iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္က အခ်စ္ေတာ္ ေၾကာင္ေလး၊ ေခြးေလးေတြက မၾကာခဏ မႈိင္ေတြေနတယ္ဆုိတာ မ်ားေသာအားျဖင့္ ေနမေကာင္းလို႔ပါ။ သူတုိ႔ေလးေတြကို ခ်စ္တယ္ဆို သူတုိ႔အတြက္ လုပ္္ေပးရမယ့္အရာေတြလည္း ရွိပါတယ္။ က်န္းက်န္းမာမာ ေဆာ့ကစားၿပီး ကိုယ့္အနားမွာ လာခၽြဲေနတာေလးကို ျမင္ခ်င္တယ္ဆုိ ကိုယ့္အေနနဲ႔ ေဆာင္ရန္ေရွာင္ရန္ေတြလည္း သိထားဖုိ႔လိုပါတယ္။

၁။ ကာကြယ္ေဆး

သူတုိ႔ကလည္း ကေလးေတြလိုပါပဲ။ ကာကြယ္ေဆး ထုိးေပးရပါတယ္။ ဒါမွ က်န္းက်န္းမာမာ ရွိေနမွာပါ။ လိုအပ္လာရင္ အားေဆးလည္း တိုက္ေကၽြးေပးရပါမယ္။ ၿပီးေတာ့ သန္ခ်ေပးဖုိ႔လည္း မေမ့ပါနဲ႔။ ဗိုက္ထဲမွာ သန္ေတြရွိေနရင္ အစားမစားႏိုင္ေတာ့ပါဘူး။

၂။ သန္႔ရွင္းေရး

အေမြးေတြက လံုးေထြးေနၿပီလား၊ ေျခသည္္းလက္သည္းေတြကေရာ ညစ္ပတ္ေနၿပီလားဆုိတာ မၾကာခဏ စစ္ေဆးေပးေနပါ။ ေရခ်ိဳးေပးဖုိ႔ လိုအပ္လာခ်ိန္မွာ ခ်ိဳးေပးလိုက္ပါ။ အေမြးေလးေတြ သန္႔ရွင္းေနေအာင္လည္း ညႇပ္သင့္ရင္ညႇပ္၊ ၿဖီးသင္ေပးတာမ်ိဳး လုပ္ေပးရပါမယ္။ သန္းေတြ မႊားေကာင္ေတြ မကပ္ၿငိေစဖုိ႔ သန္႔ရွင္းေအာင္ထားေပးပါ။

၃။ အစာ

ခြက္ထဲကို အစာအျပည့္ထည့္ထားၿပီး စားခ်င္တဲ့အခ်ိန္ ႀကိဳက္သေလာက္စားဆုိၿပီး မထည့္ထားပါနဲ႔။ တကယ္တမ္းက်ေတာ့ ေစတနာက ေဝဒနာျဖစ္သြားရႏိုင္ပါတယ္။ သူတုိ႔က မဆာဘဲနဲ႔လည္း စားေနမိေတာ့ အစာမေၾကျဖစ္ႏိုင္တယ္ေလ။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အိမ်က အချစ်တော် ကြောင်လေး၊ ခွေးလေးတွေက မကြာခဏ မှိုင်တွေနေတယ်ဆိုတာ များသောအားဖြင့် နေမကောင်းလို့ပါ။ သူတို့လေးတွေကို ချစ်တယ်ဆို သူတို့အတွက် လုပ်ပေးရမယ့်အရာတွေလည်း ရှိပါတယ်။ ကျန်းကျန်းမာမာ ဆော့ကစားပြီး ကိုယ့်အနားမှာ လာချွဲနေတာလေးကို မြင်ချင်တယ်ဆို ကိုယ့်အနေနဲ့ ဆောင်ရန်ရှောင်ရန်တွေလည်း သိထားဖို့လိုပါတယ်။

၁။ ကာကွယ်ဆေး

သူတို့ကလည်း ကလေးတွေလိုပါပဲ။ ကာကွယ်ဆေး ထိုးပေးရပါတယ်။ ဒါမှ ကျန်းကျန်းမာမာ ရှိနေမှာပါ။ လိုအပ်လာရင် အားဆေးလည်း တိုက်ကျွေးပေးရပါမယ်။ ပြီးတော့ သန်ချပေးဖို့လည်း မမေ့ပါနဲ့။ ဗိုက်ထဲမှာ သန်တွေရှိနေရင် အစားမစားနိုင်တော့ပါဘူး။

၂။ သန့်ရှင်းရေး

အမွေးတွေက လုံးထွေးနေပြီလား၊ ခြေသည်းလက်သည်းတွေကရော ညစ်ပတ်နေပြီလားဆိုတာ မကြာခဏ စစ်ဆေးပေးနေပါ။ ရေချိုးပေးဖို့ လိုအပ်လာချိန်မှာ ချိုးပေးလိုက်ပါ။ အမွေးလေးတွေ သန့်ရှင်းနေအောင်လည်း ညှပ်သင့်ရင်ညှပ်၊ ဖြီးသင်ပေးတာမျိုး လုပ်ပေးရပါမယ်။ သန်းတွေ မွှားကောင်တွေ မကပ်ငြိစေဖို့ သန့်ရှင်းအောင်ထားပေးပါ။

၃။ အစာ

ခွက်ထဲကို အစာအပြည့်ထည့်ထားပြီး စားချင်တဲ့အချိန် ကြိုက်သလောက်စားဆိုပြီး မထည့်ထားပါနဲ့။ တကယ်တမ်းကျတော့ စေတနာက ဝေဒနာဖြစ်သွားရနိုင်ပါတယ်။ သူတို့က မဆာဘဲနဲ့လည်း စားနေမိတော့ အစာမကြေဖြစ်နိုင်တယ်လေ။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top