iMyanmarHouse.com - Best Property Website for Myanmar
×

ပေဟဠိဆန္တဲ့ အမ်ဳိးသမီးေတြကို နားလည္သေဘာေပါက္ဖုိ႔ အရမ္းခက္ခဲေပမယ့္ အမ်ဳိးသားေတြအေၾကာင္း သိနားလည္ ဖုိ႔ေတာ့ သိပ္အားထုတ္စရာ မလုိပါဘူး။

ဒါေပမယ့္ ခုခ်ိန္ထိ အမ်ဳိးသားေတြဟာ တခ်ဳိ႕ေနရာေတြမွာ အထင္လြဲခံေနရတုန္းလို႕ က်ြန္ေတာ္ထင္ျမင္မိပါတယ္။ ဥပမာ အမ်ဳိးသားေတြဟာ ရုပ္ရည္ရူပကာအလွအပေနာက္ပဲ တေကာက္ေကာက္လုိက္ၾကတယ္လုိ႔ အမ်ဳိးသမီးေတြ ထင္တ တ္ ၾကပါတယ္။ ဒါ မွားပါတယ္။ အမ်ဳိးသားေတြ ရုိးရုိးသာမန္အမ်ဳိးသမီးေတြကို ပိုတန္ဖုိးထားတာပါ။

ခုနေျပာသြားသလိုပဲ အမ်ဳိးသားေတြ တလြဲထင္ျမင္ယူဆခံရေနတဲ့ အခ်က္မ်ားစြာ ရိွပါေသးတယ္။ အဲ့ဒါေတြကေတာ့

၁။ အမ်ဳိးသမီးတစ္ေယာက္ စိတ္ဝင္စားမႈ ျပတဲ့အခါ အမ်ဳိးသားေတြ အျမဲတမ္းတုံ႔ျပန္မႈျပဳၾကပါတယ္။ အမ်ဳိးသားေတြရဲ႕ အခ်က္ေပးမႈ လ်စ္လ်ဴရွဴႏိုင္ေပမယ့္ အမ်ဳိးသမီးဘက္မွ စိတ္ဝင္စားမႈျပလာတဲ့အခါမွာ သူမရဲ႕ ခ်ဥ္းကပ္မႈကို ဘယ္ေယာ က်္ားမွ လ်စ္လ်ဴရွဴမွာ မဟုတ္ပါဘူး။

၂။ အမ်ဳိးသားေတြ အမ်ဳိးသမီး (၂)မ်ဳိးကုိ စိတ္ဝင္စားၾကတယ္။ ၾကိဳက္ၾကိဳ၊ မၾကိဳက္ၾကိဳက္ အမ်ဳိးသမီးအားလုံးကို ႏွစ္မ်ဳိးႏွစ္စား ခြဲျခားသတ္မွတ္ၾကပါတယ္။ ဆြဲေဆာင္မႈရိွတဲ့အမ်ဳိးသမီးနဲ႔ ရုိးရုိးသာမန္အမ်ဳိးသမီးဆုိျပီးေတာ့ေပါ့။

၃။ ေနာက္ဆုံးေတာ့ အမ်ဳိးသားေတြ ဒုတိယအမ်ဳိးအစားနဲ႔ပဲ အသားက်သြားၾကပါတယ္။ အမ်ဳိးသားေတြဟာ စြဲမက္စရာေ ကာင္းတဲ့ အမ်ဳိးသမီးမ်ားေနာက္ ေကာက္ေကာက္ပါေအာင္ လုိက္ၾကေပမယ့္ ေနာက္ဆုံးေတာ့ ဂရုစိုက္၊ ခ်စ္ခင္ျပီး အိမ္ မႈကိစၥေဆာင္ရြက္ႏုိင္တဲ့ အမ်ဳိးသမီးေတြပဲ ေရြးခ်ယ္သြားၾကပါတယ္။

၄။ အမ်ဳိးသားဘဝ ရုပ္ပုိင္းဆုိင္ရာသာယာမႈေတြ မက္ေမာၾကေပမယ့္ ဘဝလက္တြဲေဖာ္ေရြးခ်ယ္တဲ့အခါ ဒါကို အဆုံး အျဖ တ္ေပမယ့္အခ်က္အျဖစ္ ေတာ္ရုံမစဥ္းစားၾကပါဘူး။

၅။ အမ်ဳိးသားေတြ ကတိေပးျပီးတဲ့အရာကို တန္ဖုိးထားၾကပါတယ္။ အခ်ိန္တန္ရင္ အမ်ဳိးသားေတြဟာ ကိုယ့္ကိုယ္ကုိယ္ ထိန္းသြားၾကပါတယ္။ ဟုတ္ပါတယ္။ အမ်ဳိးသားေတြမွာ သစၥာရိွေစတဲ့ ေဟာ္မုန္းနဲ႔ ဇီဝကမၼအေျခအေနတခ်ဳိ႕ရိွပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Ref: Boldsky

Credit: Trend

#Unicode Version
ပဟေဠိဆန်တဲ့ အမျိုးသမီးတွေကို နားလည်သဘောပေါက်ဖို့ အရမ်းခက်ခဲပေမယ့် အမျိုးသားတွေအကြောင်း သိနားလည် ဖို့တော့ သိပ်အားထုတ်စရာ မလိုပါဘူး။

ဒါပေမယ့် ခုချိန်ထိ အမျိုးသားတွေဟာ တချို့နေရာတွေမှာ အထင်လွဲခံနေရတုန်းလို့ ကျွန်တော်ထင်မြင်မိပါတယ်။ ဥပမာ အမျိုးသားတွေဟာ ရုပ်ရည်ရူပကာအလှအပနောက်ပဲ တကောက်ကောက်လိုက်ကြတယ်လို့ အမျိုးသမီးတွေ ထင်တ တ် ကြပါတယ်။ ဒါ မှားပါတယ်။ အမျိုးသားတွေ ရိုးရိုးသာမန်အမျိုးသမီးတွေကို ပိုတန်ဖိုးထားတာပါ။

ခုနပြောသွားသလိုပဲ အမျိုးသားတွေ တလွဲထင်မြင်ယူဆခံရနေတဲ့ အချက်များစွာ ရှိပါသေးတယ်။ အဲ့ဒါတွေကတော့

၁။ အမျိုးသမီးတစ်ယောက် စိတ်ဝင်စားမှု ပြတဲ့အခါ အမျိုးသားတွေ အမြဲတမ်းတုံ့ပြန်မှုပြုကြပါတယ်။ အမျိုးသားတွေရဲ့ အချက်ပေးမှု လျစ်လျူရှူနိုင်ပေမယ့် အမျိုးသမီးဘက်မှ စိတ်ဝင်စားမှုပြလာတဲ့အခါမှာ သူမရဲ့ ချဉ်းကပ်မှုကို ဘယ်ယော ကျ်ားမှ လျစ်လျူရှူမှာ မဟုတ်ပါဘူး။

၂။ အမျိုးသားတွေ အမျိုးသမီး (၂)မျိုးကို စိတ်ဝင်စားကြတယ်။ ကြိုက်ကြို၊ မကြိုက်ကြိုက် အမျိုးသမီးအားလုံးကို နှစ်မျိုးနှစ်စား ခွဲခြားသတ်မှတ်ကြပါတယ်။ ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးနဲ့ ရိုးရိုးသာမန်အမျိုးသမီးဆိုပြီးတော့ပေါ့။

၃။ နောက်ဆုံးတော့ အမျိုးသားတွေ ဒုတိယအမျိုးအစားနဲ့ပဲ အသားကျသွားကြပါတယ်။ အမျိုးသားတွေဟာ စွဲမက်စရာေ ကာင်းတဲ့ အမျိုးသမီးများနောက် ကောက်ကောက်ပါအောင် လိုက်ကြပေမယ့် နောက်ဆုံးတော့ ဂရုစိုက်၊ ချစ်ခင်ပြီး အိမ် မှုကိစ္စဆောင်ရွက်နိုင်တဲ့ အမျိုးသမီးတွေပဲ ရွေးချယ်သွားကြပါတယ်။

၄။ အမျိုးသားဘဝ ရုပ်ပိုင်းဆိုင်ရာသာယာမှုတွေ မက်မောကြပေမယ့် ဘဝလက်တွဲဖော်ရွေးချယ်တဲ့အခါ ဒါကို အဆုံး အဖြ တ်ပေမယ့်အချက်အဖြစ် တော်ရုံမစဉ်းစားကြပါဘူး။

၅။ အမျိုးသားတွေ ကတိပေးပြီးတဲ့အရာကို တန်ဖိုးထားကြပါတယ်။ အချိန်တန်ရင် အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းသွားကြပါတယ်။ ဟုတ်ပါတယ်။ အမျိုးသားတွေမှာ သစ္စာရှိစေတဲ့ ဟော်မုန်းနဲ့ ဇီဝကမ္မအခြေအနေတချို့ရှိပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Ref: Boldsky


Credit: Trend
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top