iMyanmarHouse.com - Best Property Website for Myanmar
×

အရင္တုန္းက ခ်စ္ေရးခ်စ္ရာနဲ႔ ပတ္သက္ၿပီး၊ ႏွစ္ဦးၾကားဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး ဘယ္လိုေလးေတြ လုပ္သင့္တယ္၊ မလုပ္သင့္ဘူးစသျဖင့္ ခ်မွတ္ေပးထားတဲ့ စည္းမ်ဥ္းတစ္ခ်ိဳ႕ဟာ ခုေခတ္မွာ လိုက္နာဖုိ႔ မလိုအပ္ေတာ့ပါဘူး။ အဲ့ဒီစည္းမ်ဥ္းေတြကေတာ့

၁။သူ႕ဘက္က စလႈပ္ရွားတာကို ကိုယ္ကစိတ္ရွည္ရွည္ေစာင့္ပါ ဆိုတဲ့ စည္းမ်ဥ္းေဟာင္းကို လိုက္နာဖုိ႔ မလိုအပ္ေတာ့ပါဘူး။

မိန္းကေလးမို႔လို႔ ေယာက်ၤားေလးဘက္က စလႈပ္ရွားတာကို ေစာင့္ရမယ္ဆုိတာထက္ ဒီလိုမ်ိဳး ထုိင္ေစာင့္မေနဘဲ ကိုယ့္သိကၡာလည္းမက်ေအာင္၊ ကိုယ္စိတ္၀င္စားေနတယ္ဆိုတာလည္း သိေအာင္ ဆက္သြယ္လုိ႔ရတဲ့အရာေတြ အမ်ားႀကီး ရွိလာပါၿပီ။ ေယာက်ၤားေလးေတြအေနနဲ႔ကလည္း ေကာင္မေလးငါ့ကို စိတ္၀င္စားပါ့မလားဆိုတာကို ေတြေ၀မေနဘဲ message ေလးတစ္ေစာင္ေလာက္ ပို႔ၾကည့္လုိက္တာပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ မိန္းကေလးအေနနဲ႔ဆုိရင္လည္း ေကာင္ေလးနဲ႔ နွစ္ေယာက္တည္းမဟုတ္ေတာင္ သူငယ္ခ်င္းေတြနဲ႔ပါ အတူ အျပင္သြားရင္း တစ္ဦးနဲ႔တစ္ဦးေလ့လာတာမ်ိဳးေတြ လုပ္ႏိုင္ပါတယ္။

၂။စိတ္ဆိုးၿပီး အိပ္ရာမ၀င္မိပါေစနဲ႔ဆိုတဲ့ စည္းမ်ဥ္းကလည္း တကယ္ေတာ့ အသံုးမ၀င္လွပါဘူး။

တစ္ခါတစ္ေလ ကိုယ့္ခ်စ္သူနဲ႔ ရန္ျဖစ္ၿပီး ေဒါသေတြနဲ႔ အိပ္ယာ၀င္တာမ်ိဳးဟာ သင္တို႔ႏွစ္ဦးစလုံးအတြက္ အမုန္းေတြ၊ ေဒါသေတြကို ပိုမိုဆြဲဆန္႔ထားသလိုမ်ိဳး တစ္ညလံုး တစ္ႏံု႔ႏံု႕ျဖစ္ေစတတ္တယ္လို႔ ဆိုၾကပါတယ္။ ဒါဆို အဲ့ဒီလိုျဖစ္ရင္ အိပ္ယာမ၀င္ပဲ တစ္ညလံုး ထိုင္ေနရမွာလား။ ဒါမွားပါတယ္။ အိပ္ခါနီးအဲ့ဒီလို ျဖစ္သြားရင္ အတတ္ႏိုင္ဆံုး အဲ့ဒီကိစၥကိုေမ့ၿပီး အိပ္ယာ၀င္ပါ။ ေဒါသကိုေလွ်ာ့ၿပီး အိပ္ယာ၀င္ဖုိ႔ ႀကိဳးစားပါ။ မနက္ေရာက္တဲ့အခါ ႏွစ္ဦးသား ျပန္လည္ေဆြးေႏြးဖုိ႔သာ အေရးႀကီးတာပါ။

၃။ပိုက္ဆံအေၾကာင္း မေျပာၾကနဲ႔၊ ဒါဟာ ရိုမန္တစ္မျဖစ္ဘူးဆိုတာကလည္း ခုေခတ္အေျခအေနနဲ႔ လြဲေနပါတယ္။

ခုေခတ္ခ်စ္သူစံုတြဲေတြဟာ ကိုယ့္၀င္ေငြ ဘယ္ေလာက္ရွိတယ္၊ သူ႕၀င္ေငြဘယ္ေလာက္မုိ႔ ဘယ္လိုသံုးစြဲရမယ္၊ ေျခြတာရမယ္၊ ပိုက္ဆံဘယ္ေလာက္စုရမယ္ စသျဖင့္ ေျပာဆုိေဆြးေႏြးလာၾကပါၿပီ။ ဒါဟာ ေကာင္းပါတယ္။ အရင္လို တစ္ေယာက္ကိုတစ္ေယာက္ မေျပာပဲ ျမိဳသိပ္ထားရမယ့္ ကိစၥမဟုတ္ေတာ့ပါဘူး။ ဒါဟာ ရိုမန္တစ္မဆန္ဘူးလို႔ ေျပာရမယ့္ အေျခအေန၊ အခ်ိန္အခါလည္း မဟုတ္ေတာ့ဘူးဆိုတာ နားလည္ပါ။

၄။တစ္ေယာက္ကိုတစ္ေယာက္ ေျပာႏိုင္ဆိုႏိုင္ ျဖစ္ေနရမယ္ဆုိတာမ်ိဳးကေတာ့ ခုေခတ္မွာ ပိုလြဲသြားပါၿပီ။

ခ်စ္သူႏွစ္ဦး တစ္ေယာက္ကို အျခားတစ္ေယာက္က နည္းနည္းေလး အႏိုင္ယူထားမွ ေနာက္ပိုင္းပိုအဆင္ေျပမယ္ဆုိတာမ်ိဳး၊ ဒါမွမဟုတ္လည္း တစ္ဖက္က လူေတြရဲ႕ မိဘအသိုင္းအ၀ိုင္း၊ သူငယ္ခ်င္းေတြက တစ္ဖက္လူကို နည္းနည္းေလး ႏိုင္ထားမွဆိုတာမ်ိဳးေတြဟာ ခုေခတ္မွာ ဘယ္လိုမွ အဆင္ေခ်ာတဲ့ အယူအဆေတြ မဟုတ္ေတာ့ပါဘူး။ ျဖစ္ရမွာက တစ္ဦးနဲ႔တစ္ဦး ပြင့္ပြင့္လင္းလင္းရွိၿပီး လုိခ်င္တဲ့အနာဂတ္ပံုစံကို ႏွစ္ဦးသေဘာတူ ထုဆစ္ပံုေဖာ္ႏိုင္ဖုိ႔ပါပဲ။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အရင်တုန်းက ချစ်ရေးချစ်ရာနဲ့ ပတ်သက်ပြီး၊ နှစ်ဦးကြားဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဘယ်လိုလေးတွေ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးစသဖြင့် ချမှတ်ပေးထားတဲ့ စည်းမျဉ်းတစ်ချို့ဟာ ခုခေတ်မှာ လိုက်နာဖို့ မလိုအပ်တော့ပါဘူး။ အဲ့ဒီစည်းမျဉ်းတွေကတော့

၁။သူ့ဘက်က စလှုပ်ရှားတာကို ကိုယ်ကစိတ်ရှည်ရှည်စောင့်ပါ ဆိုတဲ့ စည်းမျဉ်းဟောင်းကို လိုက်နာဖို့ မလိုအပ်တော့ပါဘူး။

မိန်းကလေးမို့လို့ ယောကျၤားလေးဘက်က စလှုပ်ရှားတာကို စောင့်ရမယ်ဆိုတာထက် ဒီလိုမျိုး ထိုင်စောင့်မနေဘဲ ကိုယ့်သိက္ခာလည်းမကျအောင်၊ ကိုယ်စိတ်ဝင်စားနေတယ်ဆိုတာလည်း သိအောင် ဆက်သွယ်လို့ရတဲ့အရာတွေ အများကြီး ရှိလာပါပြီ။ ယောကျၤားလေးတွေအနေနဲ့ကလည်း ကောင်မလေးငါ့ကို စိတ်ဝင်စားပါ့မလားဆိုတာကို တွေဝေမနေဘဲ message လေးတစ်စောင်လောက် ပို့ကြည့်လိုက်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မိန်းကလေးအနေနဲ့ဆိုရင်လည်း ကောင်လေးနဲ့ နှစ်ယောက်တည်းမဟုတ်တောင် သူငယ်ချင်းတွေနဲ့ပါ အတူ အပြင်သွားရင်း တစ်ဦးနဲ့တစ်ဦးလေ့လာတာမျိုးတွေ လုပ်နိုင်ပါတယ်။

၂။စိတ်ဆိုးပြီး အိပ်ရာမဝင်မိပါစေနဲ့ဆိုတဲ့ စည်းမျဉ်းကလည်း တကယ်တော့ အသုံးမဝင်လှပါဘူး။

တစ်ခါတစ်လေ ကိုယ့်ချစ်သူနဲ့ ရန်ဖြစ်ပြီး ဒေါသတွေနဲ့ အိပ်ယာဝင်တာမျိုးဟာ သင်တို့နှစ်ဦးစလုံးအတွက် အမုန်းတွေ၊ ဒေါသတွေကို ပိုမိုဆွဲဆန့်ထားသလိုမျိုး တစ်ညလုံး တစ်နုံ့နုံ့ဖြစ်စေတတ်တယ်လို့ ဆိုကြပါတယ်။ ဒါဆို အဲ့ဒီလိုဖြစ်ရင် အိပ်ယာမဝင်ပဲ တစ်ညလုံး ထိုင်နေရမှာလား။ ဒါမှားပါတယ်။ အိပ်ခါနီးအဲ့ဒီလို ဖြစ်သွားရင် အတတ်နိုင်ဆုံး အဲ့ဒီကိစ္စကိုမေ့ပြီး အိပ်ယာဝင်ပါ။ ဒေါသကိုလျှော့ပြီး အိပ်ယာဝင်ဖို့ ကြိုးစားပါ။ မနက်ရောက်တဲ့အခါ နှစ်ဦးသား ပြန်လည်ဆွေးနွေးဖို့သာ အရေးကြီးတာပါ။

၃။ပိုက်ဆံအကြောင်း မပြောကြနဲ့၊ ဒါဟာ ရိုမန်တစ်မဖြစ်ဘူးဆိုတာကလည်း ခုခေတ်အခြေအနေနဲ့ လွဲနေပါတယ်။

ခုခေတ်ချစ်သူစုံတွဲတွေဟာ ကိုယ့်ဝင်ငွေ ဘယ်လောက်ရှိတယ်၊ သူ့ဝင်ငွေဘယ်လောက်မို့ ဘယ်လိုသုံးစွဲရမယ်၊ ခြွေတာရမယ်၊ ပိုက်ဆံဘယ်လောက်စုရမယ် စသဖြင့် ပြောဆိုဆွေးနွေးလာကြပါပြီ။ ဒါဟာ ကောင်းပါတယ်။ အရင်လို တစ်ယောက်ကိုတစ်ယောက် မပြောပဲ မြိုသိပ်ထားရမယ့် ကိစ္စမဟုတ်တော့ပါဘူး။ ဒါဟာ ရိုမန်တစ်မဆန်ဘူးလို့ ပြောရမယ့် အခြေအနေ၊ အချိန်အခါလည်း မဟုတ်တော့ဘူးဆိုတာ နားလည်ပါ။

၄။တစ်ယောက်ကိုတစ်ယောက် ပြောနိုင်ဆိုနိုင် ဖြစ်နေရမယ်ဆိုတာမျိုးကတော့ ခုခေတ်မှာ ပိုလွဲသွားပါပြီ။

ချစ်သူနှစ်ဦး တစ်ယောက်ကို အခြားတစ်ယောက်က နည်းနည်းလေး အနိုင်ယူထားမှ နောက်ပိုင်းပိုအဆင်ပြေမယ်ဆိုတာမျိုး၊ ဒါမှမဟုတ်လည်း တစ်ဖက်က လူတွေရဲ့ မိဘအသိုင်းအဝိုင်း၊ သူငယ်ချင်းတွေက တစ်ဖက်လူကို နည်းနည်းလေး နိုင်ထားမှဆိုတာမျိုးတွေဟာ ခုခေတ်မှာ ဘယ်လိုမှ အဆင်ချောတဲ့ အယူအဆတွေ မဟုတ်တော့ပါဘူး။ ဖြစ်ရမှာက တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့်လင်းလင်းရှိပြီး လိုချင်တဲ့အနာဂတ်ပုံစံကို နှစ်ဦးသဘောတူ ထုဆစ်ပုံဖော်နိုင်ဖို့ပါပဲ။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top