစမွာ ေသခ်ာပါတယ္။

၈။ပန္းလက္ေဆာင္ေပးပါ။

မိန္းကေလးတိုင္းဟာ ပန္းမပန္တတ္ၾကေပမယ့္ ပန္းေတာ့ ႀကိဳက္ၾကပါတယ္။ ကိုယ့္ခ်စ္သူက အျမတ္တႏိုးေပးတဲ့ ပန္းကို မလိုခ်င္ဘူးဆုိတဲ့ ခ်စ္သူမ်ိဳးရွားပါတယ္။

Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ရုပ်ရှင်ဇာတ်ကား မင်းသားက မင်းသမီးကို အံ့အားသင့် ပျော်ရွှင်စေအောင် လုပ်ဖူးတဲ့ အရာတွေ မြင်ဖူးမှာပါ။ တစ်ချို့အရာတွေက အပြင်လောကမှာ ပြုမူလုပ်ဆောင်ဖို့အတွက် အဆင်မပြေနိုင်ပေမယ့် တစ်ချို့အရာတွေကတော့ ကိုယ့်ချစ်သူ ပြုံးပျော်သွားစေဖို့ သင့်ဘက်က အလွယ်တကူ လုပ်ဆောင်ပေးနိုင်တဲ့ အရာတွေပါ။

၁။သူမ အိပ်ယာမနိုးခင် ဘေးနားမှာ သင်သူမကို ဘယ်လောက်ချစ်ကြောင်း ရေးသားထားတဲ့ ပို့စကတ် ဒါမှမဟုတ် စာတစ်စောင် တင်ထားလိုက်ပါ။

အိပ်ယာနိုးနိုးချင်း ကိုယ့်ချစ်သူ ကိုယ့်ကို ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်း စာလေးတစ်စောင် ဖတ်လိုက်ရတဲ့ သင့်ချစ်သူနေရာမှာ စဉ်းစားကြည့်ပါ။ ခုခေတ်မှာ ချစ်သူဖြစ်ပြီးမှ ချစ်တယ်၊ ကြိုက်တယ်ဆိုတဲ့အကြောင်း စာရေးပြီးပေးတဲ့ ယောကျၤားမျိုး ဘယ်နှစ်ယောက်များ ရှိမှာမို့လို့လဲနော်။ သူမ အတွက် ကြည်နူးမှုတွေ ယူဆောင်ပေးနိုင်မှာ အသေအချာပါပဲ။

၂။သင်တို့နှစ်ဦးတွဲပြီး ရိုက်ထားတဲ့ပုံကို edit လုပ်ပြီး သူမဆီ ပို့ပေးလိုက်ပါ။

နှစ်ဦးသား တွဲရိုက်ထားတဲ့  ပုံတွေထဲကမှ သင်အကြိုက်ဆုံးပုံတစ်ပုံကို ကိုယ့်စိတ်ကြိုက်စာသားလေးတွေ ထည့် edit လုပ်ပြီး သင့်ချစ်သူကောင်မလေးဆီ ပို့ပေးလို်က်ပါ။ Viber ကပဲဖြစ်ဖြစ်၊ မေးလ်ကဖြစ်ဖြစ် ဒါမှမဟုတ် ဓာတ်ပုံသားထုတ်ပြီး စာတိုက်က ဖြစ်ဖြစ် သူမပျော်ရွှင်စေဖို့ ကြိုးစားကြည့်လိုက်ပါ။

၃။သူမ ထင်မှတ်မထားတဲ့ လက်ဆောင်တစ်ခုခု ပို့ပေးပါ။

အရင်ပေးနေကျ  မဟုတ်တဲ့ လက်ဆောင်တစ်ခုခုကို ရွေးချယ်ပြီး သူမဆီ ပို့ပေးလိုက်ပါ။ ပန်းအိုးနဲ့ ထည့်စိုက်ရတဲ့ အပင်ပုလေးတွေ၊ ဒါမှမဟုတ် တစ်ခြားအမှတ်တရဖြစ်စေမယ့် လက်ဆောင်မျိုးပေါ့။

၄။သူမနဲ့အတူ ဘယ်တော့မှ လုပ်လေ့မရှိတဲ့ အရာတွေ လုပ်ကြည့်ပါ။

ကမ်းနားမှာ နှစ်ယောက်ပြိုင်တူ အော်တာမျိုး၊ မိုးရေထဲ လမ်းလျှောက်တာမျိုး၊ အူကြောင်ကြောင်နိုင်ပေမယ့် နှစ်ဦးသား စိတ်လက်ပေါ့ပါးသွားစေမယ့် အရာမျိုးတွေ စဉ်းစားပြီး သူမနဲ့အတူ ဖန်တီးကြည့်ပါ။ သူမအတွက် အမှတ်တရဖြစ်သွားစေမှာ သေချာပါတယ်။

၅။သူမ တစ်နေရာရာ မသွားခင် အမှတ်မထင် သွားစောင့်နေတာမျိုး လုပ်ပါ။

လာမယ်ဆိုပြီး ကြိုပြောမထားတာမို့ သူမ သင့်ကို တွေ့တဲ့အခါ အံ့သြပြီး ပျော်ရွှင်သွားပါလိမ့်မယ်။ ရုံးသွားမယ်ဆို ရုံးအထိ လိုက်ပို့တာမျိုး၊ တစ်ခြား တစ်နေရာရာဆိုရင်လည်း သူမသွားမယ့်နေရာကို လိုက်ပို့ပေးတာမျိုး ဖြစ်ဖြစ်ပေါ့။

၆။ဒိတ်လုပ်မယ့် ကိစ္စအတွက် အားလုံး စီစဉ်ပြီးမှ သူမကို အသိပေးလိုက်ပါ။

သူမအားတဲ့နေ့က ဘယ်နေ့လဲဆိုတာ သင်အသိဆုံး ဖြစ်မှာပါ။ ဒီတော့ အဲ့ဒီနေ့လေးမှာ တွေ့ဖို့သင့်ဘက်က ကြိုတင်စီစဉ်ထားနိုုင်သလို အ့ဒီနေ့မှာ ဘာတွေလုပ်မယ်၊ ဘာသွားမယ်စတာတွေအတွက် အားလုံးကြိုတင်စီစဉ်ပြီးမှ သူ့ကို အသိပေးလိုက်ပါ။

၇။နှစ်ယောက်စလုံး သဘောကျတဲ့ သီချင်းမျိုး ပို့ပေးပါ။

နှစ်ယောက်စလုံး ကြိုက်တဲ့အပြင် နှစ်ယောက်စလုံးနဲ့ သက်ဆိုင်တဲ့ သီချင်းမျိုးရှိတယ်ဆိုရင် သင့်ကောင်မလေးဆီကို မေးလ်ကတစ်ဆင့် ပို့ပေးလိုက်ပါ။ ဒါဟာ သူမကို ပြုံးပျော်သွားစေမှာ သေချာပါတယ်။

၈။ပန်းလက်ဆောင်ပေးပါ။

မိန်းကလေးတိုင်းဟာ ပန်းမပန်တတ်ကြပေမယ့် ပန်းတော့ ကြိုက်ကြပါတယ်။ ကိုယ့်ချစ်သူက အမြတ်တနိုးပေးတဲ့ ပန်းကို မလိုချင်ဘူးဆိုတဲ့ ချစ်သူမျိုးရှားပါတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top