iMyanmarHouse.com - Best Property Website for Myanmar
×

ေမးတဲ့သူ အသက္ မသိ။ ရာသီ မသိ။ အိမ္ေထာင္ေရး မသိ။ ဒါက နမူနာေမးခြန္း။ ေန႔တိုင္း အဲလိုေမးတာေတြလာတယ္။ ကိုယ္ဝန္တားေဆး Ecee 2 ျမန္မာျပည္ကေဆးေစ်းကြက္မွာ အလြန္ေဟာ့ပုံရပါတယ္။ အေရးေပၚကိုယ္ဝန္တားေဆး ျဖစ္ပါတယ္။ အေရးေပၚဆိုတာ သြားရည္စာလို မဟုတ္ပါ။

အေရးေပၚကို ပဲေလွာ္လိုသေဘားထားသူလို႔ ေငါ့မိပါေသးတယ္။ အျပစ္ခ်ည္းသာေျပာေနတာမဟုတ္ပါ။ စနစ္တက် သုံးႏိုင္တဲ့ ကိုယ္ဝန္တားနည္းေတြ အမ်ားႀကီးေရးတင္ထားပါတယ္။ စည္းကမ္းေတာ့ထားတယ္။ စည္းကမ္းမရွိ အတူေနမိရာကေန ကိုယ္ဝန္ရွိလာတာမ်ိဳးကိုေတာ့ နည္းမေပးပါ။ ေဆးပညာစာေတြ စုံေအာင္ေရးပါတယ္။ အဲလိုေဆး ေသာက္ၿပီး တခုခုျဖစ္လာလို႔ ေမးရင္လဲေျဖပါတယ္။

အေမရိကားမွာ Plan B, Morning after Pills နာမည္ေတြနဲ႔ရွိတယ္။ အေရးေပၚတားေဆးကို သူမ်ားတိုင္းျပည္ေတြမွာ ျမန္မာျပည္ေလာက္ လက္လြတ္စပယ္ မသုံးၾကပါ။ ခဏခဏေသာက္ရင္ ဘာျဖစ္မလဲ။ တခါေသာက္တခါ ေဟာ္မုန္းေတြ ေျပာင္းမယ္။ ရာသီေျပာင္းမယ္။ ေဘးထြက္သက္ေရာက္မႈေတြရွိမယ္။ ေရရွည္မွာ ဘာျဖစ္ႏိုင္သလဲ တိတိက်က် မေျပာႏိုင္ပါ။ ေဆးသုေတသနကို တိုးတက္တဲ့တိုင္းျပည္ေတြက အမ်ားဆုံး လုပ္ၾကတယ္။ အီးဇီး-တူးသုေတသနကို ျမန္မာျပည္မွာလုပ္ရင္ေကာင္းမယ္။

ကြၽန္ေတာ္က အခ်ိန္မရလို႔သာ။ ေမးခြန္းေတြကို ဆန္းစစ္မႈလုပ္ရင္ေတာင္ သုေတသနအေသးစားတခုရႏိုင္တယ္။ အဲလိုေဆးေသာက္ၿပီး ဘာျဖစ္တယ္ေျပာၾကတာေတြရွိတယ္။ အိမ္ေထာက္ရက္သားက်ၿပီးမွ စိုးရိမ္သူေတြရွိတယ္။ အတူေနသူနဲ႔ မဟုတ္ပဲ အိမ္ေထာင္က်ေတာ့ ျပႆနာျဖစ္လို႔ ေမးတာေတြရွိတယ္။ တခ်ိဳ႕မွာ ကိုယ္ဝန္ေတာ့မရ၊ လိင္ကတဆင့္ကူးစက္ေရာဂါေတြ ရၾကတယ္။ တခ်ိဳ႕ ေဆးအတုနဲ႔မိတယ္။ တခ်ိဳ႕ ေဆးေသာက္နည္းမမွန္။ သုေတသနမဟုတ္ရင္ ေမးတဲ့သူေတြကို ေျခာက္ေျပာလို႔မသင့္။ အာမခံလို႔လည္းမရပါ။ ေဆာရီး။
Credit: ေဒါက္တာတင့္ေဆြ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မေးတဲ့သူ အသက် မသိ။ ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ ဒါက နမူနာမေးခွန်း။ နေ့တိုင်း အဲလိုမေးတာတွေလာတယ်။ ကိုယ်ဝန်တားဆေး Ecee 2 မြန်မာပြည်ကဆေးဈေးကွက်မှာ အလွန်ဟော့ပုံရပါတယ်။ အရေးပေါ်ကိုယ်ဝန်တားဆေး ဖြစ်ပါတယ်။ အရေးပေါ်ဆိုတာ သွားရည်စာလို မဟုတ်ပါ။

အရေးပေါ်ကို ပဲလှော်လိုသဘေားထားသူလို့ ငေါ့မိပါသေးတယ်။ အပြစ်ချည်းသာပြောနေတာမဟုတ်ပါ။ စနစ်တကျ သုံးနိုင်တဲ့ ကိုယ်ဝန်တားနည်းတွေ အများကြီးရေးတင်ထားပါတယ်။ စည်းကမ်းတော့ထားတယ်။ စည်းကမ်းမရှိ အတူနေမိရာကနေ ကိုယ်ဝန်ရှိလာတာမျိုးကိုတော့ နည်းမပေးပါ။ ဆေးပညာစာတွေ စုံအောင်ရေးပါတယ်။ အဲလိုဆေး သောက်ပြီး တခုခုဖြစ်လာလို့ မေးရင်လဲဖြေပါတယ်။

အမေရိကားမှာ Plan B, Morning after Pills နာမည်တွေနဲ့ရှိတယ်။ အရေးပေါ်တားဆေးကို သူများတိုင်းပြည်တွေမှာ မြန်မာပြည်လောက် လက်လွတ်စပယ် မသုံးကြပါ။ ခဏခဏသောက်ရင် ဘာဖြစ်မလဲ။ တခါသောက်တခါ ဟော်မုန်းတွေ ပြောင်းမယ်။ ရာသီပြောင်းမယ်။ ဘေးထွက်သက်ရောက်မှုတွေရှိမယ်။ ရေရှည်မှာ ဘာဖြစ်နိုင်သလဲ တိတိကျကျ မပြောနိုင်ပါ။ ဆေးသုတေသနကို တိုးတက်တဲ့တိုင်းပြည်တွေက အများဆုံး လုပ်ကြတယ်။ အီးဇီး-တူးသုတေသနကို မြန်မာပြည်မှာလုပ်ရင်ကောင်းမယ်။

ကျွန်တော်က အချိန်မရလို့သာ။ မေးခွန်းတွေကို ဆန်းစစ်မှုလုပ်ရင်တောင် သုတေသနအသေးစားတခုရနိုင်တယ်။ အဲလိုဆေးသောက်ပြီး ဘာဖြစ်တယ်ပြောကြတာတွေရှိတယ်။ အိမ်ထောက်ရက်သားကျပြီးမှ စိုးရိမ်သူတွေရှိတယ်။ အတူနေသူနဲ့ မဟုတ်ပဲ အိမ်ထောင်ကျတော့ ပြဿနာဖြစ်လို့ မေးတာတွေရှိတယ်။ တချို့မှာ ကိုယ်ဝန်တော့မရ၊ လိင်ကတဆင့်ကူးစက်ရောဂါတွေ ရကြတယ်။ တချို့ ဆေးအတုနဲ့မိတယ်။ တချို့ ဆေးသောက်နည်းမမှန်။ သုတေသနမဟုတ်ရင် မေးတဲ့သူတွေကို ခြောက်ပြောလို့မသင့်။ အာမခံလို့လည်းမရပါ။ ဆောရီး။
Credit: ဒေါက်တာတင့်ဆွေ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top