iMyanmarHouse.com - Best Property Website for Myanmar
×











လူတစ္ေယာက္ရဲ႕ ဥာဏ္ရည္ဥာဏ္ေသြးကုိ ျမွင့္လုိ႔မရေတာ့ဘူးလို႔ အရင္က ယံုၾကည္လက္ခံခဲ့ၾကတယ္။ တကယ္ေတာ့ ဓားတစ္လက္လုိပဲ ဦးေႏွာက္ဟာလည္း ေသြးေလ ထက္ေလပါပဲ။ အခုေျပာျပမယ့္ အခ်က္ေတြဟာ ဥာဏ္ရည္ကို ပိုထက္ျမက္ေစပါတယ္လို႔ သိပၸံပညာက အတည္ျပဳလက္ခံထားပါတယ္။ အဲဒါေတြကေတာ့

(၁) ဂီတတူရိယာတစ္ခုကို တီးပါ

တူရိယာကို ဂီတသံျဖစ္ေအာင္ တီးခတ္တဲ့အခါ တီထြင္ႏိုင္စြမ္း၊ သံုးသပ္ဆင္ျခင္ႏိုင္စြမ္းနဲ႔ တျခားအရာေတြကို တုိးတက္ေစပါသတဲ့။ တူရိယာတီးခတ္သူေတြဟာ အသက္ဘယ္ေလာက္ႀကီးႀကီး ဦးေႏွာက္ မပ်က္စီးဘူးလို႔ ဆုိပါတယ္။

(၂) ဘယ္စာေတြ႕ေတြ႕ ဖတ္ပါ

သမိန္ေပါသြပ္ကုိပဲ ႀကိဳက္ႀကိဳက္၊ ေဘဘီလံုမွာ အခ်မ္းသာဆံုးပုဂၢိဳလ္ကိုပဲ ေရြးေရြး၊ ဓမၼပဒကိုပဲ ေကာက္ကိုင္ကုိင္ ကုိယ္ႀကိဳက္တဲ့စာကို ဖတ္ပါ။ စာဖတ္တာဟာ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစၿပီး ကိုယ့္ဘဝကို ပိုေက်နပ္ႏွစ္သိမ့္ေစႏိုင္တယ္။ ဒါတင္မက ဥာဏ္ရည္ဥာဏ္ေသြးကိုလည္း တျဖည္းျဖည္းျမင့္တက္ေစပါတယ္တဲ့။ ဥာဏ္ရည္ဆုိရာမွာ ျပႆနာေျဖရွင္းႏိုင္စြမ္းစတဲ့ အုိင္က်ဴအျပင္ လူတစ္ေယာက္ကုိ စာနာနားလည္ႏိုင္တဲ့ အီးက်ဴပါ ျမင့္တက္ေစတာပါ။

(၃) ပံုမွန္ေလ့က်င့္ခန္းလုပ္ပါ

ေလ့က်င့္ခန္း လုပ္တစ္လွည့္၊ မလုပ္တစ္လွည့္လုပ္တာဟာ ဦးေႏွာက္အတြက္ ဘာမွမထူးပါဘူး။ ေလ့က်င့္ခန္းကို ျပင္းျပင္းထန္ထန္လုပ္လုိက္၊ နားထားလုိက္ထက္ မွန္မွန္ေလး ေလ့က်င့္ခန္းလုပ္တာဟာ BDNF ေခၚတဲ့ ပရုိတိန္းတစ္ခုကို ထြက္လာေစၿပီး မွတ္ဥာဏ္၊ ေလ့လာသင္ယူမႈ၊ စူးစုိက္မႈနဲ႔ နားလည္မႈတုိ႔ကို တုိးတက္ေစပါတယ္။
တစ္ခုသတိထားရမွာက အၾကာႀကီးထုိင္ေနသူေတြဟာ ဒါနဲ႔ဆန္႔က်င္ဘက္ဆိုးက်ိဳးေတြကို ရရွိေစၿပီး ဦးေႏွာက္ပ်က္စီးမႈ ျမန္တယ္လို႔ သိပၸံပညာရွင္ေတြက ေျပာၾကပါတယ္။

(၄) ဘာသာစကားအသစ္တစ္ခုကို ေလ့လာပါ

ဘာသာစကားအသစ္တစ္ခုကို ေလ့လာတာဟာ ဦးေႏွာက္စြမး္ေဆာင္ရည္ကို ခပ္ျမန္ျမန္ျမင့္တက္ေစပါတယ္။ ပိုေတာ္တဲ့သူေတြဟာ ဘာသာစကားတစ္မ်ိဳးထက္ပိုေျပာတတ္တာကုိၾကည့္ရင္ သည္ဆက္စပ္မႈကို လက္ခံႏိုင္မွာပါ။

(၅) တတ္ေျမာက္ထားတဲ့ ပညာကုိ စစ္ေဆးပါ

ဘယ္ပညာကို မဟာဘဲြ႕ရသည္အထိ တတ္လာသည္ျဖစ္ေစ ပညာကုိ အသံုးမခ်ရင္ ကိုယ့္ဦးေႏွာက္ထဲက ေပ်ာက္ကြယ္သြားမွာပါပဲ။ ကိုယ္သိထားတဲ့အသိပညာတစ္ခုကို လက္ေတြ႕လုပ္ငန္းမွာ အသံုးခ်ရင္ေတာ့ အရင္ထက္ ပိုၿပီး ကြ်မ္းက်င္လာတယ္။ အခက္အခဲေတြ႕လာတဲ့အခါမွာလည္း ကုိယ္သိထားတဲ့နယ္ပယ္ကျဖစ္လုိ႔ စိတ္ပါလက္ပါ ေျဖရွင္းခ်င္စိတ္ရွိတယ္။ သည္လုိနည္းနဲ႔ ဦးေႏွာက္အလုပ္လုပ္ႏိုင္စြမ္းျမင့္တက္လာပါတယ္။ သည္နယ္ပယ္မွာ ေတာ္သူလည္း ျဖစ္လာပါလိမ့္မယ္။

(၆) ဦးေႏွာက္ကို အလုပ္ေပးပါ

ဆူဒုိခုေတြ၊ ပေဟဠိေတြ၊ စကားထာေတြက ဦးေႏွာက္ကို ျဖန္႔က်က္စဥ္းစားေအာင္ အလုပ္ေပးပါတယ္။ နာ့ဗ္ဆဲလ္ေတြက နည္းသစ္ေတြနဲ႔ တံု႔ျပန္တဲ့အခါ အရင္ၾကည့္ေနက် အျမင္၊ ေတြးေနက်အေတြးနဲ႔ မတူတာေတြကို ေတြးေခၚၾကည့့္ျမင္ရပါေတာ့တယ္။ ကြ်န္မတို႔ဟာ သည္လုိလည္း စဥ္းစားလို႔ရပါလား လုိ႔ အသိပညာရလာၿပီး ေတြးေခၚေျမာ္ျမင္ႏိုင္စြမ္းလည္း ျမင့္တက္လာပါတယ္။

(၇) တရားထုိင္ပါ

တိဘက္ဘုန္းေတာ္ႀကီး ဒလုိင္းလားမား တရားထုိင္တဲ့အခါ ထူးျခားတဲ့ဦးေႏွာက္လႈိင္းေတြ ထြက္လာသလားဆုိတာ သိပၸံပညာရွင္ ရစ္ခ်က္ေဒးဗစ္ဆင္က စမ္းသပ္ပါတယ္။ ဒလုိင္းလားမားနဲ႔ တျခားဘုန္းေတာ္ႀကီးေတြ တရားထိုင္တဲ့အခါထြက္လာတဲ့ ဦးေႏွာက္လႈိင္းေတြကို စစ္ေဆးတဲ့အခါ သူတို႔ဟာ စိတ္ရဲ႕ၿငိမ္သက္ျခင္းကို ေရာက္ေနေၾကာင္း စစ္ေဆးေတြ႕ရပါတယ္။ အေတြးေတြနဲ႔ ေယာက္ယက္ခတ္မေနဘဲ စိတ္ဟာ တည္ၿငိမ္ေအးေဆးေနတဲ့အခါ မွတ္လုိရာကို ျပတ္ျပတ္ထင္ထင္ မွတ္မိတယ္။ ေတာ္ေတာ္နဲ႔ မေမ့ဘူး။ ဒါကို ဥာဏ္ေကာင္းတယ္လို႔ ေခၚတာပါပဲ။

လူနဲ႔တိရစၦာန္ကြာျခားခ်က္က ဦးေႏွာက္ပါပဲ။ အဆင့္အတန္းျမင့္တဲ့၊ ေအာင္ျမင္တဲ့၊ ခ်မ္းသာတဲ့ လူတစ္ေယာက္ျဖစ္ဖုိ႔ဆုိရင္ ဦးေႏွာက္ထက္ျမက္ဖုိ႔က အဓိကက်ပါတယ္။ သည္ ၇ ခ်က္ကို တတ္ႏိုင္သေလာက္ က်င့္သံုးရင္း ေအာင္ျမင္တဲ့ ဘဝေတြကို ပိုင္ဆုိင္ႏိုင္ၾကပါေစ။

Credit: စုျပည့္စံု

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္... 
 
#Unicode Version
 
 လူတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို မြှင့်လို့မရတော့ဘူးလို့ အရင်က ယုံကြည်လက်ခံခဲ့ကြတယ်။ တကယ်တော့ ဓားတစ်လက်လိုပဲ ဦးနှောက်ဟာလည်း သွေးလေ ထက်လေပါပဲ။ အခုပြောပြမယ့် အချက်တွေဟာ ဉာဏ်ရည်ကို ပိုထက်မြက်စေပါတယ်လို့ သိပ္ပံပညာက အတည်ပြုလက်ခံထားပါတယ်။ အဲဒါတွေကတော့

(၁) ဂီတတူရိယာတစ်ခုကို တီးပါ

တူရိယာကို ဂီတသံဖြစ်အောင် တီးခတ်တဲ့အခါ တီထွင်နိုင်စွမ်း၊ သုံးသပ်ဆင်ခြင်နိုင်စွမ်းနဲ့ တခြားအရာတွေကို တိုးတက်စေပါသတဲ့။ တူရိယာတီးခတ်သူတွေဟာ အသက်ဘယ်လောက်ကြီးကြီး ဦးနှောက် မပျက်စီးဘူးလို့ ဆိုပါတယ်။

(၂) ဘယ်စာတွေ့တွေ့ ဖတ်ပါ

သမိန်ပေါသွပ်ကိုပဲ ကြိုက်ကြိုက်၊ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ကိုပဲ ရွေးရွေး၊ ဓမ္မပဒကိုပဲ ကောက်ကိုင်ကိုင် ကိုယ်ကြိုက်တဲ့စာကို ဖတ်ပါ။ စာဖတ်တာဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး ကိုယ့်ဘဝကို ပိုကျေနပ်နှစ်သိမ့်စေနိုင်တယ်။ ဒါတင်မက ဉာဏ်ရည်ဉာဏ်သွေးကိုလည်း တဖြည်းဖြည်းမြင့်တက်စေပါတယ်တဲ့။ ဉာဏ်ရည်ဆိုရာမှာ ပြဿနာဖြေရှင်းနိုင်စွမ်းစတဲ့ အိုင်ကျူအပြင် လူတစ်ယောက်ကို စာနာနားလည်နိုင်တဲ့ အီးကျူပါ မြင့်တက်စေတာပါ။

(၃) ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်း လုပ်တစ်လှည့်၊ မလုပ်တစ်လှည့်လုပ်တာဟာ ဦးနှောက်အတွက် ဘာမှမထူးပါဘူး။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်လိုက်၊ နားထားလိုက်ထက် မှန်မှန်လေး လေ့ကျင့်ခန်းလုပ်တာဟာ BDNF ခေါ်တဲ့ ပရိုတိန်းတစ်ခုကို ထွက်လာစေပြီး မှတ်ဉာဏ်၊ လေ့လာသင်ယူမှု၊ စူးစိုက်မှုနဲ့ နားလည်မှုတို့ကို တိုးတက်စေပါတယ်။
တစ်ခုသတိထားရမှာက အကြာကြီးထိုင်နေသူတွေဟာ ဒါနဲ့ဆန့်ကျင်ဘက်ဆိုးကျိုးတွေကို ရရှိစေပြီး ဦးနှောက်ပျက်စီးမှု မြန်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။

(၄) ဘာသာစကားအသစ်တစ်ခုကို လေ့လာပါ

ဘာသာစကားအသစ်တစ်ခုကို လေ့လာတာဟာ ဦးနှောက်စွမ်းဆောင်ရည်ကို ခပ်မြန်မြန်မြင့်တက်စေပါတယ်။ ပိုတော်တဲ့သူတွေဟာ ဘာသာစကားတစ်မျိုးထက်ပိုပြောတတ်တာကိုကြည့်ရင် သည်ဆက်စပ်မှုကို လက်ခံနိုင်မှာပါ။

(၅) တတ်မြောက်ထားတဲ့ ပညာကို စစ်ဆေးပါ

ဘယ်ပညာကို မဟာဘွဲ့ရသည်အထိ တတ်လာသည်ဖြစ်စေ ပညာကို အသုံးမချရင် ကိုယ့်ဦးနှောက်ထဲက ပျောက်ကွယ်သွားမှာပါပဲ။ ကိုယ်သိထားတဲ့အသိပညာတစ်ခုကို လက်တွေ့လုပ်ငန်းမှာ အသုံးချရင်တော့ အရင်ထက် ပိုပြီး ကျွမ်းကျင်လာတယ်။ အခက်အခဲတွေ့လာတဲ့အခါမှာလည်း ကိုယ်သိထားတဲ့နယ်ပယ်ကဖြစ်လို့ စိတ်ပါလက်ပါ ဖြေရှင်းချင်စိတ်ရှိတယ်။ သည်လိုနည်းနဲ့ ဦးနှောက်အလုပ်လုပ်နိုင်စွမ်းမြင့်တက်လာပါတယ်။ သည်နယ်ပယ်မှာ တော်သူလည်း ဖြစ်လာပါလိမ့်မယ်။

(၆) ဦးနှောက်ကို အလုပ်ပေးပါ

ဆူဒိုခုတွေ၊ ပဟေဠိတွေ၊ စကားထာတွေက ဦးနှောက်ကို ဖြန့်ကျက်စဉ်းစားအောင် အလုပ်ပေးပါတယ်။ နာ့ဗ်ဆဲလ်တွေက နည်းသစ်တွေနဲ့ တုံ့ပြန်တဲ့အခါ အရင်ကြည့်နေကျ အမြင်၊ တွေးနေကျအတွေးနဲ့ မတူတာတွေကို တွေးခေါ်ကြည့်မြင်ရပါတော့တယ်။ ကျွန်မတို့ဟာ သည်လိုလည်း စဉ်းစားလို့ရပါလား လို့ အသိပညာရလာပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းလည်း မြင့်တက်လာပါတယ်။

(၇) တရားထိုင်ပါ

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား တရားထိုင်တဲ့အခါ ထူးခြားတဲ့ဦးနှောက်လှိုင်းတွေ ထွက်လာသလားဆိုတာ သိပ္ပံပညာရှင် ရစ်ချက်ဒေးဗစ်ဆင်က စမ်းသပ်ပါတယ်။ ဒလိုင်းလားမားနဲ့ တခြားဘုန်းတော်ကြီးတွေ တရားထိုင်တဲ့အခါထွက်လာတဲ့ ဦးနှောက်လှိုင်းတွေကို စစ်ဆေးတဲ့အခါ သူတို့ဟာ စိတ်ရဲ့ငြိမ်သက်ခြင်းကို ရောက်နေကြောင်း စစ်ဆေးတွေ့ရပါတယ်။ အတွေးတွေနဲ့ ယောက်ယက်ခတ်မနေဘဲ စိတ်ဟာ တည်ငြိမ်အေးဆေးနေတဲ့အခါ မှတ်လိုရာကို ပြတ်ပြတ်ထင်ထင် မှတ်မိတယ်။ တော်တော်နဲ့ မမေ့ဘူး။ ဒါကို ဉာဏ်ကောင်းတယ်လို့ ခေါ်တာပါပဲ။

လူနဲ့တိရစ္ဆာန်ကွာခြားချက်က ဦးနှောက်ပါပဲ။ အဆင့်အတန်းမြင့်တဲ့၊ အောင်မြင်တဲ့၊ ချမ်းသာတဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုရင် ဦးနှောက်ထက်မြက်ဖို့က အဓိကကျပါတယ်။ သည် ၇ ချက်ကို တတ်နိုင်သလောက် ကျင့်သုံးရင်း အောင်မြင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit: စုပြည့်စုံ

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top