iMyanmarHouse.com - Best Property Website for Myanmar
×

(၁)မထိတထိ နမ်းခြင်း





(၅)ယုံကြည်မှုရှိပါစေ


Credit:Shwemom
ပို့သပေးပါတယ်။

#Unicode Version
အနမ်းနဲ့ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြပေမယ့် နမ်းနည်းမှာလည်း အခြေခံအချက်တွေရှိတယ်ဆိုတာ အများစု သတိထားမိကြမှာမဟုတ်ပါဘူး။relationshipတွေမှာ တစ်ယောက်နဲ့တစ်ယောက်နမ်းတာက ကျန်းမာရေးနဲ့ညီညွတ်ပေ မယ့် တခါတလေ ပုံစံမမှန်တဲ့ အနေအထားကြောင့် ကသိကအောက်ဖြစ်ရတဲ့အခြေအနေတွေကြုံဖူးကြမှာပါ။အခုတော့  သုတေသနပညာရှင်တွေက အနမ်းနဲ့ပတ်သက်ပြီး အခြေခံအချက်တွေကို ဘယ်လိုတွေ့ရှိထားလဲဆိုတာ ပရိသတ်ကြီးအတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။
(၁)မထိတထိ နမ်းခြင်း

နမ်းတဲ့အခါ မထိတထိနမ်းတာက ပိုပြီးခံစားမှုကိုဖြစ်စေပါတယ်။လျှာနဲ့ပွတ်သပ်နမ်းရှုံ့ခြင်းက သေလုနီးနီး ငါးတစ်ကောင်  ဖျတ်ဖျတ်လူးခံစားနေရသလို  မရိုးမရွဖြစ်ခြင်းကိုခံစားရစေပါတယ်။
(၂)သွားနှင့်ကိုက်ခြင်း

နမ်းနေစဉ်  နှုတ်ခမ်းတွေကို သွားနဲ့ကိုက်ထားမိတယ်ဆိုရင်ရုန်းဖယ်ဖို့မကြိုးစားပါနဲ့။ဒါပေမယ့်ဒီလို အခြေအနေအတွက် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုယူထားဖို့လိုပါတယ်။
(၃)အတွေ့အကြုံကိုပြန်မေးတဲ့အခါ ရှက်ရွံ့မနေခြင်း

မိန်းကလေးဘက်က ဒီလိုနမ်းတာနဲ့ပတ်သက်ပြီးဘယ်လိုခံစားရလဲလို့ မေးလာခဲ့ရင်ရှက်ရွံ့တာမျိုးမဖြစ်ဘဲ ဘယ်လိုခံစား ရတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောသင့်ပါတယ်။ဒါ့အပြင် မိန်းကလေးဘက်ကတုန့်ပြန်မှုကို လည်း သေချာဂရုတစိုက် နားထောင်သင့်ပါတယ်။သင့်အနေနဲ့ ဖြေရခက်နေတယ်ဆိုရင်တော့ ဘယ်လိုခံစားရလဲဆိုတဲ့မေးခွန်းကို တဖက်လူ ကိုပြန်မေးနိုင်အပြန်အလှန် အတွေ့အကြုံဖလှယ်နိုင်ပါတယ်။

(၄)သင့်တင့်တဲ့ စိတ်လှုပ်ရှားမှုရှိခြင်း

နမ်းတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်စိတ်လှုပ်ရှားမှုရှိသင့်ပါတယ်။နှုတ်ခမ်းတွေကို ခဏမျှစေ့ပိတ်ထားပြီး စိတ်လှုပ် ရှားစွာရှိနေခြင်းက နမ်းတဲ့အခါ အလွဲလွဲအချော်ချော်မဖြစ်စေပါဘူး။
(၅)ယုံကြည်မှုရှိပါစေ

ချစ်သူချင်း၊ဇနီးမောင်နှံချင်းဖြစ်လို့ ကိုယ့်ရဲ့ချစ်သူ၊ ဇနီးရှေ့မှာ ယုံကြည်မှုရှိသူတစ်ယောက်အနေနဲ့ရှိ သင့်ပါတယ်။နှုတ်ခမ်း၊ လည်ပင်းစသဖြင့်  နူးညံ့ညင်သာစွာနမ်းရှုံ့နိုင်ပါတယ်။တံဆိပ်ခတ်နှိပ်ရတဲ့အထိ ကြမ်းကြမ်းတမ်းတမ်းပြုမူဖို့မလိုပါဘူး။ သင့်ပါတနာက နူးနူးညံ့ညံ့ခံစားတတ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top