လက်သည်းကိုက်နေခြင်း
သင့်ကို ပွတ်သပ်နေတာ
Credit:trend myanmar
#Unicode Version
လူတွေလို စကားမပြောနိုင်ပေမဲ့ ချစ်စရာကောင်းတဲ့ ကြောင်လေးတွေမှာလည်း လူတွေကို နားလည်စေနိုင်မယ့် ကိုယ်ပိုင် ဘာသာစကားတွေရှိပါတယ်။ ဒါတွေကတော့-
လက်သည်းကိုက်နေခြင်း
သင့်ကြောင်လေးက လက်သည်းကိုက်တတ်တဲ့လူတွေလိုပဲ စိတ်လှုပ်ရှားနေတာ ဒါမှမဟုတ် ပျင်းရိနေတာကို ပြပါတယ်။
ကျားမျက်လုံးလို ဖြစ်နေတာ
သားကောင်ဖမ်းဖို့အတွက် ခုန်အုပ်ဖို့ ပြင်နေတာ ဖြစ်ပါတယ်။
တအိမ်လုံးအနှံ့လျှောက်ပြေးနေတာ
သင့်ကြောင်က တစ်အိမ်လုံးအနှံ့ပတ်ပြေးနေလို့ တခုခုဖြစ်နေမလားလို့ စိတ်ပူမနေပါနဲ့။ ဒါက လေ့ကျင့်ခန်းလုပ်သလိုပဲ လေ့ကျင့်နေတာဖြစ်ပါတယ်။
သင့်ကို ပွတ်သပ်နေတာ
သူ့ရဲ့ အနံ့ကို သင့်ကိုပေးနေတာ ဖြစ်ပါတယ်။ သင်က သူ့ရဲ့ ပိုင်ရှင်ဆိုတာကို အားလုံးကိုသိစေလိုတာ ဖြစ်ပါတယ်။
သင့်ရဲ့ မျက်နှာကို အနံ့ခံသလို နမ်းရှုပ်နေတာ
ကြောင်တွေက သဘာဝအားဖြင့် စူးစမ်းတတ်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ လူတွေအကြောင်းကို သိလိုတယ်။ သူတို့က သင့်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အနံ့တွေအားလုံးကို စိတ်ဝင်တစား သိချင်ကြတဲ့အတွက် အနံ့ခံကြည့်တာ ဖြစ်ပါတယ်။
နားရွက်များ ထောင်နေခြင်း
တစ်စုံတစ်ခုကြောင့် သတိနဲ့ နေနေတယ်ဆိုတာကို ပြပါတယ်။ ပတ်ဝန်းကျင်က အသံကို အာရုံစိုက်နေပြီး လိုအပ်ရင် တစ်ခုခုလုပ်ဖို့ အဆင်သင့်ပြင်နေတဲ့ ပုံစံဖြစ်ပါတယ်။
ကိုယ့်ပစ္စည်းတွေအပေါ်မှာ လဲလျောင်းနေခြင်း
သင့်ကြောင်လေးက သင့်အနားမှာ နေချင်ရုံမက သင့်ရဲ့ ဂရုစိုက်မှုကိုလည်း ခံချင်တယ်ဆိုတာကို ပြပါတယ်။
ကြမ်းပြင်ပေါ်မှာ လူးလှိမ့်နေတာ
သူတို့က သင်နဲ့အတူကစားချင်တာကို ပြတာဖြစ်ပါတယ်။
သင့်ရင်ဘတ်ပေါ်မှာ အိပ်စက်နေခြင်း
သင့်ကြောင်က သင့်ရဲ့ နွေးထွေးမှုနဲ့ နှလုံးခုန်သံကို သဘောကျတာ ဖြစ်ပါတယ်။သင် သူ့အနားမှာ ရှိရင် လုံခြုံမှုကို ခံစားရတာကြောင့် သင့်ကို ဘယ်မှ မသွားနိုင်စေဖို့ သင့်ရင်ဘတ်ပေါ်မှာ တက်အိပ်နေတာ ဖြစ်ပါတယ်။
Credit:trend myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...