iMyanmarHouse.com - Best Property Website for Myanmar
×







Credit:auntymay



#Unicode Version
ဒီတစ်ခါ  ဖိနပ်အမြင့်(high heels)စီးသူတဲ့ပျိုမေတွေအတွက် ခြေထောက်နာကျင်တာသက် သာ အောင်ဘယ်လိုကာကွယ်နိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးနည်းလမ်းကောင်းလေးဖော်ပြပေးလိုက်ပါတယ်။

ဒေါက်မြင့်ဖိနပ်စီးသူတွေအနေနဲ့ ခြေသလုံးကြွက်သားတောင့်တင်းခြင်း၊ ခြေချင်းဝတ်နာကျင်ခြင်းတွေခံစားရလေ့ရှိပေမယ့် ခြေချောင်းလေးတွေကနေ အဲဒီလိုခြေထောက်နာကျင်မှုတွေသက်သာအောင်ကာကွယ်ကုသနိုင်တယ်ဆိုတာသတိထား မိကြမှာမဟုတ်ပါဘူး။

ဒေါက်မြင့်ဖိနပ်စီးသူတွေ ခြေထောက်နာကျင်ရခြင်းရဲ့အဓိကအချက်က ခြေညိုးအောက်တည့်တည့် ခြေဖဝါးမှာအာရုံခံ အသားစိုင်(ball of foot)လေးနာကျင်ခြင်းကြောင့်ဖြစ်ပါတယ်။အဲဒီလို ခြေထောက်နာကျင်တာကိုသက်သာစေမယ့် အဓိကအစိတ်အပိုင်းကလည်း တတိယမြောက်ခြေချောင်းနဲ့စတုတ္ထမြောက်ခြေချောင်းပါပဲ။

တတိယမြောက်နဲ့ စတုတ္ထမြောက်ခြေချောင်းနှစ်ချောင်းကို ဆေးပတ်တီး ဒါမှမဟုတ် ဆေးကပ်ခွာတိပ်နဲ့ ပူးကပ်စည်း ထားပေးခြင်းဖြင့် အာရုံခံစနစ်အရ ball of foot ကို ထိန်းထားသလိုဖြစ်စေပြီး ခြေထောက်ရဲ့ အာရုံခံစနစ်တွေကို ထိန်းညှိပေးနိုင်မှာပါ။

ဒေါက်ဖိနပ်သမားများ ခြေထောက်နာကျင်မှုသက်သာအောင် ပြုလုပ်သင့်တဲ့အချက်များ

    ဖိနပ်အတွင်း အနံ့အသက်ပျောက်ဆေး၊ ချောဆီကဲ့သို့ skin careတစ်မျိုးမျိုးသုံးပါ။ခြေထောက်အတွင်း ချွေးထွက်ခြင်း၊ အရည်ကြည်ဖုထွက်ခြင်းများမရှိအောင်ဂရုစိုက်ပါ။
    ခြေဖနောက်နဲ့ ဖြေဖဝါးများ ချောမွေ့နေစေရန် သဲဆပ်ပြာ ဒါမှမဟုတ် ချည်သားအဝတ်ကြမ်းနှင့် ခပ်ဖွဖွတိုက်ပေးပါ။
    ဒေါက်ဖိနပ်ဝယ်တဲ့အခါ အစမ်းလေ့ကျင့်စီးတာမျိုးပြုလုပ်ပါ။မိမိခြေထောက်နဲ့ သက်တောင့်သက်သာရှိတဲ့ဖိနပ်မျိုး ကိုရွေးချယ်ပါ။
    နာကျင်နေတဲ့ ဘယ်အစိတ်အပိုင်းကိုမဆို ဆေးတိပ်ကပ်ခြင်းထက် နှိပ်နယ်ခြင်းကပိုပြီးသင့်တော်ပါတယ်။

Credit:auntymay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top