iMyanmarHouse.com - Best Property Website for Myanmar
×

ခႏၶာကိုယ္ေပၚက ေပါက္ခ်င္ရာေပါက္ေနတဲ့ အေမႊးအမွ်င္ေတြ ဆြဲႏုတ္ပစ္ခ်င္တာ သဘာဝပါပဲ။ ဒါေပမယ့္ ဖူးေရာင္မႈအျပင္ အမာရြတ္ထင္က်န္မႈေတြပါ ျဖစ္ေစႏုိင္တာမုိ႔ ခႏၶာကိုယ္ကေန ဆြဲႏႈတ္သင့္၊ မသင့္ေသခ်ာစဥ္းစားဖုိ႔ လိုအပ္ပါတယ္။ ခႏၶာကိုယ္ရိွ ေနရာတခ်ဳိ႕က အေမႊးအမွ်င္ေတြ မဆြဲႏုတ္သင့္ဘူးလုိ႔ အေရျပားအထူးကုဆရာဝန္ ေဒါက္တာ Chandan Jaiswal ရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။

၁။ ႏုိ႔သီး

ႏုိ႔သီးက အေမြးအတုိအျပတ္ေတြ ဆြဲႏုတ္ဖုိ႔ ၾကိဳးစားရာက အေရျပားထိခုိက္ဒဏ္ရာေတြ ျဖစ္ေစႏုိင္ပါတယ္။ အေမြးႏုတ္ျခင္းက ေရာဂါကူးစက္မႈလည္းျဖစ္ေစႏုိင္ပါတယ္။ ႏုိ႔သီးက အေမြးေတြ မျဖစ္မေနဆြဲႏုတ္မယ္ဆုိပါက အနည္းဆုံး ၂မီလီမီတာရွည္ဖို႔ လိုအပ္ပါတယ္။ တကယ္ေတာ့ အေမြးအမွ်င္ေတြကို တိ/ရိတ္တာ ပိုေကာင္းပါတယ္။

၂။ မ်က္ခုံး

မ်က္ခုံးက အရမ္း sensitive ျဖစ္တဲ့ေနရာတစ္ခုျဖစ္ျပီး ထပ္ခါထပ္ခါဆြဲႏုတ္တာက ေမြးညွင္းေပါက္ပ်က္စီးမႈ ျဖစ္ပြားေစႏုိင္ပါတယ္။ အလွျပင္ဆုိင္မွာ မ်က္ခုံးေမြးပုံေဖာ္မယ္ဆုိရင္ အဆင္ေျပေသးတယ္။  ဒါေပမယ့္ မိမိဘာသာဆြဲႏုတ္ဖုိ႔ မၾကိဳးစားပါနဲ႔။

၃။ မွဲ႔

မွဲ႔ၾကားကေန အေမႊးထြက္တာ အျဖစ္မ်ားေပမယ့္ အေမႊးဆြဲႏႈတ္တာက ဖူးေရာင္မႈျဖစ္ေစရုံမက ေရာဂါကူးစက္မႈပါ ျဖစ္ေစႏိုင္ပါတယ္။ မွဲ႔ေပၚက အေမႊးေတြ ဆြဲမႏႈတ္တာ အေကာင္းဆုံးပါပဲ။

၄။ ငုပ္ေနတဲ့အေမြး

ငုပ္ေနတဲ့အေမႊးအမွ်င္ေတြဆြဲႏုတ္တာက အမာရြတ္ထင္က်န္ျပီး ေရာဂါကူးစက္မႈအႏၱရာယ္လည္း တုိးျမင့္ေစပါတယ္။ ဒီအေမႊးငုပ္ေတြေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ပါက သင္လုပ္ႏုိင္တာက အေရျပားအထူးကုဆရာဆီသြားျပဖုိ႔ပါပဲ။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ခန္ဓာကိုယ်ပေါ်က ပေါက်ချင်ရာပေါက်နေတဲ့ အမွှေးအမျှင်တွေ ဆွဲနုတ်ပစ်ချင်တာ သဘာဝပါပဲ။ ဒါပေမယ့် ဖူးရောင်မှုအပြင် အမာရွတ်ထင်ကျန်မှုတွေပါ ဖြစ်စေနိုင်တာမို့ ခန္ဓာကိုယ်ကနေ ဆွဲနှုတ်သင့်၊ မသင့်သေချာစဉ်းစားဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ရှိ နေရာတချို့က အမွှေးအမျှင်တွေ မဆွဲနုတ်သင့်ဘူးလို့ အရေပြားအထူးကုဆရာဝန် ဒေါက်တာ Chandan Jaiswal ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

၁။ နို့သီး

နို့သီးက အမွေးအတိုအပြတ်တွေ ဆွဲနုတ်ဖို့ ကြိုးစားရာက အရေပြားထိခိုက်ဒဏ်ရာတွေ ဖြစ်စေနိုင်ပါတယ်။ အမွေးနုတ်ခြင်းက ရောဂါကူးစက်မှုလည်းဖြစ်စေနိုင်ပါတယ်။ နို့သီးက အမွေးတွေ မဖြစ်မနေဆွဲနုတ်မယ်ဆိုပါက အနည်းဆုံး ၂မီလီမီတာရှည်ဖို့ လိုအပ်ပါတယ်။ တကယ်တော့ အမွေးအမျှင်တွေကို တိ/ရိတ်တာ ပိုကောင်းပါတယ်။

၂။ မျက်ခုံး

မျက်ခုံးက အရမ်း sensitive ဖြစ်တဲ့နေရာတစ်ခုဖြစ်ပြီး ထပ်ခါထပ်ခါဆွဲနုတ်တာက မွေးညှင်းပေါက်ပျက်စီးမှု ဖြစ်ပွားစေနိုင်ပါတယ်။ အလှပြင်ဆိုင်မှာ မျက်ခုံးမွေးပုံဖော်မယ်ဆိုရင် အဆင်ပြေသေးတယ်။  ဒါပေမယ့် မိမိဘာသာဆွဲနုတ်ဖို့ မကြိုးစားပါနဲ့။

၃။ မှဲ့

မှဲ့ကြားကနေ အမွှေးထွက်တာ အဖြစ်များပေမယ့် အမွှေးဆွဲနှုတ်တာက ဖူးရောင်မှုဖြစ်စေရုံမက ရောဂါကူးစက်မှုပါ ဖြစ်စေနိုင်ပါတယ်။ မှဲ့ပေါ်က အမွှေးတွေ ဆွဲမနှုတ်တာ အကောင်းဆုံးပါပဲ။

၄။ ငုပ်နေတဲ့အမွေး

ငုပ်နေတဲ့အမွှေးအမျှင်တွေဆွဲနုတ်တာက အမာရွတ်ထင်ကျန်ပြီး ရောဂါကူးစက်မှုအန္တရာယ်လည်း တိုးမြင့်စေပါတယ်။ ဒီအမွှေးငုပ်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပါက သင်လုပ်နိုင်တာက အရေပြားအထူးကုဆရာဆီသွားပြဖို့ပါပဲ။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top