iMyanmarHouse.com - Best Property Website for Myanmar
×
Credit:shwemom
#Unicode Version
 အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်က ပြနေတဲ့ တစ်ချို့သော လက္ခ ဏာတွေကို လုံးဝလျစ်လျူရှုမထားသင့်ပါဘူး။မိန်းမကိုယ် သန့်ရှင်းမှု ဟာအမျိုးသမီးတိုင်းအတွက် အလွန်အရေးကြီးပါတယ်။မိန်းမကိုယ်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေပေါ်ရတာဟာ စိတ်ချလုံခြုံမှုရှိတဲ့ လိင်ကိစ္စကြောင့်၊သန့်ရှင်းမှုမရှိတာကြောင့်၊တားဆေးတွေကြောင့်၊ဟော်မုန်းပြဿနာ၊အသက်အရွယ် ..အစရှိတဲ့ အကြောင်းအရင်းတွေကြောင့် ပါ။ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ ဒီလိုလက္ခဏာတွေ ပြနေ ရင်တော့ လုံးဝမပေါ့ဆသင့်ပဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ (၁)ယားယံတာ မိန်းမကိုယ်မှာ ယားယံတာ၊စပ်ဖျဉ်းဖျဉ်း ခံစားမှုတွေကို ရုတ်တရက် ခံ စားလာရင်ပြီဆိုရင်တော့ ဒါဟာ မှိုရောဂါတစ်မျိုး(သို့)STI ကြောင့်ပါ။ မိန်းမကိုယ်မှာ အရေပြားနီရဲရောင်အန်းနာကျင်နေတာဆိုရင်တော့ ဒါ ဟာ ဆပ်ပြာ၊မိန်းမကိုယ်သန့်စင်ဆေးရည်တွေနဲ့ ဓါတ်မတည့်တာကို ပြနေတာပါ။ယားယံရုံတစ်ခုတည်းမဟုတ်ပဲ ရောင်ရမ်းတာတွေပါ ဖြစ်လာရင်တော့ ဒါဟာ STI ကြောင့်လို့ ယူဆရပါတယ်။ အဖြူနဲ့အနီေ ရာင်အရည်ကြည်ဖုလေးတွေပါ ပေါ်လာရင်တော့ ဒါဟာ ရေယုန်ဗိုင်း ရပ်စ်ကြောင့်ပါ။ရေယုန်ဆိုရင်တော့ လိင်ဆက်ဆံမှုကြောင့် ဖြစ်တာလို့ ယူဆရပါတယ်။ယားယံတာတွေကို လိင်ဆက် ဆံပြီးမှ ခံစားရတာ ဆိုရင်တော့  condom နဲ့ဓါတ်မတည့်တာ ၊လိင် ဆက်ဆံတဲ့အဖော် အမျိုးသားရဲ့သုတ်ပိုးနဲ့ဓါတ်မတည့်လို့ပါ။ဒီလိုအခြေအနေနဲ့ကြုံလာရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါ။ (၂)ဆီးသွားရင် နာကျင်၊ပူတာ(ဆီးလမ်းကြောင်း ပိုးဝင်) ဒါကလည်း လုံးဝမပေါ့ဆသင့်တဲ့ လက္ခဏာပါ။ဆီးလမ်းကြောင်းမှာ ပိုး ဝင်သွားလို့ပါ။အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေ ထက် ပိုတိုတာကြောင့် ပိုးဝင်လွယ်ပါတယ်။ပိုးဝင်ရတဲ့ အကြောင်းအ ရင်းတွေကတော့ လိင်ဆက်ဆံမှုများတာ၊အမျိုးသမီး သန္ဓေတား ကွန် ဒုံးနဲ့ဆေးဝါးတွေကြောင့်၊သွေးဆုံးပြီး အမျိုးသမီးတွေမှာဆိုရင် အမျိုး သမီးဟော်မုန်းတမျိုးနည်းပါးလာတာကြောင့် မိန်းမကိုယ်၊ ဆီးလမ်းေ ကြာင်းနဲ့ ဆီးအိမ်နံရံ ပါးလာ၊ပွန်းပဲ့ လွယ်တာတွေကြောင့် ပိုးဝင်ရ တာ ပါ။ဒီလိုဖြစ်လာရင်တော့ ဆေးမီးတိုနဲ့ ကုသတာမျိုး လုံးဝမလုပ်ပါ နဲ့။မှန် ကန်တဲ့ ကုသမှုကို မရနိုင်ရင် ပိုဆိုးလာနိုင်ပါတယ်။ (၃)အနံ့အသက်မကောင်းတာ မိန်းမကိုယ်မှာ အနံ့အသက်မကောင်းတာမျိုး နဲ့ ကြုံလာရပြီဆိုရင်ေ တာ့ ဒါဟာများသောအားဖြင့်တော့ (bacterial vaginosis) လို့ေ ခါ်တဲ့ သားအိမ်လမ်းကြောင်းမှာ ဖြစ်တဲ့ ဗက်တီးရီးယားကြောင့်ပါ။ ဒီရောဂါရဲ့ အသိသာဆုံး လက္ခဏာကတော့ ချဉ်စုပ်စုပ်အနံ့နဲ့ငါးညှီနံ့လို အနံ့မျိုး မိန်းမကိုယ်က ထွက်လာတာပါ။အနံ့အသက်ကအရမ်းပြင်းပြီး စူးရှနေတာမျိုးပါ။ရောင်ရမ်းတာတွေပါ ဖြစ်လာနိုင်ပါတယ်။မိန်းမကိုယ် မှာ အနံ့ပြင်းလာတာမျိုးကို ရေချိုးခန်းဝင်ရင်၊လိင်ဆက်ဆံပြီးေ နာက် ပိုင်းအချိန်တွေ၊တစ်ကိုယ်ရေအာသာဖြေပြီးနောက်ပိုင်း အချိန်တွေ မှာ ပိုသိသာနိုင်ပါတယ်။သားအိမ်လမ်းကြောင်းမှာ ဗက်တီးရီးယား ဝင်ရ တာဟာ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို မလဲပဲ အကြာကြီး ထား သုံးတာ၊ဆေးလိပ်သောက်တာ၊လိင်ဆက်ဆံတာများတာတွေကြောင့်ပါ။ (၄)အဖြူဆင်းတာ(အကျိအချွဲဆင်းတာ) ရာသီလာနေတဲ့ အချိန်မှာတော့ ဒီလိုတွေဆင်းတာ သဘာဝပါ။ဒါပေ မယ့် အဲ့ဒီအချိန်မဟုတ်ပဲ တခြားအချိန်တွေမှာ ပျစ်ချွဲချွဲအရည်တွေ ဆင်း တာကတော့ မကောင်းပါဘူး။ဒီလို အဖြူရည်တွေဆင်းတာဟာ candida ဆိုတဲ့ မှိုကြောင့်ပါ။မှိုဖြစ်ရတဲ့ အကြောင်း အရင်းတွေက အများကြီးရှိပါတယ်။ခန္ဓာကိုယ်မှထုတ်ပေးတဲ့ ဟော်မုန်း၊steroids, antibiotics တွေကြောင့်၊အကိုက်အခဲပျောက်ဆေး၊စိတ် ဖိစီးမှု အစ ရှိတာတွေကြောင့်ပါ။ (၅)ခြောက်သွေ့ မိန်းမကိုယ်ဟာ ခြောက်သွေ့နေပြီး မအီမသာ ခံစားနေရရင် အထူး သဖြင့် လိင်ဆက်ဆံနေချိန်မှာ နာကျင်မှုခံစားနေရတာမျိုးပါ။ဒါဟာ ဟော်မုန်းမူမမှန်တာ၊သွေးဆုံးချိန်မှာ ခံစားရတာဆိုရင်တော့ ကလေးေ မွး တာနဲ့နို့တိုက်ရတာတွေကြောင့်ပါ။အပျိုဆိုရင်တော့ ဒါဟာ body wash ၊ဆပ်ပြာ၊အမွှေးအကြိုင်ပစ္စည်းနဲ့အမျိုးသမီးသန့်စင်သုံး အရည် မှာပါတဲ့ ဓါတုပစ္စည်းတွေကြာင့်ပါ။
Credit:shwemom
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top